မီးငြိမ်းပြီးနောက်ပုံများအား 7 Day News Journal ၊ Eleven Media Group နှင့် Yangon Press Internationals မှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်ရှင်...























အခင်းဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ရန် အစောဆုံးရောက်ရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်များမှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးခဲ့ကြသည်။ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ တပ်သားများဖြစ်သော မျိုးကျော်ကျော်၊ အောင်အောင်၊ သော်ဇင်မျိုးထက်တို့မှာ ပေါက်ကွဲမှုကြောင့် နေရာတွင်း ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၃ ဦးမှ ဒုတပ်ကြပ် သီဟမျိုးမှာ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များကပြောကြားခဲ့သော်လည်း.ယခုချိန်တွင် ရန်ကုန်ဆေးရုံကြီး.ဦးနှောက်နှင့်အာရုံကြောဌာနတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရပါသည်။. အထက်ပါ ကွယ်လွန်သူများကို ယနေ့ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင် အခမ်းအနားဖြင့် မီးသင်္ဂြိုဟ်မည်ဟု သတင်းရရှိသည်။ ကျန် ၂ ဦး၏ အခြေအနေမှာလည်း စိုးရိမ်ဖွယ်အနေအထားမှာရှိနေသေးပြီး၊ ဒဏ်ရာရရှိသော မီးသတ်တပ်ဖွဲ့ဝင် အားလုံး ၃၀ ကျော်ရှိသည်။
ထိုပေါက်ကွဲမှုကြီး ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ကိုယ်တိုင်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်အချို့က အက်ဆစ်သိုလှောင်ကန် မီးလောင်ပေါက်ကွဲ၍ဟု ကနဦး ပြောကြားသော်လည်း၊ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ထိုဂိုဒေါင်တွင် ယမ်းစိမ်းနှင့် ဓာတုပစ္စည်းများစွာ သိုလှောင်ထားသော ဂိုဒေါင်ကို မီးကူးစက်လောင်ကျွမ်း၍ဟု ပြောသည်။ မီးစတင်လောင်ကျွမ်းခြင်း အကြောင်းအရင်းနှင့် လူများစွာသေဆုံးခဲ့သော ပေါက်ကွဲမှုကြီး ဖြစ်ရခြင်းအကြောင်းကို တရားဝင်သတင်းမထုတ်ပြန်မီ သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြခွင့်ပြုချက်တောင်းနေကြောင်းလည်း သတင်းရရှိသည်။
နောက်ဆုံးရ သေဆုံးသူများစာရင်း။
၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
၂။ မောင်မောင်ကြီး (၁၀)နှစ်
၃။ မောင်သိန်းဇော် (၉) နှစ်
၎။ မစ၀်ခွန်ချို (၅) လ
၅။ မပုံ့ပုံ့ (၂၁) နှစ်
၆။ မယုဇအောင် (၂၃) နှစ်
၇။ ဦးသိန်းစိုး (၅၀) နှစ်
၈။ ကိုသန်းလှိုင် (၃၆) နှစ်
၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
၁၀။ မရီလွင် (၃၃) နှစ်
၁၁။ မနွယ်လေးဟန်(၇) နှစ်
၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
၁၅။ ဦးပြည်ဇော်ဌေး( ၅၀) နှစ် (မီးသတ်)
၁၆။ မောင်သော်ဇင်မျိုးထက် (၂၁) နှစ်(မီးသတ်)
၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
၁၈။ PR (လူ့အသားစများ)
အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။
အမှတ်စဉ် ၁၃ မှ ၁၇ အထိ ၅ ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။
နောက်ဆုံးအချက်အလက်များ ထပ်မံရရှိပါကလည်း ဆက်လက်ဖော်ပြပါမည်။
နောက်ဆုံးရသတင်းအရ လူနာစုစုပေါင်းမှာ ကျား- (၆၈) ဦး၊ မ- (၁၆) ဦး ဖြစ်ပြီး ယင်းလူနာများကို ရန်ကုန်ဆေးရုံကြီး အဆောင်(၅၊ ၆၊ ၇၊ ၈) ၊ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီးတို့တွင် တင်ပို့ ကုသလျှက်ရှိသည်။
မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊
အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်....ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
- 095155891., 095104850, 095077986, ...
သေဆုံးသူများ အားလုံး ကောင်းရာ သုဂတိလားပါစေ..
No comments:
Post a Comment