စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကာယအလှမယ်ပြိုင်ပွဲ ၀တ်စားဆင်ယင်မှုပြောင်းတော့မည်။

ပြောင်းလဲပြင်ဆင်လိုက်သည့် ၀တ်စားဆင်ယင်မှုဖြင့် ပြည်တွင်း ကာယအလှမယ်ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိုလံပစ်နေ့အထိမ်းအမှတ်အားကစား ပြိုင်ပွဲများတွင် စတင် ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ အလှ အဖွဲ့ချုပ် အမှုဆောင် ဒေါ်ရီရီဝင်းကပြောသည်။

ပြည်တွင်းပြိုင်ပွဲများတွင် နှစ် ၃၀ ကျော်ကြာ မြန်မာဝတ်စုံ အကျလက်ပြတ်၊အထက်အောက် အရောင်ဆင်တူ ၀တ်စားဆင်ယင်မှုများအား ဘောင်းဘီအတို၊ အကျ လက်ပြတ်ဝတ်ဆင်ယှဉ်ပြိုင်မှုအဖြစ် ပြောင်းလဲရခြင်း မှာ မြန်မာအမျိုးသမီးများ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

“ပြည်တွင်းမှာ ကာယအလှ မယ်တစ်ဦးဟာ မယ်မြန်မာဖြစ်ပြီး ရင် သူ့အတွက်က ပြီးသွားပြီ။  ဘာမှဆက်လုပ်စရာမရှိတော့ဘူး။ အိမ်နီးချင်းနိုင်ငံတွေ မှာလည်း နိုင်ငံတကာပြိုင်ပွဲ သတ်မှတ်ချက်တွေနဲ့ယှဉ်ပြိုင်နေကြပြီဖြစ်တဲ့အတွက် ရိုးရာယဉ်ကျေးမှုတွေလည်း မပျောက်စေဘဲ ပြင်ဆင်စီစဉ်ရခြင်းဖြစ်ပါတယ်။  ဒါပေမဲ့ နိုင်ငံတကာမှာ ဘီကီနီနဲ့ပြိုင်တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဘီကီနီမ၀တ်ဘူး။နိုင်ငံက လက်ခံနိုင်တဲ့ပုံစံနဲ့ လုပ်သွားမှာပါ”ဟု ဒေါ်ရီရီဝင်းကပြောသည်။

ထိုသို့ ပြောင်းလဲလိုက်သည့် ၀တ်စားဆင်ယင်မှုသရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအ တွင်း ရန်ကုန်တွင် ပြုလုပ်မည့် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလ  တံခွန်စိုက်ပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူများအား မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထပ်မံ၍ သတ်မှတ်ချက်များတွင် ယခင်က ဆံထုံးနေရာ၌ မိမိ
စိတ်ကြိုက် ထုံးဖွဲ့အလှဆင်နိုင်ပြီး လိုအပ်သော အဆင်တန်ဆာများကို ၀တ်ဆင်ခွင့်ပြုထားကာ ငါးလက်မထက်မမြင့်သော ဒေါက်မြင့်ဖိနပ်စီး၍ ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။

နိုင်ငံတကာ အမျိုးသမီးပြိုင်ပွဲများ၌ ကာယအလှမယ်ပြိုင်ပွဲ သုံးမျိုးရှိသည့်အနက် မြန်မာနိုင်ငံအနေဖြင့် ကာယအလှမယ်ပြိုင်ပွဲနှစ်မျိုးဖြစ်သည့်   Model Physique   နှင့်   Fitness Physique   ပြိုင်ပွဲများ၏ ယှဉ်ပြိုင်ပုံကိုအခြေခံပြီး ပြောင်းလဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြီးခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း ပြိုင်ပွဲမှာ ပုံစံသစ်နဲ့ သရုပ်ပြပွဲ လုပ်ပြခဲ့ပါတယ်။ ပရိသတ်တွေလည်း လက်ခံအားပေးကြတာ တွေ့ရပါတယ်။ အားကစားကို အားကစားလို မြင်တတ်ဖို့လည်း လိုအပ်ပါတယ်။ တချို့က ကာယအလှမယ်ပြိုင်ပွဲဆိုရင် တခြားအဓိပ္ပာယ် တစ်မျိုးနဲ့ မြင်တတ်ကြတာ မျိုးရှိကြတယ်”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။








by 7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...