စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသားဟင်းထက် မျက်နှာပန်း ပိုလှတဲ့ အရံ ငါး ပိချက် ချက်နည်းပါ

Print Friendly and PDF
မြန်မာအစစ်တွေ အတွက် အသားဟင်းထက် မျက်နှာပန်း ပိုလှတဲ့ အရံ ငါး ပိချက် ချက်နည်းပါ

Posted by ma chaw

ဒီဟင်းကတော့ ဟင်းလျာ မဟုတ်ပါဘူး
အရံငံပိချက်ပေါ့နော်
တို့စရာလေးနဲ့တို့စားကြမလား.
ဒါမှမဟုတ် ထမင်းစားမကောင်းတဲ့သူတွေအတွက် ထမင်းမိန်စေပါတယ်
မြန်မာဆန်လွန်းသူအတွက်ကတော့ ဒီအရံငါးပိချက်က အသားဟင်းတစ်ခွက်ထက် မျက်နှာပန်းပိုပွင့်ပါတယ် ၊ထမင်းစားချင်စိတ်ကိုလည်း ဆွဲဆောင်နိုင်လွန်းပါတယ်.....ကဲ မယုံရင် ချက်ပြီးစားကြည့်ပေါ့
မနက်မိုးလင်းလို့ အလုပ်သွားခါနီး ထမင်းကျန်လေးနဲ့အကြော်လေးနဲ့စားရင် စားကောင်းပါတယ်
လုပ်နည်းအတွက် လိုအပ်တာကတော့....
ငါး (ပြုပ်ပြီး နွှင်ထားပါ)
ခရမ်းချည်သီးများများ မထူ မပါး လှီးထားပါ
ငရုပ်သီးစိမ်း များများ သေးသေးလေးတွေ လှီးထားပါ
ငံပိရည်ကျိုကို ကျိုထားရပါမယ် အရိုးစစ်ထားပါ
ဆီအနည်းငယ်ကို ဆူအောင်လုပ်ပါ ဆူလာရင် ကြက်သွန်ဖြူများများ ၊အနီပါးပါးကိုထည့်မွှေပါ ခဏနေရင် ငါးနွှင်ထားတာ ထည့်ပါ ခဏမွှေပေးနေပါ ငါးကို အရမ်းကြက်အောင် မလိုပါဘူး ငံပိချက် ချက်တဲ့ငါးက စိုစိုလေးပါပဲ ခဏမွှေးပေးနေပြီးရင် ခရမ်းချည်သီး၊ငရုပ်သီးစိမ်း၊ ကျိုထားတဲ့ငံပိရည်ကျို ကိုထည့်ပါ ပွတ်ပွတ်ဆူလာရင် အပေါ့အငံ မြည်းကြည့်ပြီး မွှေးပျံတဲ့ ရနံ့လေးနဲ့ ထမင်းစားချင်စိတ်ကို ဆွဲဆောင်နိုင်ဆုံး မြန်မာငံပိချက် ဟင်းအရံလေး ရပါပြီရှင့်။
ရဲလတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...