စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







IC မိသားစု လူထုခေါင်းဆောင်ဒေါ်စု ကို လာရောက် ဂါဝရပြု

မြန်မာပြည်ရဲ့ အကျော်ကြားဆုံး တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ် တေးဂီတအဖွဲ့ဟာမနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ ညနေပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ အိုင်းရင်းခရော့စ် အဖွဲ့သားတွေဖြစ်တဲ့ အဆိုတော်လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်း၊ တီးဝိုင်းအဖွဲ့သားတွေဖြစ်တဲ့ ချစ်စမ်းမောင်၊ ခင်မောင်သန့်၊ ဗညားစတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ကြပါတယ်။
သွားရောက်တွေ့ဆုံရတဲ့ အကြောင်းကို ဘေ့စ်ဂစ်တာသမား ကိုခင်မောင်သန့်က ခုလိုပြောပြပါတယ်။
“တော် တော်များများက သူတို့ စီစဉ်တဲ့ရက်နဲ့ ကျနော်တို့ ကြိုလက်ခံထားတဲ့ပွဲနဲ့ တိုက်နေတယ်။ လောလောဆယ် ဒီပွဲမှာ ကျနော်တို့ ပါဝင်ခွင့် မရဘူး။ ကောလာဟလ အမျိုးမျိုး ထွက်နေလို့။ ပွဲတွေစပြီး စီစဉ်နေတဲ့ အချိန်မှာ လေးဖြူက စင်ကာပူမှာ ရောက်နေတယ်။ ချစ်စမ်းမောင်က အမေရိကားမှာ ရောက်နေတယ်။ သူတို့အဲဒီမှာ အသီးသီးရောက်နေချိန် ကျနော်တို့က အရမ်းကြီးလက်မခံရဲဘူး။ အဲဒါ အပြင်မှာ ကောလာဟလ အမျိုးမျိုး ထွက်နေလို့ အန်တီ့ကိုသွားပြောပြတာ။”
တွေ့ ဆုံချိန် အချိန်တိုအတွင်း ထွေရာလေးပါး စကားတွေပဲ ပြောဖြစ်ကြတဲ့ အကြောင်းနဲ့ နောင်မှာ ထပ်တွေ့ကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်တဲ့ တိုင်းရင်းသားပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အိုင်စီ အဖွဲ့သားတွေကလွဲလို့ ကျန်တဲ့ တေးဂီတအဖွဲ့နဲ့ တေးသံရှင်တွေ အားလုံးနီးပါး ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ 
Photo- Iron Cross (Facebook)
                                                              Aunty Su and IC Family !  with    Zin Mar Lwin, Swan Htet, Khin Chan Tha, Chit San Maung, Khin Mg Aye, Aung San Suu Kyi, Helen Ayekyaw, Ko Ko Lwin, Naymoe Nway, Nang Mon Kham, Thunderbolt Mg, Kha Yann, ကြယ်စင် ဖြူ, Chan Nyein and Soelin Thu.

လေးဖြူအပါအ၀င် IC အဖွဲ့က ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုတွေ့ဆုံမှုတွင် IC အဖွဲ့မှ ၉ ဦးပါဝင်ကြောင်း IC တီးဝိုင်းမန်နေဂျာ ဦးကိုကိုလွင်က 7Day News Journal ကိုပြောသည်
By: သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...