စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂေါက်သီးအားကစား စည်းမျဉ်းများ

Definition
Abnormal Ground Conditions
မူလအခြေအနေ အတိုင်းမဟုတ်ဘဲ ပြောင်းလဲသွားသော နေရာများ
          Abnormal Ground Conditions ဆိုသည်မှာ Casual Water (ယာယီအိုင်နေသောရေများ)၊ GUR များ၊ တွင်းအောင်းသတ္တ၀ါများ၏ကျင်းများနှင့်ယင်းတို့နေထိုင်ရာမြေအစိုင်အခဲအားလုံးပါဝင်သည်။
Addressing the Ball                                         
          ဘောလုံးအား ရိုက်ရန်အတွက် အသင့်အနေ အထားဖြစ်ပြီးကြောင်းအား ရိုက်မည့်ဂေါက်တုတ်အား ဘောလုံးရှေ့(သို့မဟုတ်) နောက်ဘက်ရှိနေရာအားထိလိုက်လျှင် ရိုက်ရန်အသင့်ဖြစ်သည်ဟု သက်မှတ်သည်။ (New)
          ယခင်က Stance ယူပြီးတုတ်ဂေါင်းသည် ဘောလုံး၏ ရှေ့(သို့မဟုတ်) နောက်ဘက်ရှိနေရာအားထိပြီး မှရိုက်ရန်အသင့်ဖြစ်သည်ဟုသက်မှတ်သည်။ (Old)
Advice - အကြံ ဥာဏ်ပေးခြင်း
          အကြံဥာဏ်ပေးခြင်းဆိုသည်မှာ ဂေါက်သီးကစားသူအား မည်သည့်တုတ်အားရွေးချယ်ရမည်၊ မည်သို့ရိုက်ရမည်၊ မည်သို့ကစားရမည်ကို ကစားနေစဉ်အချိန်အတွင်း အကြံဥာဏ်ပေးခြင်းဖြစ်ပါသည်။
          ဂေါက်သီးစည်းမျဉ်း၊ ကွင်း၏အကွာအဝေးနှင့်ကွင်းအတွင်းရှိ ဟဲဇက်များနှင့်အလံတိုင်အနေအထားအား ပြောကြားခြင်း မေးမြန်းခြင်းသည်အကြံဥာဏ်ပေးခြင်းမဟုတ်ပါ။
Ball in Play
          ကစားသူသည်ဘောလုံးအားတီခုံမှ စတင်ရိုက်လိုက်သည်နှင့်ထိုဘောလုံးသည် Ball in Play ကစားနေသောဘောလုံးအဖြစ်တည်ရှိပြီး၊ ထိုဘောလုံးအားလက်ရှိကစားနေသောကျင်း၏အတွင်းသို့ဝင်အောင် ရိုက်ပြီးလျှင်၊ ထိုဘောလုံးသည်ပျောက်ဆုံးသွားလျှင်၊ B ထဲသို့ဘောလုံးရောက်ရှိခဲ့လျှင်ထိုဘောလုံးအား ကောက်ယူခဲ့လျှင် (သို့မဟုတ်) အခြားဘောလုံးဖြင့်အစားထိုးရိုက်ခဲ့လျှင်မူလဘောလုံးသည် Ball in Play မဟုတ်တော့ပါ။
          အကယ်၍ ဘောလုံးအားတီခုံဧရိယာအတွင်းမှစတင်၍ မရိုက်ခဲ့လျှင်ထိုဘောလုံးသည် ball in play မဟုတ်ပါ။ Rule 11-4 a နှင့် b ( Match play နှင့် Stroke play )  နှင့် တီခုံများရိုက်ခြင်း 11-5 စည်းမျဉ်းများ အတိုင်းဆောင်ရွက်ရပါမည်။
          ကျင်းတစ်ကျင်းအားရိုက်စဉ်အတွင်း တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့လျှင် (သို့မဟုတ်) တီခုံမှပြန်လည်၍ရိုက် ရမည်ဆိုလျှင် ထိုဘောလုံးသည် Ball in play ဖြစ်ပါမည်။
ချွင်းချက်- ( Match  play) ကျင်းပြတ်ကစားခြင်းအတွက်တီခုံဧရိယာပြင်ပမှရိုက်ခဲ့သော ဘောလုံးအတွက်မိမိ၏ ပြိုင်ဘက် (opponent) က ထိုရိုက်ချက်အား ပယ်ဖျက်၍ နောက်ထပ်ဘောလုံးအား မရိုက်ခိုင်းခဲ့လျှင် ထိုသို့တီခုံဧရိယာ ပြင်ပမှရိုက်ခဲ့သော ဘောလုံးသည် ball in play ဖြစ်လာပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...