စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဆီမဆိုင် ထောင်ချခံရသော UAE နိုင်ငံရောက် မြန်မာ တစ်ယောက် အကြောင်း

in_jailကျွန်တော်သည် ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့အနီးရှိ ဓါတ်ငွေ့စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုတွင် အလုပ်သွား ရောက် လုပ်ကိုင် နေသော မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ပါသည်။ ကျွန်တော် ယခု တင်ပြလိုသော အကြောင်းအရာမှာ ကျွန်တော်တို့ လုပ်ငန်းခွင် အလုပ် လုပ်ကိုင် နေသော မြန်မာနိုင်ငံသား အလုပ်သမားများ ကြုံတွေ့ ခံစားနေရသော အခက်အခဲများ ဖြစ်ပါသည်။
ကျွန်တော်သည် မြန်မာနိုင်ငံမှ အာဘာဖီး (Arbourfield) ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ၏ စီစဉ် ပေးမှုဖြင့် ယူအေအီး နိုင်ငံ (Consolidated Contarctors Company) CCC တွင် သွားရောက် အလုပ်အကိုင် လုပ်ကိုင်လျှက် ရှိပါသည်။ ဖြစ်ပျက်ပုံ အသေးစိတ်မှာ မြန်မာနိုင်ငံသား ကိုမောင်မောင်သည် (၃၁၊၉၊၂၀၁၁) ည ၁၀ နာရီ အချိန်ခန့်တွင် အိမ်သာသို့ သွားခဲပါသည်။ အိမ်သာမှ အပြန်တွင် နိပေါ နိုင်ငံသား အလုပ်သမား အချို့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားများမှာ ခိုက်ရန် ဖြစ်ပွားပြီး ကိုမောင်မောင် နေထိုင်ရာ အခန်းသို့ အပြန်လမ်းသို့ ရောက်ရှိ လာကြပါသည်။ နိပေါ နိုင်ငံသား များမှာ ၁၀ ဦးခန့် ရှိပြီး ဘင်္ဂလားဒေ့ရှ် များမှာ အယောက် ၆၀ ခန့် ဖြစ်ပါသည်။ နိပေါများ ထွက်ပြေး လာကြရာမှာ ဘင်္ဂလားများမှ လိုက်လံ တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ထိုအခြေအနေတွင် ကိုမောင်မောင်အား နိပေါ လူမျိုးဟု ထင်မှတ်၍ ဝိုင်းဝန်းပြီး ရိုက်နှက် ထိုးကြိတ် ကြပါသည်၊ ထိုအဖြစ်အပျက်အား အခြား မြန်မာများမှ သိရှိသွားပြီး အခင်း ဖြစ်ပွားရာ နေရာမှ သွားရောက် ဆွဲထုတ်ခဲ့ ကြပြီး နေထိုင်ရာ အခန်းသို့ ပြန်ခေါ် ခဲ့ကြပါသည်။
UAE_beautyUAE နိုင်ငံ၏ တိုးတက်ခေတ်မှီသော အဆောက်အအုံများအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)
ကိုမောင်မောင်မှာ အခန်းသို့ ပြန်ရောက်လာပြီး ခေါင်းမှ ဒဏ်ရာမှ မူးသည်ဟု ဥာည်းတွားနေပါသည်။ ထို့ကြောင့် အတူနေ သူများမှ စိုးရိမ်၍ ကုမ္ပဏီမှ ဆေးပေးခန်းသို့ ကုသရန် ခေါ်ဆောင် သွားခဲ့ပါသည်။ ဆးပေးခန်းမှ ခေတ္တ စောင့်ဆိုင်းရန် မှာကြား၍ စောင့်ဆိုင်းနေစဉ်တွင် ရဲစခန်းမှ ရောက်ရှိလာပြီး ခေါ်ဆောင် သွားခဲ့ပါသည်။ ဤနေရာတွင် ကျွန်တော်ကြားဖြတ် တင်ပြ လိုသည်မှာ ကိုမောင်မောင်သည် အလွန် ရိုးအ အေးဆေးသော သူတစ်ယောက် ဖြစ်ပါသည်။ အရက်သေစာ သောက်စားခြင်းလဲ မရှိပါ၊ အင်္ဂလိပ်စကားကိုလည်း လိပ်ပတ်လည်အောင် မပြောဆို တတ်ပါ၊ ဤနိုင်ငံရှိ ရဲများမှာလဲ အင်္ဂလိပ်လို ကောင်းမွန်စွာ မပြောဆို တတ်ကြပါ။
ထို့နောက် မည်သည့် အဆက်အသွယ်မှ မရရှိတော့ပါ။ ၊ထို့ကြောင့် အားလုံးမှ စိုးရိမ်၍ ကုမ္ပဏီ အလုပ်သမား ရေးရာသို့ မြန်မာ ၁၅ ဦးခန့် စုစည်း၍ သွားရောက်ပြီး ထိုကိစ္စကို ပြေလည်အောင် ဆက်သွယ် ဆောင်ရွက်ပေးရန် ပြောဆို ခဲ့ပါသည်။ သို့ရာတွင် ရုံးခန်းသို့ လူစုနှင့် လာသည်ဟု ဆိုကာ အားလုံးကို warning letter ပေးပါသည်။ ပြေလည်စွာ သွားရောက်၍ မေးမြန်းခြင်းသာ ဖြစ်ပါသည် လုံးဝ ဆူပူခြင်း ၊ရိုင်းစိုင်းခြင်း မရှိပါ။
ထို့နောက် မည်သည့် သတင်းမှ မကြားရပဲ (၅၊၁၁၊၂၀၁၁)နေ့တွင် ထောင်ဒဏ် ၁ နှစ် ချမှတ် လိုက်ကြောင်းနှင့် လိုအပ်သည့် အဝတ်အစားများအား အဘူဒါဘီ အကျဉ်းထောင်သို့ လာရောက် ပေးပို့ပါရန် ကိုမောင်မောင်အား ဖုန်းဆက်ခွင့် ပေး၍ ဆက်သွယ်လာပါသည်၊ နိပေါ (၁၀)ဦး ကိုလည်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိ ရပါသည်၊ ဘင်္ဂလားဒေ့ရှ်များကို အလုပ်မှ ထုတ်ပယ်၍ နိုင်ငံသို့ ပြန်ပို့ လိုက်ပါသည်။
construction_fieldဆေက်လုပ်ရေး လုပ်ငန်းခွင် တစ်နေရာအား မြင်တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)
အမှုအတွက် ရှေ့နေ ငှားရမ်းခွင့်၊ ထုခြေလျှောက်ထားခွင့် လုံးဝ မပေးခဲ့ပါ။ စီရင်ချက် ချမှတ်ပြီးမှသာ သိရှိရပါသည်။ ထို့နောက် ထောင်ဝင်စာ တွေ့ဆုံရန် သွားရောက် ခဲ့ရာ တွေ့ဆုံခွင့် မပေးပဲ နောက် ၁၀ လ ခန့်နေမှ လေယာဉ် လက်မှတ်နှင့် လာရောက်ရန်သာ အာဏာပိုင် များမှ ပြောကြား ပါသည်။ ယခု ပြဿနာတွင် ကိုမောင်မောင်မှ အမှန်တစ်ကယ် ဆိုးသွမ်း၊ ရန်ဖြစ်၍ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ် ခံရပါက မည်သို့မှ စောဒက တက်စရာမရှိပါ၊ သို့သော် ယခုအခြေအနေမှာ အလွန် တစ်ဘက်စောင်းနင်း ဆန်ဆန် ပြုမူခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာ နိုင်ငံသားများ ပြည်ပတွင် သွားရောက် အလုပ်အကိုင် လုပ်ကိုင်လိုပါက မိမိတို့နှင့် သက်ဆိုင်ရာ နိုင်ငံ၏ သံရုံး မရှိသော၊ ပြည်ပ အလုပ်သမား များအပေါ် အကာအကွယ် ပေးသော ဥပဒေ မရှိသော နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မသင့်တော်ပါ၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှလည်း ထိုကဲ့သို့သော နိုင်ငံတော်မှ သံရုံးမရှိသော၊ နိုင် ငံသား များအပေါ် အကာအကွယ် မပေးနိုင်သော နိုင်ငံများသို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ လုပ်သား စေလွှတ် ခြင်းအပေါ် ကြပ်မတ် တားမြစ် သွားနိုင်ရန်အတွက် ကျွန်တော်တို့ ယုံကြည် လေးစားရသော၊ အားကိုးရသော မီဒီယာများမှ တစ်ဆင့် တတ်စွမ်း နိုင်သလောက် အကူအညီ ပေးပါရန် အကူအညီ တောင်းခံ လိုက်ရပါသည်ခင်ဗျာ။
(မှတ်ချက် - ယခု ကျွန်တော် ပေးပို့လိုက်သော အကြောင်းအရာအား ကျွန်တော်တို့ ကဲ့သို့ ပြည်ပ နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် လိုသူများ အနေနှင့် သတိပြု ဆင်ခြင်နိုင်စေရန်နှင့် နိုင်ငံတော် အစိုးရမှ လိုအပ်သည့် အကူအညီများ ပေးအပ် နိုင်စေရန် အတွက် လိုအပ်သလို တည်းဖြတ် ပြင်ဆင်ပြီး ဖော်ပြ ပေးစေလို ပါကြောင်းကိုလည်း အနူးအညွှတ် အကူအညီ တောင်းခံ အပ်ပါသည်ခင်ဗျာ။ )
                                                                             ရွှေဟင်္သာ သတင်းဌာန

သိပ်မှန်တယ် ။ဒီထက်ဆိုးတာတွေတောင် ရှိကြတယ်။
ဘယ်လိုမှရှောင်လွဲးလိုမရရင် ကံပဲးလိုမှတ်ရမှာပေါ့။
  ဘုရားရှင်လက်ထက်က ဥပုတ်သည်ကြီးတစ်ယောက် သူခိုးဆိုပြီး အသတ်ခံရဖူးတယ်။
အတိတ်ဘဝတစ်ခုမှာ သူကလင်ရှိမယားတစ်ယောက်ကို လိုချင်လို့ လင်ကိုသူခိုးစွတ်စွဲးပြီးသတ်
ပစ်ခဲ့ဖူးတဲ့ကံက ပြန်လာအကျိုးပေးတာ။အားလုံးချောသိ့လိုကြရင်
ဒီတရားလေးကို ဒေါင်းပြီးနာကြည့်ကြပါ။

ဆရာတော် ဥုးသုမင်္ဂလ ဟောကြားတော်မူသော တရားတော်

၅၀၈။ အခုတော့ဟုတ်တယ်   ၁၂-၁-၂၀၀၉

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...