စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုက်ခွဲမွေးဖွားရန် လိုအပ်သော အကြောင်းရင်း ၁၀ ချက်(မိန်းခလေးများသိထားသင်.တယ်ထင်လို.နော်)

တချိန်မဟုတ်တချိန်မှာမိခင်ဖြစ်ကြ၇မဲ.မိန်းကလေးများတွက်သိသင်.တယ်ထင်လို.တင်ပေးလိုက်ပါတယ်၇ှင်........


တစ်ခါတစ်ရံမှာ သဘာဝနည်းနဲ့ မွေးဖွားတာက မိခင်နဲ့ ကလေးတွေ အတွက် အန္တရာယ် မကင်းပါဘူး။  အမေရိကန်နိုင်ငံတွင် ကလေးသုံးဦးမှာ တစ်ဦးခန့်က ဗိုက်ခွဲမွေးဖွားလေ့ ရှိပါတယ်။ ရိုးရိုးသဘာဝနည်းနဲ့ မွေးဖွားတဲ့အခါ မိခင်နဲ့ ကလေးမှာ အန္တရာယ် ရှိတယ်ဆိုရင် ဗိုက်ခွဲ မွေးဖွားရလေ့ ရှိပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် ဗိုက်ခွဲမွေးဖွားဖို့ လိုအပ်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) အမြွှာကိုယ်ဝန်ဆောင်ခြင်း

နှစ်မြွှာပူး၊ သုံးမြွှာပူးနဲ့ ကလေး အရေအတွက်များများ ကိုယ်ဝန်ဆောင်နေရသူတွေ အတွက် ဗိုက်ခွဲ မွေးဖွားဖို့ လိုပါတယ်။

၂) မွေးရာပါ ကလေး ချို့ယွင်းချက်ပါခြင်း

မွေးရာပါ ချို့ယွင်းချက်ရှိတဲ့ ကလေးတွေဟာ ဗိုက်ခွဲ မွေးဖွားတာကြောင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။

၃) ယခင်က ဗိုက်ခွဲမွေးဖွားဖူးခြင်း

အမျိုးသမီး အများစုဟာ အရင်က ဗိုက်ခွဲမွေးဖွားဖူးရင် သဘာဝနည်းနဲ့ ကလေးမွေးနိုင်စွမ်း ရှိသော်လည်း တချို့အမျိုးသမီးတွေကတော့ မလုပ်သင့်ပါဘူး။ ဗိုက်ခွဲ မွေးဖွားတာကသာ ပိုသင့်တော်တဲ့နည်း ဖြစ်တတ်ပါတယ်။

၎) သဘာဝအတိုင်း မမွေးဖွားနိုင်ခြင်း

သဘာဝ အတိုင်း မွေးဖွားနိုင်စွမ်း မရှိရင် ဗိုက်ခွဲ မွေးဖွားသင့်ပါတယ်။

၅) သန္ဓေသား၏ ကျန်းမာရေး

ဗိုက်ထဲက သန္ဓေသားက အောက်ဆီဂျင်ကို အလုံအလောက် မရရင် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်တာမျိုး ရှိခဲ့ရင် ဗိုက်ခွဲပြီး ကလေးကို ချက်ချင်း မွေးသင့်ပါတယ်။

၆) အချင်းပြဿနာ

အချင်းဟာ သန္ဓေသားလမ်းကြောင်းမှာ ပိတ်နေရင် ဒါမှမဟုတ် အချင်းဟာ သားအိမ်မှ ထွက်ကျလာရင် မိန်းမကိုယ်မှ သွေးအလွန်အမင်း ဆင်းတတ်ပြီး သင်နဲ့ သင့်ကလေး အတွက် အသက်အန္တရာယ် ကျရောက်နိုင်ပါတယ်။

၇) ခြေက ဖွားတော့မည့် သန္ဓေသား အနေအထား

ဗိုက်ထဲရှိ သန္ဓေသားရဲ့ အနေအထားက ဦးခေါင်းနဲ့ စတင် မွေးမယ့်ပုံ မဟုတ်ဘဲ ခြေထောက်နဲ့ စတင် မွေးမယ့်ပုံ ဖြစ်နေရင် ရိုးရိုး သဘာဝနည်းနဲ့ မွေးဖွားဖို့ ခက်ပါတယ်။ ဒါဆိုရင် ဗိုက်ခွဲ မွေးဖွားတာက ပိုကောင်းပါတယ်။

၈) ချက်ကြိုးကျွံခြင်း

ကလေး မမွေးခင်မှာ ချက်ကြိုးဟာ မိန်းမကိုယ်ကနေ တစ်ဆင့် ကျွံကျနေရင် ကလေးဆီကို အောက်ဆီဂျင် ထောက်ပံ့ ရရှိဖို့ ပြတ်တောက် သွားနိုင်ပါတယ်။ ဒီအချိန်မှာ ဗိုက်ခွဲ မွေးဖွား ပေးရတတ်ပါတယ်။

၉) မိခင်တွင် ကျန်းမာရေး ပြဿနာရှိခြင်း

မိခင်မှာ ကိုယ်ဝန်ဆိပ်တက်ရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကလေးမွေးနိုင်ဖို့ တခြားကျန်းမာရေး ပြဿနာတွေ ရှိနေရင် ဗိုက်ခွဲ မွေးဖွားတာက မိခင်အတွက် အန္တရာယ် ကင်းပါတယ်။ မိခင်ဟာ HIV ပိုးရှိတာ ဒါမှမဟုတ် လိင်အင်္ဂါ ရေယုန် ပေါက်တာတွေလို ကူးစက်ပိုး ဝင်တာရှိခဲ့ရင် ဗိုက်ခွဲ မွေးဖွားတာက ကလေးဆီကို နာမကျန်းမှု ကူးစက် ခံရနိုင်ခြေ လျော့ကျ စေနိုင်ပါတယ်။

၁၀) ကလေးက ဖွံ့ထွားလွန်းခြင်း

မွေးလမ်းကြောင်းက ကျဉ်းလွန်းတာမျိုး ဒါမှမဟုတ် ကလေးရဲ့ဦးခေါင်းက မိန်းမကိုယ် လမ်းကြောင်းကနေ မွေးဖွားနိုင်ဖို့ ကြီးမားလွန်းတာမျိုး ဖြစ်ခဲ့ရင် ဗိုက်ခွဲ မွေးဖွားတာက ပိုမို စိတ်ချရပါတယ်။ ဗိုက်ခွဲ မွေးဖွားဖို့ လိုအပ်တဲ့ တခြားကျန်းမာရေး အခြေအနေတွေလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင် ကာလ ၃၉ ပတ်နဲ့ အထက် ကျော်နေပြီး မွေးဖွားဖို့ တုံ့ပြန်မှု မရှိရင် ဗိုက်ခွဲ မွေးဖွားသင့်ပါတယ်။ ဗိုက်ခွဲ မွေးဖွားတာက သဘာဝနည်းနဲ့ မွေးဖွားတာထက် အနာကျက်ဖို့ ပိုအချိန် ကြာတတ်ပါတယ်။ သင့်အနေနဲ့ ကလေး မမွေးခင်မှာ ဘယ်နည်းနဲ့ မွေးသင့်တယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးထားဖို့ လိုပါတယ်။    

ဇွန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...