စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီတဂူဆရာတော်ဘုရားကြီး ပညာတော်သင်ဆု ထောက်ပံ့လှူဒါန်း

သီတဂူဆရာတော်ဘုရားကြီး ပညာတော်သင်ဆု ထောက်ပံ့လှူဒါန်း

2/ 12/ 2011 နေ့တွင် အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး စည် ပင်ပြန့်ပွါး တိုးတက်အောင် နိုင်ငံတကာ အဆင့်မီ ပညာရပ်များကို ဆည်းပူး သင်ကြား လေ့လာတော် မူနေကြသော မြန်မာနိုငံမှ ပညာတော်သင် ရဟန်းတော်များအား ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဘဒ္ဒန္တဒေါက်တာ ဥာဏိဿရ-မှ ပညာရေးအတွက် အထောက်အပံ့ ဖြစ်စေခြင်း အလို့ငှါ  တစ်ပါးလျှင်    USD 100 $ ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။

2011 - 2012 ပညာသင်နှစ်  အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်များစာရင်းမှာ-
(၁)  ဂယာ၊ မဂဓတက္ကသိုလ် - - - - - - - - - ၁၉၉ - ပါး
(၂) ဗာရာဏသီ၊ ဆန်စကရစ်တက္ကသိုလ် - - - ၈၄ - ပါး
(၃) ဗာရာဏသီ၊ ဘီအိပ်ခ်ျယူတက္ကသိုလ် - - -  ၁၉ - ပါး
(၄) နာလန္ဒာတက္ကသိုလ် - - - - - - - - - - - - - ၉၄ - ပါး
(၅) ဘုံဘေတက္ကသိုလ် - - - - -- - - - - - - - - ၂၇ - ပါး
(၆) ပုနေးတက္ကသိုလ် - - - - - - - - - - - - - - - ၁၇ - ပါး
(၇) နာဂဇုနတက္ကသိုလ် - - - - - - - - - - - - - - ၁၈ - ပါး
( ၈) နာဂပူရ် တက္ကသိုလ် - - - - - - - - - - - - - ၂၀ - ပါး
(၉) နာဂပူရ် (စောမယကောလိပ်) - - - - - -  -  ၁၅ - ပါး
(၁၀) ဒေလီတက္ကသိုလ် - - - - - - - - - - - - - - ၂၁ - ပါး
(၁၀) ပန်ဂျပ်တက္ကသိုလ် - - - - - - - - - - - - - -  ၄ - ပါး
(၁၁) မက်ဒရပ်တက္ကသိုလ် - - - - - - - - - - - -  - ၈ - ပါး
(၁၂) ကက်မီယားနှင့်ဂျမူးတက္ကသိုလ် - - - - - -- - ၁ - ပါး
(၁၃)  ကာလကတ္တားတက္ကသိုလ် - - - - - - - -- -  ၁ - ပါး
(၁၄) ဟိုင်ဒရာဘတ်တက္ကသိုလ် - - - - - - - -- - - ၁ - ပါး
စုစုပေါင်း   အိန္ဒိယနိုင်ငံ၊ တက္ကသိုလ် (၁၄) ခုတွင် ပညာသင်ကြားနေကြသော မြန်မာပတ်(စ်)ပို့ကိုင် ကျောင်းသား ရဟန်းတော် (၅၂၈)ပါး ရှိပါသည်။


ဆရာတော်ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများနုင့် သာသနာပြု စိတ်ဓါတ်များကား နောင်လာနောက်သား ရဟန်းတော်များအတွက် အမှန်ပင် အတုယူဖွယ် ကောင်းလှပါသည်။. ဆရာတော်ဘုရားကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သက်တော် ရာကျော်ရှည်ကာ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ပါစေကြောင်း  ဆုတောင်းဆန္ဒပြုရင်း ... ဆရာတော်ဘုရားကြီး၏ ရဟန်းတော်များအပေါ် ကြီးမားသော မေတ္တာစေတနာ ရှိပုံကို အများသဒ္ဓါ ပွါးများပါစေခြင်း အကျိုးငှါ ဓမ္မဒါနအဖြစ် ရေးသားတင်ပြအပ်ပါသည်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)
မှတ်ချက်- http://dhammalayeik.blogspot.com/2011/12/blog-post.html မှ ကူးယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...