စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်လျှို့ဝှက်ချက်အားလုံး ခိုးယူမှတ်တမ်းတင်မယ့် Key Logger

အမှန်ပြောရရင်တော့...ကျနော်ကဒီအကြောင်းကိုမရေးချင်ဘူး...မေးနေတဲ့သူတွေရှိသလို
ခံနေရတဲ့လူတွေလည်းရှိလို့ပါ...တချို့ကလည်း ဒီအကြောင်းကိုတမင် ခပ်ဖေါ့ဖေါ့ပြောကြတယ်
တကယ်မသိလို့ပြောတာဖြစ်သလို...လူတွေမသိစေချင်လို့ပြောတာလည်းရှိပါတယ်

တကယ်တော့သိပ်ကြောက်စရာကောင်းတဲ့ဆော့ဝဲ လို့ပြောချင်ပါတယ်
သင်သုံးသမျှ အချက်လက်လက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်သွားတဲ့လုပ်ဆောင်ချက်တမျိုးပါ
ရှင်းရှင်းပြောရရင်တော့ လူတစ်ယောက် ကွန်ပြူတာမှာ ဘာတွေလုပ်ခဲ့သလည်းဆိုတာ
မှတ်တမ်းယူတဲ့ History လိုဟာမျိုးကို အသေအချာပြန်လည်ပြုပြင်ရေးဆွဲထားတဲ့ဆော့ဝဲပေါ့ဗျာ

ဘယ်လောက်ထိကောင်းသလည်းဆို သင်နှိပ်သမျှ ကီးတွေ ( Gtalk အပါပေါ့ဗျာ) သုံးသမျှ ဆော့ဝဲတွေ
ဝင်သမျှဆိုက်တွေ သင့်လျှို့ဝှက်နံပတ်တွေ အားလုံးကို အချိန် အတိအကျ မှတ်တမ်းတင်ပေးတဲ့ဆော့ဝဲပါ
(သိပ်ကောင်းတဲ့ဆော့ဝဲဆိုရင် ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထားပြီး ကိုယ်ပို့ခိုင်းတဲ့ မေးကို
( ကွန်ပြူတာ အသုံးပြုနေတဲ့သူမသိရှိစေပဲ)အလိုအလျှောက် ပို့ပေးတဲ့စနစ်ပါရှိပါတယ်

ဒီဆော့ဝဲလ် ကိုအစပိုင်းမှာ ထောက်လှမ်းရေးအတွက်သာ အသုံးပြုပြီး
နည်းပညာ ပျံ့ပွား လာတဲ့အချိန်မှာ ကုမ္ပဏီများ ဟာ မိမိ ၀န်ထမ်းများ ကွန်ပြူတာသုံးစွဲမှု့
(ကုမ္ပဏီ အတွင်းရေး ပေါက်ကြားစေခြင်း ရုံးချိန်တွင်း ချက်နေခြင်း ဖေ့ဘုတ်သုံးနေခြင်း
ဂိမ်းဆော့နေခြင်း) စတာတွေကို စုံစမ်းရာမှာသုံးစွဲလာကြတဲ့အပြင်....
အိမ်တွင်းမိသားစုများမှလည်း မိမိသားသမီးများ အွန်လိုင်း လိင် သားကောင်အဖြစ်မှကင်းလွတ်အောင်
စုံစမ်းထောက်လှမ်းဖို့ အသုံးပြုလာကြပါတယ်......

ဒီလိုနေရာတွေမှာသာ မဟုတ်ပဲ တခြာသူတဦးဦးရဲ့ ကွန်ပြူတာထဲထည့်လိုက်ခြင်း...
ဆိုင်တွေမှာအသုံးပြုခြင်းစတာတွေလုပ်လိုက် ရင်တော့ မနစ်နာသင့်တဲ့သူတွေနစ်နာကြရမှာပေါ့ဗျာ
( ရှိသမျှ အတွင်းရေး အကုန်ပေါ်ပြီသာမှတ်ပေတော့....)

အဲ.....တချို့ သိပ်နားမလည်တဲ့သူတွေကပြောကြတယ်...ကီးလော့ကာ က အလကားပါကွာ
ထည့်ထားမထား သိချင်ရင်လွယ်လွယ်လေးပါ....Shift+Alt+ ကီးတခုခုပေါ့ဗျာ အဲတာနှိပ်လိုက်
ပေါ်လာလိမ့်မယ်...အလကားပါ...လိုဆိုတဲ့သူကို...သနားတယ်လို့ပြောချင်ပါတယ်ဗျာ....
အဲဒီကီးလော့ကာတွေ က ကလေးကွက်တွေပါ.....သူ့ထက်ကောင်းတာတွေ စွမ်းတာတွေ အများကြီးပါ
Spy တွေသုံးတဲ့ဟာ ဒီလို အလွယ်လေးတွေဘယ်သုံးပါ့မလည်းဗျာ
(ဆော့ဝဲကောင်းတစ်ခုဆိုတာ ပညာရှင်တွေ အများကြီး အဘက်ဘက်ကနေ
အားနည်းချက်တွေ သေချာစဉ်းစားပြီးမှ ရေးဆွဲထားတာပါ)

တကယ်ကောင်းတဲ့ကီးလော့ကာ တချို့ အကြောင်းပြောပြချင်ပါတယ်
သူ့ကိုကွန်ပြူတာထဲမှာ Run ပြီးတာနဲ့ ( ဆော့ဝဲတင်ပြီးတာနဲ့ ) ဘယ်ကီးနဲ့ဖွင့်ချင်လည်း မေးပါတယ်
ကိုယ်ကြိုက်တဲ့ ကီး သုံးမျိုးပေါင်း ထားလို့ရပါတယ်....
( နောက်တမျိုးက cdm Run ဘောက်ထဲမှာ ကိုယ်ကြိုက်တဲ့နာမည်ကို ထည့်ရတာပါ)
အဲဒီလိုလုပ်ဆောင်ပြီးတာနဲ့ အခုစမှတ်တော့မလား ဆိုပြီးမေးပါတယ်
လူလည်းရွေးလို့ရတယ် Administrator နဲ့ဝင်ရင်မမှတ်ဘူး တစ်ခြားအကောင့်နဲ့ဝင်တာနဲ့
စမှတ်မယ်...ဒီလိုပေါ့...အဲလိုလုပ်ပြီးပိတ်လိုက်တာနဲ့ ဆော့ဝဲက ရှာမရတော့ဘူး
ပျောက်သွားပြီ Program Files ထဲမှာလည်းသွားမရှာနဲ့ မရှိတော့ဘူး
Install or Remove Program ထဲမှာလည်းမရှိဘူး

ဒီတော့စောစောကပြောသလို ဘယ်ကီး နဲ့ဘယ်ကီး တွဲပြီးနှိပ်လိုက်ပါ ကွာပေါ်လာလိမ့်မယ်ဆိုတဲ့
ပုံသေ ဆော့ဝဲတစ်ခုမြင်ဘူးတာနဲ့ အဟုတ်မှတ်နေတဲ့သူတွေ ကိုသနားတယ်ဗျာ...
(ဘယ်ကီးနှိပ် နှိပ်မပေါ်ဘူး cdm (Run Box) မှာ ကိုယ်စိတ်ကြိုက်မှတ်ထားတဲ့ နာမည်ကို
ထည့်လိုက်မှ ပေါ်လာတာပါ )....ဒီတော့ တော်၇ုံနားမလည်တဲ့သူတွေ ဒီဆော့ဝဲ တင်ပြီးရင်
ဆော့ဝဲကိုပြန်ပေါ်လာအောင်မလုပ်တတ်လို့ သုံးမရတဲ့သူတွေအများကြီးပါ

ဒီထက်ကောင်းတာလည်းရှိသေးတယ်...အဲတာကတော့ Portable Key Logger ပါ
ဆော့ဝဲတခုလုံးကို စတစ်ထဲမှာပဲ Run ထားတယ် ကွန်ပြူတာထဲမှာ txt ဖိုင်လေးတစ်ခုပဲကျန်တယ်
ကိုယ်လိုချင်တဲ့ကွန်ပြူတာမှာ..ဒီစတစ်လေးကိုထည့်ပြီး Run လိုက် ပြီးရင်ပြန်ဖြုတ်လိုက် ရပြီ
အဲဒီကွန်ပြူတာမှာဘာမှရှာမရတော့ဘူး ကီးတွေဝေးလို့ cdm နဲ့ရှာတောင်မရှိဘူး

ဟဲဟဲ...ကိုယ်လိုချင်တဲ့အချိန်ကျမှ အဲဒီကွန်ပြူတာထဲကို စတစ်လေးထည့်လိုက်
ပြီးရင် အဲဒီဆော့ဝဲဖိုင်ကိုဖွင့်ပြီး တစ်ချက်ကလစ်တာနဲ့ သွားသမျှဆိုက်နဲ့ ၀င်သမျှ password အကုန်ရတယ်
အဲ....အားနည်းချက်တော့ရှိတယ်...မြန်မာစာတော့မပေါ်ဘူးဗျာ ကွက်ရှင်မတ်လေးတွေပဲပေါ်တယ်
အဲစာတော့ အင်္ဂလိပ်လို ဘာမှ သွားမရေးလိုက်နဲ့ အကုန်မှတ်တမ်းယူထားတာ
(ကွန်ပြူတာနားလည်တဲ့ ဘာသာစကားတော့ အကုန်သိပါတယ်)

(ဆော့ဝဲလေးတစ်ခုနှစ်ခုလောက် စမိးသုံးပြီးတော့ လွယ်ပါတယ်ကွာ Task Manager ခေါ်ပြီး
ဘယ်ဖိုင် ဘယ်ဖိုင်တွေပါရင် ကီးလော့ကာပါတယ် ဖျက်လိုက်ရင်ရပြီ ဆိုပြီး
ကလေးကွက်တွေတော့လာမပြောနဲ့ဗျာ
သနားတယ် ဖျက်လိုက်ရင် ၀င်းဒိုးပါပြုတ်ကျသွားတဲ့ ဖိုင်တွေရှိတယ်နော်
လုပ်ထားပုံပြောပါတယ်ဗျာ)
ဆော့ဝဲရေးတဲ့သူတွေကလည်း ...ဒါတွေကြိုမြင်ပြီးသားပါ...ပြီးတော.့
ဖိုင် စနစ်နဲ့ နာမည်တွေမတူကြဘူးလေ ဘယ်သိနိုင်မလည်းနော်

ကျနော်လည်းရေးသာရေးရတာ ခံရတဲ့သူတွေနဲ့ သိချင်နေတဲ့သူတွေအတွက်ပါ
ကိုယ့်ရှုး ကိုယ်ပတ်မှာတော့ ကြောက်တယ်ဗျာ....သိချင်ရင်တော့ကိုယ်တိုင်ဒေါင်းယူလိုက်ကြဗျာ
အလကားတကယ်ပေးပြီး တကယ်ကောင်းတာတွေရှိ ပေမယ့် မပေးရဲပါဗျာ
(များသောအားဖြင့်က သိတဲ့အတိုင်း အလကားလိုလိုနဲ့ နောက်ဆုံးတော့ ပိုက်ဆံတောင်းကြတယ်လေဗျာ)
သေချာဖတ်ပြီးမှလုပ်ကြဗျို့...ကျနော်ကတော့ရှင်းပြပေးမှာမဟုတ်ပါဘူး...
(ပြောပြရင်လည်း မကြိုက်တဲ့သူတွေများမယ်ထင်ပါတယ်နော်)
တော်ကြာကိုယ့်ပါအမှုလာပတ်နေမှဒုက္ခ..

ကီးလောကာများဒေါင်းရန်...(အခုပေးထားတဲ့ဆိုက်က အားလုံးဒေါင်းလို့ရပါတယ်
ဘာမလည်းမမေး ဘာမှလည်းဖြည့်စရာမလိုပါဗျာ)
ဆိုက်တွေတော့အများကြီးရှိပါတယ်..ပေးလိုက်ရင်း...ပိတ်လိုက်ရင်းဖြစ်နေလို့ဗျာ...
တကယ့်ကောင်းတာတွေတော့မပေး၇ဲဘူးဗျာ.....ကိုယ့်စက်မှာတော့ထည့်ထားတယ်...
တခြားသူ ဒီလိုလုပ်လို့မရအောင်.......

( အရမ်းကြီးလည်း ကြောက်စရာမလိုပါဘူး ဒီလိုမခံရအောင် ကိုယ့်စက်ကို
ဒီ့ဖရီး အုပ်ထားပေါ့ဗျာ( Deepfreeze software 'ဒီမှာယူလိုက်ဗျာ) ပေါ့...
ဆိုင်တွေမှာအင်တာနက်သုံးနေတဲ့သူတွေကလည်း Deepfreeze အုပ်ထားတဲ့စက်ကိုပဲသုံးပြီး
ကိုယ်ပြန်ရင်စက်ကို Restart ချခဲ့လိုက် ရပြီဗျာ..
(Tools ဘားညာဘက်ဒေါင့်(ကွန်ပြူတာရဲ့ညာဘက်အောက်ထောင့်)မှာ ၀က်ဝံ ခေါင်းပုံလေး
ပါနေတဲ့ဟာ....နီမနေရဘူး ကြက်ခြေခတ် ဖြစ်မနေတဲ့ဟာ...)
ဆော့ဝဲလ်ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ် ....
Deepfreeze software အပေါ်ကတစ်ခု အဆင်မပြေရင်ဒီမှာယူလိုက်ဗျာ
ဆော့ဝဲကို ရန်းရင် C စီ (Window ၀င်းဒိုးဘက် အခြမ်း) အသုံးပြုပါ အုပ်ပါ
ကိုယ်မှတ်စရာရှိတာတွေကို ကျန်တဲ့ အပိုင်း D တို့ E တို့မှာပဲမှတ်ပါ
Anti Virus တောင်မလိုလောက်တော့ဘူးဗျာ
(အခြားဆော့ဝဲတွေလည်းရှိပါတယ်....လူသိများတာပြောတာပါ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...