စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လမ်းပေါ်မှ ကော်ဖီမစ်တစ်ထုပ်ကြောင့် မောင်နှစ်မသုံးယောက် မှ တစ်ဦးသေ ..

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် သောင်ဇာကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာတွင်
ဒီဇင်ဘာ(၂၁)ရက် ညနေ(၅)နာရီခွဲတွင် မိခင်ဖြစ်သူ ဒေါ်ကြည်ဆင် အလုပ်သွားနေခိုက်
မကျော့ကျော့ခိုင်(၈)နှစ်၊ ညီမ မခင်မျိုးကျော်(၄)နှစ်၊ မောင်ဖြစ်သူ မောင်ဇော်မင်းထွေး(၂)နှစ်
တို့သုံးယောက်သည် နေအိမ်ရှေ့ လမ်းမပေါ်တွင် တွေ့ရှိရသော ကော်ဖီမစ်ထုပ်ကို နေအိမ်သို့
ယူဆောင်လာပြီး မကျော့ကျော့ခိုင်က ညီမနှင့် မောင်လေးတို့အား ကော်ဖီမစ်အိတ်အတွင်းမှ
အမှုန့်အနည်းငယ်စီကို ကျွေးပြီး ကျန်ရှိသောအမှုန့်အချို့ကို ရေဖြင့် ဖျော်သောက်လိုက်ရာမှ
အစ်မဖြစ်သူ မကျော့ကျော့ခိုင်မှာ သေဆုံးသွားသည်။ ညီမ မခင်မျိုးကျော် နှင့် မောင်ဖြစ်သူ
မောင်ဇော်မင်းထွေးတို့ နှစ်ဦးမှာလည်း မူးဝေအော့အန်ခြင်းများ ဖြစ်နေခြင်းကြောင့် ကျေးရွာသူ
ကျေးရွာသားများက ခတ္တိယ တိုက်နယ်ဆေးရုံသို့ တင်ပို့ကြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မအူပင်မြီု့နယ် သောင်ဇင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမြင့်အောင် မှ
လေးအိမ်စု ရဲကင်းမှူး ဒုရဲအုပ်ကြည်လှိုင်ထံ ဖုန်းဖြင့် အကြောင်းကြားသဖြင့် အခင်းဖြစ်ပွားရာသို့
သက်သေများဖြင့် သွားရောက်စစ်ဆေးရာ ကော်ဖီမစ်ထုပ်မှာ မူရင်းမဟုတ်ပဲ အသုံးပြုပြီးသား
အိတ်ခွံအတွင်း အန္တရာယ်ဖြစ်စေသာ ဆေးမှုန့်များ ထည့်သွင်းပြီး အိတ်ခွံကို မီးဖြင့်ပြန်ပိတ်
ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထို့ကြောင့် ဒုရဲအုပ်ကြည်လှိုင်က မအူပင်
ရဲစခန်း၌ အမှုဖွင့် တိုင်တန်းသဖြင့် သေမှုသေခင်းအမှတ်(၁၁-၂၀၁၁)ဖြင့် အရေးယူ ဆောင်
ရွက်လျက်ရှိသည်။
ကလေး သုံးဦး ၏ ဖခင် ဦးထွန်းမြင့်မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က ကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူ
မှာလည်း အခင်းဖြစ်နေ့က တွံတေးရိုးမြောင်းကျေးရွာသို့ ကောက်စိုက်သွားနေချိန်တွင်
အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်....

ref:The mirror (6999)p9

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...