စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်ဒိုနီးရှားနိုင်ငံမှအထွားကြိုင်းဆုံးမွေးကင်းစကလေးငယ်

       ကြာတော့ကြာခဲ့ပါပြီ ......ဒီသီတင်းဟာ ပျောက်ကွယ်သွားတယ်......ခဏခဏပြရမယ့် သတင်းဆန်းလေးတစ်ခုပါ

                 
ဝါး...ဟားဟား...လွတ်မြောက်ပြီကွ !!!!! ဗိုက်ဆာတယ်...ဗျို့ !!!!

အင်းအခုမှပဲ....အဆာပြေတော့တယ်....ဒါပေမယ်...နောက်တစ်ပုလင်းတော့ အသင့် ရှိပါစေနော်

အင်ဒိုနီးရှားနိုင်ငံတွင်မှတ်တမ်းတင်ထားသမျှထဲတွင်အ၀ဆုံးကလေးအဖြစ်သားယောကျာင်္းလေးတစ်ဦးကို
Ani အမည်ရှိအင်ဒိုနီးရှားအမျိုးသမီးတစ်ဦးက ဆုမတြာကျွန်းစုမြောက်ပိုင်း မီဒန်မြို့ တွင်ယမန်နေ့ ကမွေး
ဖွားခဲ့ ကြောင်းသိရသည်... အလေးချိန်၁၉.၂ ပေါင်ရှိသောသူကလေး၏ကိုယ်ခန္ဓာကကြီးလွန်းလှသည်မို့ 
တစ်ခြားမွေးကင်းစကလေးများမှာသူနှင့် ယှဉ်လိုက်လျှင်ဆင်နှင့် ဆိတ်ပမာ....ငိုလိုက်သည်မှာလည်းအသံ
ကိုဟိန်းလို့ ပင်....
အဆိုပါကလေးကိုဒေသဆိုင်ရာအကြီးအကဲ၏အမည်အတိုင်း Muhammad Akbar Risuddin ဟုအမည်
ပေးခဲ့ သည်ဟုဆိုသည်....Akbar ဆိုသည်ကားအင်ဒိုနီးရှားဘာသာစကားအလိုအားဖြင့် ကြီးမားထွားကျိုင်း
သည်ဟူသတည်း....သို့ ကြောင့် မောင်လူထွားဟုခေါ်ဆိုလျှင်လွန်အံ့ မထင်....

ကလေး၏အရွယ်အစားကြီးမားထွားကျိုင်းလွန်းသဖြင့် ကိုယ်ဝန်ဆောင်မိခင်အားဗိုက်ခွဲပြီးမွေးဖွားခဲ့ ရသည်
ဟုဆိုလျှင်အံ့ သြမိမှာမဟုတ်ပေ....
အင်္ဂလန်နိုင်ငံ၏အထွားဆုံးမွေးကင်းစကလေးပင်လျှင် ၁၉၉၂ ခုနှစ်ကမွေးဖွားခဲ့ သော ၁၅ ပေါင် ၈ အောင်
စ သာရှိသောကလေးဖြစ်သည်...
ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းအရ အကြီးမားအထွားကျိုင်းဆုံးအဖြစ် ၁၈၇၉ ခုနှစ်တွင်ကနေဒါနိုင်ငံတွင် Anna
Bates အမည်ရှိသောအမျှူိးသမီးမှမွေးဖွားခဲ့ သော ၂၃.၁၂ ပေါင်ရှိကလေး ကမှတ်တမ်းဝင်ခဲ့ သည်...
သို့ သော်ထိုကလေးကားမွေးဖွားပြီး ၁၁ နာရီ အကြာတွင်သေဆုံးသွားခဲ့ သည်....

မွေးဖွားပြီးအသက်ရှင်သမျှကိုယ်ခန္ဓာအလေးချိန်အကြီးမားဆုံးအဖြစ်ကတော့  ၁၉၅၅ ခုနှစ်တွင် အီတလီ
နိုင်ငံ Aversa ၌ မွေးဖွားခဲ့ သော ၂၂ ပေါင် ၈ အောင်စ ရှိယောကျာင်္းလေးကစံချိန်တင်ထားခဲ့ သည်...
မကြာသေးမှီကလည်းဘရာဇီးနိုင်ငံ၌ Francisca do Santos အမည်ရှိကိုယ်ဝန်ဆောင်မိခင်တစ်ဦး
သည်လည်း အလေးချိန် ၁၆ ပေါင် ၁၁ အောင်စရှိသော သားယောကျာင်္းလေးတစ်ဦးကိုဗိုက်ခွဲ၍မွေး
ဖွားခဲ့ သေးသည်ဟုဆိုပါသည်....
mail ထဲကရတာလေးပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...