စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မယုံကြည်သူများအတွက် ဓါတ်ပုံ သက်သေ...

 ဘုရားလက်ထက်မှာ သံဃာအပါး ၁၀၀၀... အပါး ၁၀၀၀၀... အဲလိုတွေ ဆွမ်းခံကြတာ ဟုတ်ပါ့မလား... ဖြစ်နိုင်ပါ့မလား... လှူတဲ့သူတွေရော အဲလောက်လှူနိုင်လို့လား... ခဏခဏ မေးတဲ့သူတွေအတွက်ပါ...

ပထမဆုံး အမေးအတွက် ကျွန်တော် အင်တာနက်က ရထားတဲ့ ပုံတွေနဲ့သက်သေပြပါရစေ...

 ပုံလေးတွေကြည့်ပြီးရင် ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ဥာဏ်မှီသလောက်လေးနဲ့ ဆုံးဖြတ်ကြပါ... 
ဒုတိယတစ်ခုအနေနဲ့ လှူတဲ့သူတွေရှိပါ့မလားဆိုတာလေးပါ...




လှူတဲ့သူရှိမရှိက ဒီပုံလေးတွေနဲ့ဆက်စပ်တွေးကြည့်ရင်သိနိုင်ပါတယ်... လှူတဲ့သူမရှိပဲ သံဃာတွေ ဘယ်ဆွမ်းခံကြွမလဲ... အဲဒါကို အထွဋ်တက်ချင်ရင်လည်းဖြစ်ပါတယ်... ကျွန်တော်ဥပမာ တစ်ခုထပ်ပေးပါ့မယ်...


UN/INGOs ဥပမာ

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးနဲ့တခြားသော အဖွဲ့တွေဖြစ်တဲ့ UN/INGOs အဖွဲ့အစည်းတွေ ကနေတဆင့် လူတွေကို ဆန်...ဆီ...ဆား...ဆေးဝါး... အိမ်...ကျောင်း...အလုပ်... စတဲ့အရာတွေပေးလှူနေကြတာပါ... အဲဒီအဖွဲ့အစည်းတွေ သူတို့လှူဖို့ ပိုက်ဆံတွေ ဘယ်ကရပါသလဲ... ရှင်းပါတယ် အလှူရှင်တွေဆီကပါ... အလှူရှင်တွေက ဘယ်သူတွေလဲ... ပိုတောင်ရှင်းပါသေးတယ်... ပြည်သူလူထုတွေပေါ့... အဲဒီလူတွေ အလှူဒါနကို များလှချည်လားဆိုပြီး မယုံမကြည်ဖြစ်နေမလား... အဲဒါဆိုရင်တော့ ကျွန်တော်ထပ်ပြီး တခြားဥပမာ မပေးတတ်တော့ဘူး...

အဲဒီတော့ကာ... လက်ရှိခေတ်အခြေအနေ လောဘ ဒေါသ မောဟ တွေပြည့်နှက်နေတဲ့ ခေတ်အခြေအနေ အချိန်အခါမှာတောင် လူသန်းပေါင်းများစွာရဲ့ ဒုက္ခဘေးဒဏ်တွေအတွက် လှူပေးနေကြတယ်ဆိုရင်... ဟိုးရှေးယခင် ကလို  လောဘ ဒေါသ မောဟ ဖြစ်စရာ နည်းတဲ့ ခေတ်ဆိုရင်အလှူအဒါန်း အတွက်  ပြောဖို့တောင်မလိုပါဘူး... ဒါကလူတွေကို ပေးတဲ့အလှူကိုပြောတာနော်... ကိုယ်ကိုးကွယ်ရာ စေတီဘုရားတွေ ရဟန်းသံဃာတွေဆိုရင်တော့ ပြောနေဖို့တောင်လိုမယ်မထင်ပါဘူး...

ကျွန်တော်ဒီပို့စ်လေးကနေ ရဲရဲကြီးပြောလိုက်မယ်... အလှူဒါနနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေ တခြားနေရာတွေမှာ ချမ်းသာလို့ လှူဒါန်းတာတွေ ကမ္ဘာ့စံချိန်တင် ရှိကောင်းရှိမယ်... ဒါပေမယ့် ဗုဒ္ဓဘာသာနိုင်ငံ/လူမျိုးတွေလောက် မရှိတဲ့အထဲက ဖဲ့လှူတဲ့နိုင်ငံ/လူမျိုး... ကမ္ဘာမှာရှိကိုမရှိဘူးဆိုတာပဲ...

အားလုံးကို ကျေးဇူးတင်ပါတယ်...
From www.zmo999.blogspot.com

1 comment:

Related Posts Plugin for WordPress, Blogger...