စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာရှမှ အသက် ၃၀ ကျော် လှပျိုဖြူများ

  သင့်အသက် ၃၀ ကျော်သွားလို့ နုပျိုမှုတွေ ရပ်တန့်သွားပြီ ထင်နေပြီလား။ အာရှဒေသက ၃၀ ကျော် အမျိုးသမီးတွေဟာ ကမ္ဘာအနှံ့အပြားမှာ အလှဆုံးစာရင်းဝင်တွေပါ။ အောက်မှာ ဆက်လက်ဖော်ပြမယ့် ၃၀ ကျော် အလှနတ်သမီးတွေဟာ သူတို့ရဲ့ အလှအပတွေကို အသက် ၂၀ ကျော် လှပျိုဖြူတွေနဲ့ မခြား ထိန်းသိမ်းထားနိုင်ကြသူတွေပါ။ သင်လည်း ၃၀ ကျော်သွားလို့ စိတ်မညစ်ပါနဲ့။ ရင့်ကျက်တဲ့အလှဟာ နုပျိုလန်းဆန်းတဲ့အလှလိုပဲ ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။


ယူကီနာကာမာ ( ၃၁ နှစ် )
Yukie Nakama
Shinobi: Heart Under Blade ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲကို တိုးဝင်လာခဲ့တဲ့ ဂျပန်မင်းသမီးချောဟာ အသက် ၃၁ နှစ်ရှိ နေပါပြီ။ ဒါပေမယ့် သူမရဲ့ ပျိုမြစ်တဲ့ အလှအပတွေဟာ ယခုချိန်ထိ တောက်ပနေပါသေးတယ်။


လီဟိုရီ ( ၃၁ နှစ် )
Lee Hyori
အာရှဒေသရဲ့ ဆွဲဆောင်မှုအရှိဆုံး အဆိုတော်လို့ သတ်မှတ်ထားတဲ့ ကိုရီးယား အဆိုတော် လီဟိုရီဟာ တကယ်တော့ အသက် ၃၀ ကျော်နေပါပြီ။ ကိုရီးယားနိုင်ငံမှာ သူမထက် အသက်ငယ်တဲ့ အဆိုတော် အများအပြား ထွက်ပေါ်လာနေပေမယ့်လည်း အပြင်းကင်းစင်ပြီး သန့်ရှင်းတောက်ပတဲ့ အလှအပကြောင့် ခုချိန်ထိ ဆွဲဆောင်မှုအရှိဆုံး အဖြစ် သတ်မှတ်ခံထားရတုန်းပါပဲ။


ကျန်းဇီယီ ( ၃၂ နှစ် )
Zhang Ziyi
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ပုန်းနေတဲ့ အလှမယ်လေးဟာ ယခုအချိန်ထိ ဆွဲဆောင်မှုအရှိဆုံး မင်းသမီးတစ်လက်အဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။ ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ သူမရဲ့ အလှအပနဲ့ ပတ်သက်ပြီး ပြောစမှတ် ပြုလောက်အောင် တောက်ပနေဆဲပါ။


မဂ္ဂီကြူ ( ၃၂ နှစ် )
Maggie Q
နီကီတာ ရုပ်သံဇာတ်လမ်းတွဲနဲ့ အောင်မြင်နေဆဲ မင်းသမီးချောဟာ ဟောလိဝုဒ်မှာ အောင်မြင်မှုတွေ ဆက်လက်ရယူဖို့ ပြင်းပြနေပါသေးတယ်။ အသက် ၃၀ ကျော်ပေမယ့် ကြွေရုပ်ကလေးအလား လှပနေဆဲပါ။


ကင်ဆာရန်း ( ၃၃ နှစ် )
Kim Sa Rang
တချိန်က မယ်စကြာဝဠာလေးဟာ ခုအခါမှာတော့ အသက် ၃၃ နှစ် ရှိသွားပါပြီ။ သို့ပေမယ့် မင်းသမီးချောဟာ အထက်တန်းကျောင်းသူလေးနဲ့မခြား လှပ နုပျိုနေဆဲပါပဲ။


လီဘင်းဘင်း ( ၃၅ နှစ် )
Li Bing Bing
အသက် ၃၅ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပေမယ့် သူမဟာ အသက် ၂၀ ကျော် ကာလများကလိုပဲ လှပနေဆဲပါ။ The Forbidden Kingdom ထဲမှာ သူမကို မြင်တွေ့လိုက်ရသူတွေကတော့ မင်းသမီးချောဟာ အရင်လိုပဲ လှပနေဆဲပါလို့ ကောက်ချက်ချကြပါတယ်။


ဟန်ဂိုအွန်း ( ၃၆ နှစ် )
Han Go Eun
ကိုရီးယားနိုင်ငံရဲ့ အိန်ဂျလီနာဂျိုလီလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီးချောဟာ ဟာသကားတွေ အရိုက်များပေမယ့် ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ဟန်ပန်ကြောင့် ပုရိသ ပရိသတ်တွေခမျာ တသသ ဖြစ်ကျန်နေခဲ့ကြရရှာပါတယ်။


အွန်ဂျောင်းဟွာ ( ၄၁ နှစ် )
Uhm Jung Hwa
သူများတွေအတွက် ၄၁ နှစ်ဆိုတာ ဇရာနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် သူမတော့ မပါပါဘူး။ ၄၁ နှစ်ဆိုတာဟာ သူမအတွက် ဘာမှ မထူးခြားသလိုပဲ ဆွဲဆောင်မှုအပြည့်နဲ့ လန်းဆန်းနေဆဲပါ။


ကယ်လီဟူ ( ၄၃ နှစ် )
Kelly Hu
ဘယ်သူကမှ သူမကို အသက် ၄၃ နှစ်ရှိပြီလို့ ထင်မိကြမှာ မဟုတ်ပါဘူး။ Scorpion King နဲ့ X-Men ဇာတ်ကားတွေကို ကြည့်ရှုဖူးသူတွေအတွက် သူမအသက် ၄၃ နှစ်ရှိပြီဆိုတာ လက်ခံနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။


ဂေါင်းလီ ( ၄၅ နှစ် )
Gong Li
အာရှဒေသရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂေါင်းလီဟာ အသက်  ၄၅ နှစ်ရှိနေပြီ ဖြစ်ပေမယ့် ရင့်ကျက်မှုတွေနဲ့ ပြည့်နေပေမယ့် လန်းဆန်တက်ကြွတဲ့ အလှအပကို ပိုင်ဆိုင်ထားဆဲပါ။ ၂၀၁၁ ခုနှစ်ထဲမှာ ရုံတင်ပြသသွားတဲ့ What Women Want ဇာတ်ကားထဲက သူမကို မြင်မိခဲ့ရင် ဒီမင်းသမီးဟာ ၅၀ ပြည့်ဖို့ ၅ နှစ်ပဲ လိုတော့တယ်ဆိုတာ သင်လက်ခံနိုင်မှာ မဟုတ်ပါဘူး။


Original Source : John K @ AmpedAsia
ဘာသာပြန်သူ : Hollinaz

2 comments:

Related Posts Plugin for WordPress, Blogger...