စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရား ရှုမှတ်ပုံ

၁။ တင်ပျဉ်ဖွဲ့ခွေ ကိုယ် မတ်စေ စိတ်နေ ၀မ်းဗိုက်ဆီ။
၂။ ၀မ်းဗိုက်ပေါ်မှာ စိတ်စိုက်စွာ ကြည့်ကာ နေရသည်။
၃။ အသက်ရှုရာ ၀မ်းဗိုက်ဟာ ဖောင်းတက်လာတာ တွေ့ရမည်။
၎။ ၀မ်းဗိုက်ဖောင်းလတ် ဖောင်းတယ် မှတ် စိတ်ကပ် လိုက်ရသည်။
၅။ ဖောင်းစမှစ ဆုံးထိပ စိတ်က ကပ်အောင် လိုက်ရသည်။
၆။ ဖောင်းတာ မှတ်တာ ဤ နှစ်ဖြာ ကပ်ကာ နေရသည်။
၇။ အသက်ရှိုက်ရာ ၀မ်းဗိုက်ဟာ ပိန်ကျသွားတာ တွေ့ရမည်။
၈။ ၀မ်းဗိုက်ပိန်လတ် ပိန်တယ် မှတ် စိတ်ကပ် လိုက်ရသည်။
၉။ ပိန်စမှစ ဆုံးထိပ စိတ်က ကပ်အောင် လိုက်ရသည်။
၁၀။ ပိန်တာ မှတ်တာ ဤနှစ်ဖြာ ကပ်ကာ နေရသည်။
၁၁။ ဖောင်းတာ ပိန်တာ မတွေ့ရာ ဗိုက်မှာ လက်ကပ်ကြည့်ရသည်။
၁၂။ တအောင့်လောက်ကြာ ဖောင်းပိန်ဟာ ထင်ရှားပေါ်လာပါလိမ့်မည်။
၁၃။ စိတ်နဲ့သာ မှတ် နှုတ်နဲ့ ရွတ် ရှုမှတ်ဖို့ မလိုပြီ။
၁၄။ သက်ရှုရှိုက်ရာ ပုံမှန်သာ ရှုတာ ရှိုက်တာ လုပ်ရသည်။
၁၅။ နှေး - မြန် - ပြင်းပြင်း ရှုရှိုက်ခြင်း အလျင်း ရှောင်ရသည်။
၁၆။ စိတ်ကူးတွေ ပေါ် မှတ်ပါသော် ခေါ်ဝေါ်နေကျ မှတ်ရသည်။
၁၇။ စိတ်ကူးတွေ ပျောက် ဖောင်းပိန်နောက် စိတ်ရောက်နေရသည်။
၁၈။ မခံသာတာ ကိုယ်ထဲမှာ ပေါ်လာ မှတ်ရသည်။
၁၉။ မနှေး -မမြန် ပုံမှန်မှန် မှတ်ရန် လိုပါသည်။
၂၀။ မခံသာတာ ပျောက်သွားရာ မှတ်ပါ ဖောင်းပိန်ဆီ။
၂၁။ ခြေလှမ်း လှမ်းလတ် လှမ်းတယ် မှတ် စိတ်ကပ် လိုက်ရသည်။
၂၂။ ခြေကြွကစ ချထိပ စိတ်က ကပ်အောင် လိုက်ရသည်။
၂၃။ ကြီးတာ - ငယ်တာ ကိုယ်မူရာ ကုန်သာ မှတ်ရသည်။
၂၄။ ကိုယ်အမူအရာ ပြုပြင်ရာ ပြင်ချင်စိတ်ပါ မှတ်ရသည်။
၂၅။ လူမမာ ပမာ ကိုယ်မူရာ ဖြည်းဖြည်းညင်သာ ပြင်ရသည်။
၂၆။ စိတ်ကူးလေတိုင်း ကြံစည်တိုင်း စိတ်တိုင်း မှတ်ရသည်။
၂၇။ ကောင်းတာ - ဆိုးတာ ကိုယ်စိတ်မှာ ခံစားတာကို မှတ်ရသည်။
၂၈။ စိတ်ထဲပေါ်ကုန် ကောင်း ဆိုး စုံ အာရုံ ဟူသမျှ မှတ်ရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...