စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း သတင်းကလေးများ

ကိုယ်ပျောက်ဝတ်စုံကို တီထွင်နိုင်ပြီဖြစ်သော်လည်း ယင်းက ရေအောက်၌သာ အလုပ်ဖြစ်ဟုဆို


ပညာရှင်တို့က ကိုယ်ပျောက်ဝတ်စုံကို တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့တွင် ကြေညာခဲ့သော်လည်းယင်းသည် ရေအောက်၌သာ ကိုယ်ပျောက်နိုင်သည်ဟု ဆိုသည်။ အဆိုပါဝတ်စုံ၌ အပူပေးထားသော ကာဗွန်အမျှင်များကို အသုံးပြုထားပြီး အလင်းယိုင်ခြင်းဖြစ်စဉ်ကို အသုံးပြုလျက် ကိုယ်ပျောက်အောင် ပြုလုပ်ခြင်းဖြစ်သည်။ photothermal deflection ဟုခေါ်ဆိုသော အကျိုးသက်ရောက်မှုကြောင့် ကြည့်မြင်သူ၏ မျက်လုံးဆီသို့လာသော အလင်းတန်းများကို သွေဖည်သွားစေကာ မြင်ကွင်းမှပျောက်ကွယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။သို့ သော် အမှန်တကယ်၌ ရေထဲ၌သာ ယင်းကဲ့သို့ ကိုယ်ဖျောက်နိုင်ကြောင်း သိရသည်။ အဆိုပါဝတ်စုံကို အမေရိကန်ပြည်ထောင်စု ဒေါလက်စ်တက္ကသိုလ်မှ သုတေသနပညာရှင်များက တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဂျပန်ကုမ္ပဏီက သင်၏မျက်နှာနှင့် ချွတ်စွပ်တူသော မျက်နှာဖုံးများ ပြုလုပ်ပေးနေ


Plucky Japanese အမည်ရှိကုမ္ပဏီတစ်ခုသည် Real - f အမည်ရှိ မျက်နှာဖုံးများကို ပြုလုပ်ပေးလျက်ရှိရာ ယင်းမျက်နှာဖုံးများသည် သင်၏မျက်နှာနှင့် ခွဲမရအောင် ချွတ်စွပ်တူနေကြောင်း သိရသည်။ အဆိုပါကုမ္ပဏီသည် သင်၏မျက်နှာအသေးစိတ်ကို ရယူကာ  3D မော်ဒယ်ဖြင့် မိုလောင်းလျက် ဗင်နိုင်းကလိုရိုက် အမာစားဖြင့် မျက်နှာဖုံးပြုလုပ်ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၉၂ဝ ခန့်ဖြင့် ပြု လုပ်ပေးသည်ဟု ဆိုသည်။အသေးစိတ် သိလိုသူများသည် Real - f ၏ Facebookစာမျက်နှာ၌ ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဘီလျံနာ သူဌေးက ရေပေါ် ပေါလော ပေါ်နေသည့် မြို့တစ်မြို့ တည်ဆောက်ရန် စီစဉ်နေ



Pay Pal ကုမ္ပဏီ ထူထောင်သူ ပီတာသီယယ်သည် စိတ်ကူးယဉ် သိပ္ပံဝတ္ထုထဲမှ မြို့တစ်မြို့ အကြောင်း စိတ်ကူးရပြီး ယင်းကဲ့သို့သော မြို့မျိုးကို နိုင်ငံတကာ ရေပြင် ပိုင်နက်တွင် အမှန်တကယ် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ဘီလျံနာ သူဌေးက စီးစတီးဒင်း အဖွဲ့အား အမေရိကန်ဒေါ်လာ ၁ ဒသမ၂၅ သန်း ပေးအပ်ကာ ရေပေါ် ပေါလော ပေါ်နေသည့် မြို့တစ်မြို့ တည်ဆောက်ရန် စီမံ စေခဲ့ကြောင်း သိရသည်။
သူ၏ ရေပေါ် ပေါလော ပေါ်သည့် မြို့ကို ဆန်ဖရန်စစ္စကို ကမ်းရိုးတန်း ကမ်းလွန်တွင် လာမည့်နှစ် အတွင်း စတင် တည်ဆောက်မည် ဟု ဆိုသည်။ သူ၏ ရေပေါ် ပေါလော ပေါ်နေသည့် မြို့ကို ကမ်းလွန် ရေနံ တူးစင် ကဲ့သို့ တည်ဆောက်မည် ဖြစ်ပြီး သူက ယင်းတွင် ကုန်းပေါ်ရှိ လူအဖွဲ့အစည်း၏ စည်းကမ်း စည်းမျဉ်းများ၊ ဥပဒေများနှင့် ထိန်းချုပ်မှု များမှ လွတ်မြောက် လိုသည်ဟု ဆိုသည်။    
 

ကမ္ဘာ့အကြီးဆုံး အောက်ခံဘောင်းဘီအဖြစ် စံချိန်တင်

 
 ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ကန်နရီဝါးဖ် ဒေသတွင် Pants to Poverty အမည်ရှိ အဖွဲ့အစည်းတစ်ရပ်သည် ဧရာမအောက်ခံ ဘောင်းဘီကြီးတစ်ခုပြုလုပ်ကာ ကမ္ဘာ့အကြီးဆုံးအဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စံချိန်တင်လိုက်ကြောင်း သိရသည်။ကမ္ဘာ့အကြီးဆုံး အောက်ခံဘောင်းဘီအဖြစ် စံချိန်တင်ယင်းနေ့တွင် သတ္တမအကြိမ်မြောက် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းနေ့အဖြစ် ယင်းကဲ့သို့ စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါအောက်ခံဘောင်းဘီအတွင်းသို့ လူပေါင်း ၅ဝ ကျော် ဝင်ရောက်နိုင်ကြောင်း သိရသည်။
 http://www.edinooyin.com/profiles/blog/list?page=2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...