
အသုံးပြုပြီးနှင့် အသုံးမလိုသော စာရွက်ကို လူက အစားစားသလို ချေဖျက်ပြီး စွမ်းအင်ပေးမည့် ဘက်ထရီတစ်မျိုးကို ဆိုနီကုမ္ပဏီက ဖန်တီးနေကြောင်း သိရသည်။
တိုကျို၌ပြုလုပ်သော Eco Products 2011 ပြပွဲတွင် ပြသခဲ့သော နမူနာဘက်ထရီငယ်မှာ သူ၏အစာချေအင်ဇိုင်းများဖြင့် လုံးချေထားသော စာရွက်အဟောင်းကို ချေဖျက်ပြီး လောင်စာအဖြစ်ထုတ်ပေးသည်ကို ပြသခဲ့သည်။ သို့သော် အလွန်သေးငယ်သော ပန်ကာကို ဖွင့်ရာတွင်သာ သုံးနိုင်သေးသည်။
သစ်သီးဖျော်ရည်ကို လောင်စာအဖြစ်သုံးပြီး ကားအတွင်း သီချင်း ဖွင့်ရန်လုံလောက်သော စွမ်းအင်ကို ဖန်တီးပေးနိုင်မည့် ဘက်ထရီ တစ်မျိုးကိုလည်း ပြသခဲ့သည်။ ဇီဝဘက်ထရီဟုခေါ်သော ဘက်ထရီ အမျိုးမျိုးကို ဆိုနီက စမ်းသပ်နေသည်။
Ref;Daily Mail
No comments:
Post a Comment