စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ”

အဲဒီ စာအုပ်မှာ ပါဝင်တဲ့ မာတိကာ - ဓမ္မကထိက ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ) မှ
ချီးမြှင့် ရေးသား ပေးထားတဲ့အမှာစကား ၊ စာရေးသူ ကိုယ်တိုင်ရေးသားဖေါ်ပြထားတဲ့ အမှာစာ
နဲ.ကျေးဇူးတင်လွှာ အပြင်နောက်ဆုံး စာမျက်နှာမှာပါတဲ့ ကျမ်းကိုး များအပြင် စာရေးသူ၏ ခံယူ
သုံးသပ်ချက် နဲ. ဓာတ်ပုံကို ဖေါ်ပြပေးလိုက်ပါတယ် ။
အခု ပထမဆုံး ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ)ရဲ့ အမှာစကားကို ဖေါ်ပြချင်ပါတယ်။
စာကိုယ် အပြည့်အစုံကိုတော့ စာပေဗိမာန်က ပြန်ရတော့မှပဲ ပို.စ် တင်ပေးပါရစေ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
(ကလေးတို.ဆရာမ)
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ” ဟူသော အမည်ဖြင့် ကလေးတို.
ဆရာမသည် စာတမ်းတစ်ခု ကျမ်းတစ်စောင် ပြုစုထားပြီး စာရေးသူထံပို.လာပါ၏ ။
စာတမ်းရှင်
ကျမ်းပြုဆရာမ သည် “ ကလေးတို. ဆရာမပီပီ “ ထိုစာတမ်းကို ကလေး သူငယ်များမှ အစ
ကျောင်းသူ ကျောင်းသားများပါမကျန် လူငယ်လူရွယ် အားလုံးအတွက် ရည်သန်ကာ ရေးသား
ထားဟန်တူ၏ ။
ဆရာမ၏ ရည်ရွယ်ချက်သည် အလွန်ပင်မွန်မြတ်ကောင်းမွန်လှပါပေ၏ ။ သီပေါမင်း ပါတော်
မူပြီး နောက် နှောင်းခေတ် လူအများစုသည် နယ်ချဲ့.အောက်မှာ နေခဲ့ရသဖြင့် ဘာသာတရား အသိ
များနှင့်သမိုင်း မှန်များကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ပေ။ မိမိဘာသာတရား ၏ကောင်း
မွန် မှန်ကန်မှုများကို အလေးထားရမှန်းမသိပဲ ခေတ်ပညာ လောက ဓာတ်ပညာတို.ကိုသာ သရဏံ ဂစ္ဆာမိလုပ်လာကြတော့၏ ။ “ ဘာသာတရားပညာ မသိလျှင် အကန်း ၊ သိပ္ပံပညာ မသိလျှင် အကျိုး”
ဟု ဆိုကြလေရာ ယခုအခါ ဘာသာတရား ကန်းနေကြသဖြင့် သူကန်းပမာ လိုရာကောင်းကျိုး အမျိုး
မျိုးကို မရရှိ မခံစားနိုင်ကြပဲ ရှိကြ လေသည် ။
မိမိရိုးရာ ဘာသာတရားကို အထင်သေးကာ မလေ့လာပဲထားခဲ့ကြ၏ ။ နိုင်ငံတကာ ပညာရှင်
များက ဗုဒ္ဓဘာသာတရားကို အလေးထားလာကြသောအခါမှ တစ်ချို.ကပြန်လည်သတိထားမိလာကြ
သည် ။ အနောက်နိုင်ငံ ပညာရှင်များ၏ အချို.ဖေါ်ပြချက်များသည် တစ်ခါတစ်ရံ အမှားများနှင့်မ
ကင်းပေ ။ထိုအမှားများကိုပင်အမှန်ထင်ကာ ကိုယ့်ဘာသာတရားကိုပြန်လည် စော်ကားမှုများလည်း
ရှိခဲ့သည် ကိုတွေ. ရ၏ ။ တစ်ချို.က ဗုဒ္ဓပိဋတ်တော်များမှ ဝိနည်းအချို.ကို ပယ်လိုကြ၏ ။ တစ်ချို.
က အဘိ ဓမ္မာ ပိဋကများကို ပယ်လိုကြ၏ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ. အနေဖြင့် ထိုအမှား
မျိုးစုံကို အထူး (ဝိနိစ္ဆယ) အဖွဲ. အသီးသီးဖွဲ.စည်းကာ အကြိမ်ကြိမ် ( ဝိနိစ္ဆယ) ညှိနှိုင်း ဆုံးဖြတ်ပေး
ခဲ့ရပေသည် ။ ဆရာတော်တစ်ပါးက “အမှုပေါင်းစုံ ၊ အမှုသည်ပေါင်းစုံနှင့် လုံးထွေးနေကြရသည်” ဟု
သူ၏ဆောင်းပါးတစ်ပုဒ်တွင် ညီးတွားတော်မူခဲ့၏ ။ ထို.ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းမှန်များ
ကိုလည်းသိ သင့်ပေသည် ။ ဤသမိုင်းဆိုင်ရာ အမှန်တရားများကိုသိမြင်ခြင်းအားဖြင့် သာသ
နာတော် ကိုလည်း မြှင့်တင်ရာ ရောက် ပေမည် ။ ထေရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော်
များကို လည်း လူအများက ပိုမိုယုံကြည် လေးစား အားထားလာမည် ။ ဟုတ်ပေသည်- ယခုအခါ ထေ
ရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော်များအား ဘာသာခြားများမဆိုထားဘိ ထေရဝါဒဗုဒ္ဓဘာ
သာ ဝင်ဆိုသူများပင် မလေးးစားချင်ကြသည်ကို တွေ.လာရပေပြီ ။ အဘယ့်ကြောင့်ဟူမူ ထေရဝါဒ
သာသနာ့သမိုင်း “အမှန်”များနှင့်ထေရဝါဒ သာသနာ တော်၏တန်ဖိုးကို မသိကြသော ကြောင့်ပင် တည်း ။
ပုဂံခေတ် ဗုဒ္ဓသာသနာထွန်းကားရခြင်း၏ အကြောင်းရင်းမှာပုဂံတစ်နိုင်ငံလုံးသည် ထေရဝါဒ သာသ
နာတော်ကို အပြည့်အဝယုံကြည်ကြခြင်းသည် အဓိကဖြစ်ကြောင်း ပညာရှင်များကဝန်ခံထား
ကြပေပြီ ။ ပုဂံ သာသနာတော်သည် ရောင်ဝါ နေထက်လင်းခဲ့၏ ။ တိုင်းပြည်သည်လည်း စည်ပင်ဝ
ပြောကာတိုင်းသူ ပြည်သားတို.မှာလည်း သာသနာတော်၏အဆုံးအမအောက်တွင် အေးချမ်းတည်
ငြိမ်စွာနေနိုင်ခဲ့ကြသည်မှာ မြန်မာနောက်ဆုံးဘုရင် သီပေါမင်းလက်ထက်အထိပင်ဖြစ်ပါသည် ။
သို.ကြောင့်ပင် ထိုခေတ် မြန်မာလူမျိုးများအကြောင်းကို ၁၈၉၇- ခုနှစ်တွင် မြန်မာ့ သစ်တော
အရေးပိုင်အဖြစ် အမှုထမ်းခဲ့သူ အိပ်ခ်ျဖီးလ်ဒင်း ( H. Fielding ) က သီပေါမင်း၏ မဟေသီ ခေါ်
( Thibaw’s Queen ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၇ာတွင် မှတ်တမ်းတင် ရေးသားထားသည်မှာ
“မြန်မာလူမျိုးများသည် အလွန်အကျွံသမားများမဟုတ်ကြပါ။ နေရာတကာမှာ မျှမျှတတရှိကြ၏။ နိုင် ငံတစ်လုံးကိုကြည့်ပါက မတန်တဆ "ဝ" နေသူကိုမတွေ.ရ ။ အရက်သေစာကိုလည်း လုံးဝနီးပါး မ
သောက်ကြပါ “ ဟူ၍ ဖြစ်ပါသည် ။
ဤစာအုပ်ကို သီပေါမင်းပါတော်မူပြီး ၁၂ - နှစ် ကြာပြီးမှ ထုတ်ဝေခဲ့ခြင်းဖြစ်ရာ ယခု မျက်
မှောက်ခေတ် အခြေနေနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် “ ဘယ့်လောက် မယုံကြည်နိုင်စရာ ကောင်းတဲ့
မှတ်ချက်စကားလဲ “ ဟုပင် ထင်စရာဖြစ်နေပါသည်၏ ။
ဒုက္ခအဖုံဖုံ ဘေးရန် အမျိုးမျိုးနှင့် ရင်ဆိုင်တွေ.ကြုံနေကြရခြင်း၏ အကြောင်းရင်း စစ်စစ်ကိုရှာ
ကြည့် လိုက်သော် ဗုဒ္ဓဘာသာဝင်ဆိုသူ ရွှေမြန်မာများသန္တာန်မှာ ဗုဒ္ဓတရားတော်များ တစတ စ မှေး မှိန် ပျောက်ကွယ်လာသောကြောင့်တည်း။ ထေရဝါဒဗုဒ္ဓဘာသာ၏အဆုံးအမကိုမလိုက် နာ ကြသော
ကြောင့်တည်း ။ အထူးသဖြင့် ခေတ်ပညာတတ် တက်ခေတ် လူငယ်လူရွယ်များက ထေရဝါဒ သာသနာတော်နှင့် ထေရဝါဒ ရဟန်းတော်တို.အပေါ်ဝယ် အထင်အမြင်သေးလာကြ ယုံကြည်မှု နည်းလာကြသောကြောင့်ပင်တည်း ။
ထိုကဲ့သို. လူငယ်လူရွယ်များက ထေရဝါဒသာသနာတော်နှင့် ထေရဝါဒရဟန်းတော် တို.အပေါ်ဝယ် အထင်အမြင်သေးလာကြ ယုံကြည်မှုနည်းလာကြခြင်းမှာလည်း သမိုင်းပညာရှင် အမည်ခံ စာရေးဆရာ
အ ချို.နှင့် ဒါရိုက်တာတို.ဖန်တီးထားသော ( မင်းတုန်းမင်းကြီးနှင့် ရေမြှုပ်ဗုံး ) ဇာတ်လမ်းသည်လည်း
တစ်ခု အပါအဝင်ဖြစ်၏ ။ ဒါရိုက်တာတင်ယု ရိုက်ကူးသည့် ( နန်းတွင်းအ ရေးတော်ပုံ ) ဇာတ်ကား ၊
( ကနောင်မင်း သာအကြီး) စာအုပ်များမှာလည်း မဟုတ်မမှန်လုပ်ကြံ ဖေါ်ပြထားသည်ကိုတွေ.ရ၏။
ထိုရုပ်ရှင် စာပေ တို.ကို ကြည့်ရှု ဖတ်မိကြသော မျိုးဆက်သစ် လူငယ်တို. နှလုံးသားဝယ် “ ဒီဘုန်းကြီး
တွေကြောင့်ကွာ၊ သူ တို. နိုင်ငံရေးဝင်ရှုပ်လို.” စသည်ဖြင့် သာသနာတော်ကို အထင်သေး
သော အတွေးအခေါ်များစူး ဝင် သွားခြင်းဖြစ်၏ ။သာသနာတော်အတွက် နစ်နာလှပါ၏ ။ သာသနာ
တော် အတွက် စဉ်းစားပြီးမှ ခွင့်ပြုသင့် - မသင့် ဆုံးဖြတ်ရန် လိုပါသည် ။
အမှန်ကိုစစ်ကြည့်ပါက တူမီး( သေနတ်)မှသည် မောင်းပြန်လက်နက် လုပ်နိုင်ခြင်းကို အမေရိကန်မှာ
တစ်နှစ်သာ ကြာရှိသေးချိန်တွင် မင်းတုန်းမင်းကြီးက မောင်းပြန်လက်နက်ထုတ် လုပ်နိုင်ခဲ့၏ ။ စက်ရုံ
(၅၀) ခန်.ကို တည်ထောင်ပေးခဲ့သည်ကို ၁၈၈၅- ခုနှစ် နန်းတွင်းအသိမ်းခံသောအခါအင်္ဂလိပ်စစ်ဗိုလ်
ကာနယ်လ် ပရင်တာဂတ်၏မှတ်တမ်းမှာအတိအလင်းရေးသားထား သည်ကိုတွေ.ရ၏ ။
ထိုကဲ့သို.သော မဟုတ်မမှန် လုပ်ကြံကြသော အန္တရာယ်မျိုးစုံမှ လွတ်မြောက်ပြီး သမိုင်းမှန်
များကို သိနားလည်ကြစေရန်နှင့်ထေရဝါဒသာသနာတော် တန်ဖိုးကို သိရှိနားလည်ကြစေရန် ဆရာမ
ဒေါ်မေကျော့ရှင်း ၏ “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဉ်” ဟူသော စာအုပ်
က အထောက်အကူပြုပေးလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ------
၂၉-၇-၂၀၁၀
အရှင်ဇောတိက ( ကန်.ဘလူ)
နည်းပြ ( ပဋိပတ္တိမဟာဌာန) သာသနဓဇဓမ္မာစရိယ
Diploma in Buddha Dhama
B.A. (B.Dh.,Gold Medallist ), M.A.(B.Dh.),Ph.D(Prelim)
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ဓမ္မပါလကုန်းမြေ ၊ စွယ်တော်မြတ်စေတီအနီး၊ မရမ်းကုန်း ၊ ရန်ကုန်မြို.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...