ကမ္ဘာအရပ်ရပ်ရှိ ဖယောင်း ပြတိုက်များတွင် နယ်ပယ်အသီးသီးမှ ကျော်ကြားသူတို့၏ ရုပ်ထုများကို ပြုလုပ် ပြသလေ့ရှိရာ မတ်မတ်ရပ်ကာ လက်နှစ်ဘက်ကို ဘောင်းဘီအိပ်ထဲ ထည့်ထားသော ကိုယ်ဟန်ဖြင့် ၁၇ နှစ်အရွယ် ကနေဒီယံ လူငယ်အဆိုတော် ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထုကို အမေရိကန် ပြည်ထောင်စု နယူယောက်မြို့တော်ရှိ Madame Tussauds ဖယောင်းပြတိုက်တွင် ထားရှိပြီ ဖြစ်သည်။
ဂျပ်စတင် ဘီဘာ၏ ဖယောင်း ရုပ်ထုမှာ နောက်ထပ် ပုံစံတူ ရုပ်ထုနှစ်ခု တစ်ပြိုင်နက်တည်း ပြုလုပ်ထားပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့တော်များရှိ Madame Tussauds ဖယောင်းပြတိုက်များတွင်လည်း ပြသမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment