စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကားဝယ်သူတို့ ရင်ခုန်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကားပြပွဲကြီးကျင်းပ


Print Friendly and PDF

ကားဝယ်သူတို့ ရင်ခုန်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကားပြပွဲကြီးကျင်းပ
ရန်ကုန်၊ ဇန်နဝါရီလ ၂၀ ရက်။ ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ပြီး ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကားပြပွဲကြီးကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်၊ အဲဒီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နဲ့အတူ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ယခု ပြသနေတဲ့ NATIONAL EXPO&CAR ပြပွဲဟာ မြန်မာနိုင်ငံမှာ ပြသပြီးဖြစ်တဲ့ ကားပြပွဲများထဲမှာ အကြီးမားဆုံး ကားပြပွဲဖြစ်သလို ကားအမျိုးအစားများလည်း စုံလင်ပြီး၊ အထူးသဖြင့် မော်ဒယ်လ်အမြင့် ဇိန်ခံကားများ အများဆုံး ပါဝင်ပြသထားတာကို တွေ့ရပါတယ်၊ ပြပွဲမှာ ပါဝင်ပြသထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ SCE ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးက ပြောရာမှာ “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ ဒီလိုထူးခြားပြီး ခမ်းနားကြီးကျယ်တဲ့ ကားပြပွဲကြီးကို ဝင်ရောက်ပြသ ရောင်းချတာဟာ ဒါပထမဆုံးပါ မနေ့တင် ကျွန်မတို့ ကုမ္ပဏီက မော်ဒယ်လ် မျိုးစုံကားအစီး (၂၀) ကျော် ရောင်းချခဲ့ရပါတယ်၊ ကျွန်မတို့ ပြသရောင်းချနေတဲ့ ကားတွေက ဂျပန်နိုင်ငံထုတ်ကားတွေပါ မော်ဒယ်လ် အနေနဲ့ကတော့ ၂၀၀၆ မော်ဒယ်လ်ကနေ ၂၀၁၁ မော်ဒယ်လ် အထိပါတယ် ဝန်ဆောင်မှု အပိုင်းကိုလည်း ဝယ်ယူသူ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါတယ်လို့ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဒေါက်တာ ဒေါ်ခိုင်မာဦးက ဆိုပါတယ်။
အဆိုပါ ကားပြပွဲမှာ ပြသထားတဲ့ ကားများဟာ ယခင်က ဈေးကွက်အတွင်းမှာ သိန်းထောင်ချီ ပေးဝယ်ရတဲ့ ဇိန်ခံကားတွေကို ယခုဒီပြပွဲမှာ သိန်းရာကျော်နဲ့ ဝယ်ယူရရှိတယ်လို့ လည်းပြပွဲမှာ ကားလာရောက် ဝယ်ယူသူ တစ်ဦးက သုံးသပ်ပြရာမှာ “အရင်ကလို ကားဈေးတွေ မရှိတာ့ဘူးဗျ ယခုဒီမှာ ၂၀၁၂ မော်ဒယ်လ်တောင် ကျပ်သိန်း(၃၅၀) လောက်နဲ့ ဝယ်လို့ရတယ်၊ တော်တော် တန်ပါတယ် နောက်ပြီး ဒီကားတွေကို ကိုယ်က လက်တင်စီးရုံဘဲလေ ဘာမှထပ်ပေးစရာ မလိုတော့ဘူး အခွန်အခတွ ပါပြီးသားပါ အခု ကျွန်တော်က အိမ်က မော်ဒယ်လ်နိမ့် ကားကိုထုတ်ပြီး ဒီမှာပြထားတဲ့ မော်ဒယ်လ်အမြင့် ကားသစ်စီးဖို့ လာကြည့်တာပါ။ နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ ဒီလိုတွေ လုပ်ပေးတာ ကောင်းပါတယ် ကျေးဇူးလဲ တင်ပါတယ်လို့ ကားလာရောက် ဝယ်ယူသူ တစ်ဦးက ပြောပြပါတယ်။
ယခုကဲ့သို့ တစ်နေရာတည်း တစ်စုတစ်စည်းတည်းမှာ ကားများ ပြသရောင်းချသည့်အတွက် ဝယ်ယူသူများအတွက် ရွေးချယ်စရာ အခွင့်လမ်းကောင်း ရရှိနိုင်တယ်လို့လဲ ဆိုပါတယ်၊ ဒါ့အပြင် ပြပွဲမှာ ကုမ္ပဏီပေါင်းစုံ ဝင်ရောက်ပြသကြရာမှာ အိမ်အလှဆင် ပစ္စည်းများ၊ စားသောက်ကုန်များ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန် အလှကုန် ပစ္စည်းများ၊ ကားနှင့် ပတ်သက်သည့် အလှဆင်ပစ္စည်းများ၊ မော်တော်ကား တာယာများ၊ စတာတွေကို စုံလင်စွာ ဝင်ရောက်ပြသထားတာကို တွေ့ရပါတယ်။ ပြပွဲစတင်သည့်နေ့တွင် လူအများအပြား အထူးစည်ကားပြီး၊ ကားရောင်းချရမှု အပိုင်းမှာလည်း များပြားကြောင်းနဲ့ ဒီကနေ့မှာလည်း လာရောက်ကြည့်ရှု ဝယ်ယူသူများ စည်ကားနေပြီး၊ ကားများကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှု ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ရတနာပုံ သတင်း
ရဲလတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...