စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လျှော် စရာမလိုတဲ့ ဂျင်း ပိတ်စ

တရုတ်သုတေသနပညာရှင်များသည် ဂျင်းချည်ထည်တစ်မျိုးကို တီထွင်ခဲ့ရာ ယင်းသည် နေရောင်နှင့်ထိတွေ့ပါက ဘက်တီးရီးယားများ နှင့် အစွန်းအထင်းများကို အလိုလိုဖယ်ရှားပစ်နိုင်ကြောင်း သိရသည်။ အဆိုပါ ဂျင်းပိတ်စသည် အလိုလိုသန့် စင်နိုင်ပြီး လျှော်ဖွပ်စရာမလိုဟု ဆိုသည်။ ယင်း၌ တိုက်တေနီယံဒိုင်အောက်ဆိုက်ကို ဖုံးအုပ်ထည့်သွင်းထားရာ ယင်းကြောင့် အမှုန်အမွှားများနှင့် အစွန်းအထင်းများ သည် နေရောင်နှင့်ထိတွေ့ပါက သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပြီဟုဆို သည်။ ယင်း တိုက်တေနီယံဒိုင်အောက်ဆိုက် ကို ပြတင်းမှန်များ၊ မီးဖိုခန်းများနှင့် ရေချိုးခန်းကြွေပြားများ၊ နေရောင်ကာမှန်များနှင့် ခြေအိတ်များတွင် ထည့်သွင်းပါက ဆေးကြောစရာမလိုသည့်အပြင် အနံ့ဆိုးများမှလည်း ကင်းဝေးလိမ့်မည်ဟုဆို သည်။ ပညာရှင်များသည် နိုက်ထရိုဂျင်၊ ငွေနှင့် အိုင်အိုဒင်းတို့ကိုပါ ထည့်သွင်း လိုက်ရာ အဆိုပါပိတ်စသည် သာမန်နေရောင်ခြည်၌ နှစ်နာရီအတွင်း သန့်စင်နိုင် သည်ဟုဆိုသည်။ ယင်းပိတ်စသုတေသနကို တရုတ်နိုင်ငံ ရှန်ဟိုင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...