စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ် ဖြတ်ရတော့မယ့် လူဝံမကြီး

လူတွေနဲ့ အနီးစပ်ဆုံး တူညီတဲ့ အော်ရန်အူတန် လူဝံတွေဟာ လူတွေလိုပဲ မကောင်းတဲ့ အမူ အကျင့်တွေကို အလွယ်တကူ သင်ယူ တတ်မြောက်ကြ တတ်ပါတယ်။ လူတွေ လုပ်သလို လိုက်လုပ် တတ်ကြတဲ့ သူတို့ရဲ့ ပြုမူနေထိုင်ပုံတွေကို လူတွေက အရမ်း သဘောကျ တတ်ကြပေမယ့် မကောင်းတဲ့ အကျင့်တွေ ကိုတော့ သူတို့ရှေ့မှာ မလုပ်ပြသင့် ပါဘူး။ အခုဆိုရင် လူတွေရဲ့ သင်ပြမှုကောင်းလို့ ဆေးလိပ်သောက်ပြီး ဆေးလိပ် စွဲသွားရတဲ့ ဒီလူဝံမကြီးကို မလေးရှား အာဏာပိုင်တွေက ဆေးလိပ်ဖြတ်ပေးဖို့ ပြင်ဆင်နေကြ ပါပြီ။

မလေးရှား အာဏာပိုင်တွေဟာ နိုင်ငံတောင်ပိုင်း တိရစ္ဆာန်ရုံတစ်ရုံမှာ ဆိုးဆိုးရွားရွား နေထိုင်ခဲ့ရဟန်ရှိတဲ့ အသက် ၂၅ နှစ်အရွယ် လူဝံမကြီး ရှာလေးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သီတင်းပတ် အနည်းငယ် အတွင်း မှာပဲ ဘော်နီယိုကျွန်းက တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးစင်တာ တစ်ခုကို လွှဲပြောင်းအပ်နှံဖွယ် ရှိနေပါတယ်။

ရှာလေးနေခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်ဟာ တိရစ္ဆာန်တွေကို ဂရုမစိုက် ပစ်စလက်ခတ်ထားတာကြောင့် မလေးရှားနိုင်ငံမှာ နာမည်ဆိုးရှိတဲ့ တိရစ္ဆာန်ရုံတစ်ရုံ ဖြစ်ပါတယ်။ ရှာလေးရဲ့ လှောင်အိမ် အပြင်ဖက်မှာ ဆေးလိပ် မသောက်ရဆိုတဲ့ တားမြစ်စာတမ်း ရေးထိုးထားပေမယ့် ဧည့်သည်တွေက ရှာလေး ဆေးလိပ်သောက်တာကိုလည်း တားဆီးခဲ့ကြခြင်း မရှိပါဘူး။ ဒါ့အပြင် ရှာလေးဟာ အစားအစာ ဝ၀လင်လင် မစားခဲ့ရဘဲ လူတွေ ပစ်ပေးတဲ့ အစားအစာထည့် စက္ကူဘူးခွံတွေကိုပဲ ဝါးစားနေခဲ့ရ တယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ လူဝံတွေရဲ့ ပုံမှန် အပြုအမူနဲ့ ဆန့်ကျင်နေတာကြောင့် ရှာလေးကို နိုင်ငံတကာ အာဏာပိုင်တွေက ဆေးလိပ်ဖြတ်ပေးဖို့ပြင်ဆင်နေကြခြင်း ဖြစ်ပါတယ်။

ကိုအောင်(မြောက်ဦး)
Source : YoYarLay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...