စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







က မ္ဘာ ပျက်သည် အထိ ရှိနေမည့် ဘဏ်

အမေရိကန် ၊ အင်္ဂလန် ၊ ဆွတ်ဇာလန် စသော နိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး က မ္ဘာပျက်ပါက အတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်ပါသည် ။
ဒါန ဘဏ်တိုက်တွင် အပ်ထားသော ကုသိုလ်ဥစ္စာများကာ က မ္ဘာ ပျက်သောက်လည်း မပျက်ပေ ။
သံသရာတစ်လျှောက် ကုသိုလ်ပြုထားသူနောက်သို့ တကောက်ကောက်လိုက်ပြီး ကောင်းကျိုးပေးနေမည်သာ ဖြစ်သည် .....
ကျွန်ုပ်သည် အသက် ၂၀ အရွယ် စာသင်သားဘ၀က ၀က်သားဟင်းတစ်ခွက်ကို စာသင်သားတစ်ပါးအား လှူတန်းပြီး ဒါနဘဏ်တိုင်တွင် ကုသိုလ် ဥစ္စာကို အပ်နှံခဲ့သည် ။ ထိုကုသိုလ်ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင် သုံးစွဲ မကုန်တော့ပေ ။
၁၃၇၃ ခုနှစ် သင်္ကြန်တွင်း တရားစခန်းများ တွင် ယောဂီ ၃၁၀၀ ကျော် ၀င်ရောက်အားထုပ်ခဲ့သည် ။ ထိုယောဂီများအတွက် ၇ ရက်တာ အာရုဏ်ဆွမ်း ၊ နေ့ဆွမ်းကို သူ့အလိုလို လာလှူကြသည် ။
ဂျပန်နိုင်ငံတွင် ဆူနာမီ ရေလှိုင်းများ ၀င်ရောက်ခဲ့ရာ မြို့ကြီး ၂ မြို့ ကွယ်ပျောက် ပျက်စီးခဲ့ရသည် ။ မလှူရ မတန်းရသေးသော ဥစ္စာ စည်းစိမ် တိုက်တာ ခြံမြေအားလုံး ရေလှိုင်းထဲမြောပါသွားခဲ့သော်လည်း ဂျပန် လူမျိုးများ ပြုထားသည့် ကုသိုလ်ဥစ္စာများသည်ကာ မပျက်စီး ထာဝရ တည်မြဲလျှက်ရှိသည် ......
ထို့ကြောင့် သံဃာတော်များကို ဆွမ်းလောင်းလှူခြင်းဖြင့် စိတ်အချရဆုံး ဒါနဘဏ်တိုက်များတွင် ကုသိုလ် ဥစ္စာများကို အပ်နှံသင့်ကြပေသည် ။

မေတ္တာရှင် ( ရွှေပြည်သာ )
ဆရာတော်ရဲ့ ဆုံးမစာလေးကို ကြိုက်နှစ်သက်လွန်းတာကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။
ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှားနေစဉ် ကာလအတွင်းမှာ သံဃာတော်များသာ မဟုတ်ပဲ အခြား အခြားသော လှူတန်းမှု့ ကုသိုလ် ဥစ္စာများကို ပြုလုပ်ရင်း အခိုင်မာဆုံးသော ဒါန ဘဏ်တိုက်တွင် အပ်နှံကြအောင်လားဗျာ ။
လေးစား ခင်မင်စွာဖြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...