စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့လက်ချောင်း အပျော့ဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ရန် မြန်မာ လူငယ် တစ်ဦး ကြိုးပမ်း


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် ယခင်က ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း နှစ်ကြိမ် ၀င်ခဲ့ပြီး ဖြစ်၍ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် နှစ်ဦး တိုးလာလျှင် လေးကြိမ် ရှိလာတော့ မည်ဖြစ်သည်။
(၁)ရွှေတိဂုံ ဘုရား (ကမ္ဘာတွင်ရွှေ အလေးချိန် အများဆုံး အံ့ဖွယ်စေတီဘုရား)
(၂) မင်းကွန်း ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ (ပထမဆုံး ပိဋကတ် သုံးပုံ အာဂုံဆောင် နိုင်သည့် မှတ်ဥာဏ် အကောင်းဆုံးလူသား)
(၃)မလဲ့ရတီမင်း (ကမ္ဘာ့ခြေချောင်း လက်ချောင်း အများဆုံး လူသား)
(မှတ်ချက် ။ ။၂၀၁၂ ခုနှစ် ဂင်းနစ် ကမ္ဘာ့စံ ချိန်မှတ် တမ်းဝင်ရန် သေချာ နေပြီဖြစ်သည်။)
(၄)ဦးအောင်ချမ်းဦး (ကမ္ဘာ့ ၀ဲယာ လက်ချောင်း အပျော့ပျောင်းဆုံး လူသားအဖြစ် ၂၀၁၂ ခုနှစ် ဂင်းနစ် ကမ္ဘာ့ စံချိန်မှတ်တမ်း တွင် စာရင်းတင် ရန်ကြိုးစား နေပြီဖြစ်သည်။)
ဦးအောင်ချမ်းဦး (၂၄ နှစ်)သည် ၀ဲဘက်/ယာ ဘက်လက် ချောင်း ၁၀ ချောင်းကို ဒီဂရီ ၁၈၀ နောက် လှန်ချိုး နိုင်ပြီး ၀ဲယာလက်ချောင်း ငါးချောင်းစီနှင့် လက်မ မိုးခုံ အကြား တွင် ကြက်ဥ ထားပြီးဖိညှစ် လိုက်လျှင် တစ်မိနစ် လျှင် ၁၄ လုံးနှုန်း ကွဲအောင်ခွဲ နိုင်သည်။ ပျော့ပျောင်းမှု နှင့် မာကျောမှု စွမ်းရည် နှစ်မျိုးကို တစ်ပြိုင်နက် ပြနိုင်သည့် လက်ချောင်း ငါးချောင်းစီနှင့် လက်မ မိုးခုံ အကြား တွင် ငုံးဥ ထားပြီး ဖိညှစ် လိုက်လျှင် တစ်မိနစ် လျှင် ၁၀ လုံးနှုန်း ကွဲအောင် ခွဲနိုင်သည်။
ပျော့ပျောင်းမှု စွမ်းအား ပထမဆုံး လက်ယာ ဘက်လက် မှ လက်ငါးချောင်း ကို စားပွဲပေါ် မှောက်တင်၍ လက်သန်း ကို လက်ဝဲ ဘက်လက် နှင့်ဖြည်းညှင်းစွာ တဖြည်းဖြည်း ဆွဲမ ယူရင်း ဒီဂရီ ၁၈၀ မျဉ်းတစ်တန်း တည်း လက်မ မိုးခုံ ပေါ်ကျလာသည်။ ဆက်လက်၍ လက်သူကြွယယ်၊ လက် ခလယ်၊ လက်ညှိုး၊ လက်မ တို့ကို တစ်ချောင်းချင်း နောက် လှန်ချိုး၍ ဒီဂရီ ၁၈၀ ကျအောင် ချပြသည်။ ပြီးလျှင် လက်ဖ၀ါးပြင် ကို ပြောင်းပြန် လှန်လိုက်သည်။ လက်ဝဲဘက် လက်မှ လက်ငါးချောင်း ကိုလည်း ထိုနည်းတူ လုပ်ပြသည်။ လက်ချောင်းများ ၏ ပျော့ပျောင်းမှုကား အံ့ဖွယ်ကောင်း လေစွ။
မာကျောမှုဖိညှစ်စွမ်းအား
မိသားစု၏ အကူအညီ ကိုရယူ၍ ကြက်ဥ အလုံး ၅၀၊ ငုံးဥ အလုံး ၅၀ ခန့်မှာ သည်။
ပထမဦးစွာ နောက်လှန်၍ ဒီဂရီ ၁၈၀ ချိုးထား သည့် ညာဘက် လက်ငါးချောင်း နှင့် လက်မမိုးခုံ အကြားတွင် ကြက်ဥ တစ်လုံးထား၍ အပေါ်မှ ဘယ်လက်ဖြင့်ဖိညှစ် လိုက်ရာ ကြက်ဥ ကွဲသွားသည်။ တစ်မိနစ် လျှင် ကြက်ဥ ၁၄ လုံးကွဲ အောင် ဖိညှစ် ခွဲနိုင်သည်။ လက်ဖျံ လက်ဝဲဘက် လက်ငါးချောင်း ၏ ငုံးဥ အစားထိုး၍ လုပ်ရာ အလုံးငယ်၍ ချောမွတ် မှုကြောင့် ခက်ခက်ခဲခဲ ခွဲရသည်။ ငုံးဥ များကို တစ်မိနစ် ၁၀ လုံးနှုန်း လက်ဝဲ၊ လက်ယာ ဖိညှစ်ခွဲနိုင်သည်။
ဦးအောင်ချမ်းဦး သည် ၂၀၁၂ ခုနှစ် ကမ္ဘာ့ဂင်း နစ်မှတ် တမ်းတွင် ကမ္ဘာ့ လက်ချောင်း အပျော့ ပျောင်းဆုံး လူသား အဖြစ် စာရင်းဝင် နိုင်ရန် ယခုနှစ် ဇွန် ၁ ရက် (ဗုဒ္ဓဟူးနေ့) မှ စတင်၍ သက်ဆိုင်ရာ လူကြီး၊ ဌာနဆိုင်ရာ များနှင့်ညှိနှိုင်း ကြိုးစား နေပြီဖြစ်သည်။ ဦးအောင်ချမ်းဦး သည် ဖခင်ဖြစ်သူဦးကျော်ဦး (စစ်မှုထမ်း အငြိမ်းစား)နှင့် မိခင်ဖြစ်သူ ဒေါ်ကြည်ကြည် သန်းတို့မှ ၁၉၈၇ ခုနှစ်၊ မေ ၂၄ ရက်တွင် တောင်ငူမြို့ ၌ မွေးဖွား ခဲ့သည်။ ၂၀၀၈ ခုနှစ် တွင် မုံရွာ တက္ကသိုလ်မှ ဥပဒေ ဘွဲ့ ရရှိထားသည့် တစ်ဦးတည်း သော သားဖြစ်သည်။ မိဘ နှစ်ပါးနှင့်အတူ တူရိယာ ပစ္စည်း အရောင်းဆိုင်၊ အုတ် လုပ်ငန်း တို့တွင် ၀င်ရောက် လုပ်ကိုင်နေ သည်။ အရပ် ၅ ပေ ၈ လက်မ၊ သွေးအမျိုး အစား ဒဥဒ(အို)၊ ကိုယ်အလေး ချိန် ပေါင် ၁၁၀ ရှိသည်။ သွေးငါး ကြိမ်လှူခဲ့ ဖူးသည်။ မွေးကတည်း ကပင် မိခင် ကဲ့သို့ လက် အရိုးအဆစ် ပျော့ပျောင်း၍ သန်မာ သည်။
ယခုအခါ ဦးအောင်ချမ်းဦးသည် ဗုဒ္ဓဘာသာ ၀င်၊ ဗမာလူမျိုး မိဘနှစ်ပါးမှ မွေးဖွားခဲ့သူပီပီ ဘာသာတရား ကိုင်းရှိုင်းပြီး လူမှုရေး လုပ်ငန်း၊ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ရင်း မိဘနှစ်ပါး နှင့်အတူ မုံရွာမြို့တွင် နေထိုင်လျက် ရှိသည်။
၂၀၁၂ ခုနှစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ကမ္ဘာ့အပျော့ပျောင်းဆုံး၊ အသန်စွမ်းဆုံး လူသားအဖြစ် အောင်မြင်မှု မှတ်တိုင် စိုက်ထူ နိုင်တော့မည့် စွမ်းအားရှင် ဦးအောင်ချမ်းဦးနှင့် ဆက်သွယ် လိုပါလျှင် ဦးကိုကိုလတ်၊ Revenue ဂျာနယ်၊ အမှတ်၂၁၀(ခ)၊ ၃၆ လမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁- ၃၇၄၁၃၀ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
မြန်မာပို့စ်ဂျာနယ်မှကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...