မင်းကဘာလဲ တဲ့။ ကျနော်လဲ ချက်ချင်းပြန်ဖြေလိုက်တယ် "လူပေါ့ကွ !" လို.
ဒါကိုပဲ သူက "မင်းကိုယ်မင်း လူလို.ပြောရအောင် လူအကြောင်းဘယ်လောက်သိလို.လဲ၊ လူမဟုတ်တဲ့ငါတောင် မင်းထက် လူအကြောင်းသိတယ်" တဲ့။
ဒါနဲ. ကျနော်လဲ ဘယ်ခံမလဲ လူတွေရဲ.သဘာဝတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ. အရေးပါပုံကစလို. ဂလင်းတွေအလုပ်လုပ်ပုံအထိ သိသလောက်ကို ရေပက်မ၀င်ပြောချလိုက်တယ်၊ ဟုတ်တယ်လေ လူဖြစ်ပြီးတော့ ဘာမဟုတ်တဲ့ အင်တာနက်ဆိုတဲ့ကောင် ကြောတာတော့မခံနိုင်ပါဘူး။ ပြောပြီးသွားတော့ ကျနော်က သူ.ကို "မှတ်ပီလား" ဆိုတဲ့ အကြည့်နဲ. မိန်.မိန်.ကြီးကြည့်လိုက်တယ်။
အံမာ ဒင်းက မျက်တောင်တောင်မခတ်ဘူး ပြီးတော့ပြောသေးတယ် "မင်းလူဖြစ်ဖို.လိုပါသေးတယ်" တဲ့။
ဒါနဲ. ကျနော်လဲ တင်းသွားပြီး "လူတွေမသိတဲ့ လူတွေအကြောင်းရှိလို.လားကွ! ရှိတယ်ဆိုရင် ပြောပြစမ်းပါ၊ ငါမသိမယ့်ဟာပဲဖြစ်ရမယ်နော်" လို.စိန်ခေါ်တော့ သူကပြန်ဖြေတယ်....။ လူအကြောင်းကို လူနဲ. အင်တာနက် နဲ.ပြိုင်တာ လူဖြစ်တဲ့ကျနော် အလဲအကွဲရှုံးသွားတယ်ဗျာ။ ဒီတော့... အကယ်၍များ အဲ့ဒီကောင်က သူငယ်ချင်းတို.ကိုတွေ.လို. ဒီလိုပဲ လာကြောရင် ကျနော့်လိုမျိုး အဲ့ကောင်ကို မရှုံးရအောင် သူပြောပြတဲ့ လူတွေမသိတဲ့ လူတွေအကြောင်း လေးတွေ ဖတ်ထားကြဦးဗျ..။

၁) လူတယောက် နှာချေတဲ့အခါ နှာခေါင်းတွင်းကဖြတ်သွားတဲ့ လေရဲ. အရှိန်နှုန်းက တနာရီ 102 မိုင်နှုန်းရှိပါသတဲ့။ တကမ္ဘာလုံးကလူတွေစုပြီး ၀ိုင်းနှာချေရင် မုန်တိုင်းဖြစ်လောက်တယ်း)

၂) လူတကိုယ်လုံးမှာ ရှိတဲ့ အရိုးအရေအတွက်ရဲ. တ၀က်ကျော်ကျော်ဟာ လက်နဲ. ခြေထောက်တွေမှာရှိပါတယ်။

၃) လူတယောက်ရဲ. ပျမ်းမျှသက်တမ်း တလျှောက်မှာ နှလုံးခုန်ကြိမ်ပေါင်း 3,000,000,000 သန်း ၃၀၀၀ ခန်.ရှိပါတယ်။

၎) မွေးစ ကလေးငယ်တယောက်ရဲ. အရိုးအရေအတွက် ဟာ 350 ဖြစ်ပြီး အရွယ်ရောက် လူတယောက်မှာ အရိုးပေါင်း 206 ရိုးဖြစ်သွားပါတယ်။

၅) လူတိုင်းဟာ မွေးခါစမှာ Colourblind ဖြစ်နေကြပြီး အရောင်ကို ခွဲခြားနိုင်စွမ်းမရှိကြပါဘူး။

၆) ကျနော်တို.ရဲ. အဆုတ် များဟာ ကျနော်တို. သတိမထားမိပဲ တနေ.ကို လေ လီတာပေါင်း ၂သန်းကို နေ.စဉ်ရှူသွင်းနေပါတယ်။ ဒါ့အပြင် အဆုတ်မှာရှိတဲ့ လေဖြတ်သန်းတဲ့ အတွင်းမျက်နှာပြင် ကိုဖြန်.ကြည့်လိုက်ရင် တင်းနစ်စ်ကွင်း တကွင်းစာလောက်ကျယ်ပြန်.မယ်လို.ဆိုပါတယ်။


၈) လူတယောက်ရဲ. ဦးနှောက်လုပ်ဆောင်ပုံဟာ အဆင့်အမြင့်ဆုံး ကွန်ပျူတာတလုံးရဲ.လုပ်ဆောင်ပုံထက် ပိုရှုပ်ထွေးပါတယ်။ လူ.ဦးနှောက်ကို အာရုံခံ ဆဲလ်ပေါင်း 100 billion (သိန်းပေါင်း ၁သောင်း) ဖြင့် ဖွဲ.စည်းထားပါတယ်။

၉) လူတယောက်ကို ဆဲလ်ပေါင်း 100 trillion (သန်းပေါင်း ၁၀သိန်း) ဖြင့်ဖွဲ.စည်းထားတယ်ဆိုတာတော့သိပြီးပါပြီ။ အခုတခေါက်ကတော့ လူတယောက်မှာ ရှိတဲ့ ဘက်တီးရီးယားအရေအတွက်က ဖွဲ.စည်းထားတဲ့ ဆဲလ်အရေအတွက်ထက်များပါတယ်တဲ့။
ပုံမှာပြထားတာတော့ ဘက်တီးရီးယားတော့မဟုတ်ပါဘူး လူတိုင်းကြောက်ကြတဲ့ HIV Virus ပုံပါ။

၁၀) လူ.ကိုယ်တွင်းက ဆံခြည်မျှင်သွေးကြောလေးများဟာ အလွန်ကိုသေးငယ်ပါတယ် သေးငယ်လွန်းတဲ့အတွက် သွေးတွင်းမှ သွေးနီဥ (red blood cell) လေးတွေတောင် တလုံးချင်းစီ စီးဆင်းရပါတယ်။ ပုံမှာပြထားတာတော့ သွေးနီဥ ပုံဖြစ်ပါတယ်။

၁၁) ကော်နီယား (cornea) ဆိုတာဟာ မျက်လုံးရဲ. အပြင်ဖက်ဆုံး အလွှာဖြစ်ပြီး သွေးကြောမရှိပဲ ရှင်သန်နိုင်တဲ့ တခုထဲသော တစ်သျှူး (tissue) ဖြစ်ပါတယ်။ ကောနီးယား ဟာ မျက်ရည်နှင့် aqueous humor လို.ခေါ်တဲ့ အရည်တမျိုးကနေ အဟာရကိုရယူတယ်လို. ဆိုပါတယ်။

၁၂) DNA (DeoxyriboneuNucleic Acid) ကိုမျိုးရိုးဗီဇဆဲလ် လို.ဘာသာပြန်ကြတယ်ထင်ပါတယ်။ လူမှာရှိတဲ့ ဆဲလ် တခုထဲမှာရှိတဲ့ DNA တွေကို ဆွဲဆန်.လိုက်မယ်ဆိုရင် ၆ပေကနေ ၈ပေထိ ရှည်နိုင်ပါတယ်တဲ့။

၁၃) လူတွေရဲ. အဆုတ်ထဲမှာ သေးမျှင်တဲ့ လေပြွှန်လေးတွေရှိပါတယ် အဲ့ဒါတွေအားလုံးကိုသာ ဆက်ပြီး ဆွဲဆန်.လိုက်မယ်ဆို မိုင်ပေါင်း 60,000 ရှိပါတယ်တဲ့ အဲ့ဒါက ကမ္ဘာကြီးကို ၂ပတ်ကျော် ပတ်လို.ရတဲ့ အလျားပါ။

၁၄) ၁လက်မ ပတ်လည် လူ.အရည်ပြားမှာ ၄ကိုက် ကျယ်ဝန်းတဲ့ အာရုံကြောအမျှင်၊ နာကျင်မှူခံစားစနစ်ပေါင်း ၆၀၀၊ အာရုံခံစားမှူဆဲလ်ပေါင်း ၁၃၀၀၊ အာရုံခံ အဖုလုံးလေးများ ၉၀၀၀၊ အပူခံစားမှူစနစ်ပေါင်း ၃၆ခု၊ ဖိအား ခံစားမှူစနစ် ၇၅ခု၊ ချွေးဂလင်း အခု ၁၀၀၊ ဆဲလ်ပေါင်း ၃သန်း နဲ. ၃ကိုက်ကျယ်ဝန်းတဲ့ သွေးကြောများရှိပါတယ်။

၁၅) ဦးနှက်ဆဲလ် တွေကလွဲရင် ကျန်တဲ့ တကိုယ်လုံးမှာရှိနေတဲ့ ဆဲလ်တွေထဲက ဆဲလ်ပေါင်း 50,000,000 (သိန်း ၅၀၀) ဟာ အခုသင်ဒီစာကိုဖတ်နေစဉ်အတွင်းမှာပဲ သေဆုံးပြီး အခြားသော အသစ်များထပ်မံဖြစ်ပေါ်နေပါတယ်။

၁၆) အသည်းကို ဆရာဝန်များက လူရဲ. ဓါတုစက်ရုံလို.တင်စားပြီးခေါ်ကြပါတယ်။ အသည်းက လူအတွက် လုပ်ဆောင်ချက်ပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးပါတယ်။

၁၇) လူတယောက်မှာ အာရုံကြော တွေဟာ လူတကိုယ်လုံး နေရာအနှံ. ဖြန်.ကျက်လျက်ရှိပါတယ် စုစုပေါင်း ၄၃ စုံရှိပြီး ၁၂စုံက ဦးနှောက်တွင်း အ၀င်အထွက်လည်ပတ်နေပြီး ကျန်တဲ့ ၃၁ စုံကတော့ ကျောရိုးမကြိးထဲသို.သွားပါတယ်။ အဲ့ဒီအာရုံကြောတွေကို ဆွဲဆန်.လိုက်ရင် 45 မိုင်နီးပါး ရှည်လျားပါတယ်။ အဲ့ဒီ အာရုံကြောတလျောက် အာရုံခံစားမှူ. သတင်းအချက်အလက်တွေ တွေကို တကိုယ်လုံးအနှံ. တနာရီကို 248 မိုင်နှုန်းနဲ. ပို.ဆောင်ပေးပါတယ်။

၁၈) လူရဲ. အကြီးဆုံးသွေးကြောက Aorta လို.ခေါ်တဲ့ နှလုံးသွေးကြောဖြစ်ပြီး ခြံတွင်းပန်းပင်ရေလောင်းတဲ့ ပိုက်လုံးလောက်အရွယ်အစားရှိပါတယ်။ အသေးဆုံးသွေးကြောကတော့ ဆံခြည်မျှင်သွေးကြော (capillaires) ဖြစ်ပြီး ဆံပင်အရွယ်အစားရဲ. ၁၀ပုံတပုံမျှသာရှိပါတယ်။

၁၉) ကျနော်တို.ရဲ. ကိုယ်ထဲမှာ သွေး 6.5 လီတာရှိပါတယ်။ အဲ.ဒီ 6.5 လီတာက ကျနော်တို.ရဲ. ကိုယ်အနှံ.ကို ၁ မိနစ် ၃ကြိမ်နှုန်း နဲ.လည်ပတ်နေပါတယ်။ ၁ရက်မှာ အဲ့ဒီ သွေး 6.5လီတာက ကိုယ်တွင်းလည်ပတ်တဲ့အကွာအဝေးကို ပေါင်းလိုက်ရင် မိုင်းပေါင်း 1,200 ရှိပါတယ် အဲ့ဒီအကွာအဝေးက အမေရိကတိုက် တခုလုံးရဲ. ကမ်းရိုးတန်း ၂ခု ကန်.လန်.ဖြတ်အကွာအဝေးရဲ. ၄ဆရှိပါတယ်တဲ့။

၂၀) လူတွေရဲ. အကြားအာရုံဟာလဲ အာရုံခံစားမှူ.မြင့်တဲ့အထဲမှာပါပါတယ်။ လူတွေရဲ.နားဟာ မတူညီတဲ့ အသံ အမျိုးအစားပေါင်း သိန်း ပေါင်းများစွာကို ခွဲခြားနိုင်စွမ်းရှိပါတယ်။
သူငယ်ချင်းတိုရေ .. ဒီတခေါက်တော့ ဒီလောက်နဲ.ပဲရပ်ထားလိုက်ဦးမယ်ဗျာ..
ကျနော်စုမိထားတဲ့ လူတွေရဲ.အကြောင်းကတော်တော်များတော့ အပိုင်းတွေခွဲတင်မှအဆင်ပြေမယ်ဗျ .. သိပံလည်းအရမ်းဆန်နေတော့ သူငယ်ချင်းတို. ညည်းငွေ.မှာလဲ စိုးတယ်။ ဒါကြောင့် ဒီတခါတော့ အခု ၂၀ ပဲတင်ထားတယ်နော် နောက်မှ အဆင်သင့်သလို ထပ်တင်သွားပါ့မယ်။ သူငယ်ချင်းတို. သဘောကျမယ်လို.မျှော်လင့်ပါတယ်..။
အားလုံး စိတ်အပန်းပြေပြီး ဗဟုသုတတိုးနိုင်ကြပါစေ..။
တာ့တာ....း)
ref : Google, Wikipedia, Encyclopedia
------------------------------------------------- ဆက်ရန် --------------
No comments:
Post a Comment