စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတိုအထွှာ တချို့

1. နောက်ဘက်သို့ဦးတည်ပြီး နောက်ပြန်ပျံသန်းနိုင်တဲ့တစ်မျိုးတည်းသောငှက်အမျိုးအစားကတော့ Hunningbirds ဆိုတဲ့ ငှက်တွေပါပဲ။
2. Blue Whale တွေဟာ အစားအစာတွေကို နေ့စဉ်သုံးတန်တောင်မှ စားပါသတဲ့။ ဒါပေမဲ့ လုံးဝအစာမစားဘဲနဲ့လည်း ခြောက်လကြာအောင် နေနိုင်ပါသေးသတဲ့။
3. သင့်လက်မရဲ့အရှည်ဟာ သင့်နှာခေါင်းရဲ့အရှည်နဲ့အတူတူဖြစ်ပါတယ်။
4. မြေပဲကို ဒိုင်းနမိုက်ပြုလုပ်ရာမှာ ပါဝင်ပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်တဲ့။
5. typing ရိုက်ရာမှာ ဘယ်ဘက်လက်ကိုချည်းပဲ အသုံးပြုရတဲ့ အရှည်ဆုံးစာလုံးဟာ Stewardesses ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
6. အာလူးအစိမ်းတစ်ပေါင်ထက်အာလူးကြော်တစ်ပေါင်ရဲ့တန်ဖိုးဟာ အဆ (၂၀၀)ပိုပြီး အကုန်အကျများပါသတဲ့။
7. ၀က်တွေဟာကောင်းကင်ကိုမော့မကြည့်နိုင်ပါဘူး။ မြင်းတွေကတော့ မအန်နိုင်ကြဘူးလို့သိရပါတယ်။
8. လူရဲ့ခြေထောက်တွေဟာ တခြားအချိန်တွေမှာထက် နေ့လယ်ဘက်မှာ ပိုပြီးကြီးမားကြပါသတဲ့။
9. သွားပွတ်တံကို 1948 ခုနှစ်ကတည်းကစပြီး တီထွင်ခဲ့ကြပါတယ်။
10. ကြောင်တစ်ကောင်ရဲ့နားရွက်တစ်ဖက်စီမှာ ကြွက်သား 32 ခုတောင်ပါရှိတယ်လို့သိရပါတယ်။
ဝန်ခံချက်။ ။ 2011ခုနှစ် ဒီဇင်ဘာလထုတ် Image မဂ္ဂဇင်းမှ သဉ္ဇာခိုင်၏ Knowledge Corner ကို မျှဝေပေးပါသည်

Bridgestone ၏ အနာဂတ် ကား တာယာများ လေထိုး လေဖြည့်ရန် မလိုတော့ဘူးလား

နာမည်ကျော် ဂျပန်အခြေစိုက် တာယာထုတ်လုပ်သူ Bridgestone Corp မှ အနာဂတ်ကာလ အတွက် သဘာဝ ပါတ်ဝန်းကျင်းနှင့် ပိုမို သဟဇာတဖြစ်ပြီး လေထိုး လေဖြည့်ရန် မလိုသော မျိုးဆက်သစ် တာယာတစ်မျိုးကို ယခုနှစ် တိုကျိုကားပြပွဲ ၂၀၁၁ တွင်  ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/d9b5872a9de7119d54f83c9756d00cb5.jpg
Bridgestone မှ ထုတ်လုပ်လိုက်သော အဆိုပါ လေမဲ့ တာယာပုံစံသစ်သည် အတွင်းပိုင်းတိုင် ကော်စေး အချောင်းလေးများကို ပိုက်ကွန်သဖွယ် ရက်လုပ်ထားပြီး အသုံးပြုသော ယဉ်၏ အလေးချိန်ကို ထောက်ခံပေးနိုင်ရန် ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ တာယာတွင် အသုံးပြုထားသော ပစ္စည်းများအားလုံးကို ပြန်လည်အသုံးချ၍ ရမည်ဟု ဆိုသည်။ “ဒီတာယာက ကားဆောင့်တဲ့ဒဏ်ကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိတဲ့ အတွက် စီးနင်းတဲ့အခါ သက်တောင့်သက်သာ ဖြစ်မှာပါ” ဟု ကုမ္ပဏီ ထာဝန်ရှိသူများက ဆိုပါသည်။
bridgestone airless tyre concept

Source : http://patheincity.com/news/index.php/2011/12/bridgestone-shows-rec...
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

စလုံး၊ ထိုင်း၊ မလေးတို့ကနေ မြန်မာပြည်ကို တရားဝင် ငွေလွှဲနိုင်တော့မယ်


စင်ကာပူ၊ ထိုင်း၊ မလေးရှား ဒီသုံးနိုင်ငံ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘဏ်ကတဆင့် ငွေလွှဲနိုင်တော့မယ်လို့ ဆိုပါတယ်။

လုပ်ပိုင်ခွင့် ရသွားတဲ့ ဘဏ် ၄ ခု စာရင်းကို မနေ့က သတင်းစာတွေမှာ အခုလို တွေ့ရပါတယ်။

သမဝါယမဘဏ်
ကမ္ဘောဇဘဏ် (ဦးအောင်ကိုဝင်း)
ဧရာဝတီဘဏ် (ဦးဇော်ဇော်)
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (ဦးတေဇ)
ဧရာဝတီ

ဝတ်ခြံ2မျိုးအတွက်ဆေးနည်းလေးတချို.ပါနော်

ဝက်ခြံအတွက်
          အစေ.ထုတ်ထားတဲ.ခရမ်းချဉ်သီးမှည်.ဧ။် အသားပြားကို ၀က်ခြံပေါ်တွင် 1 နာရီခန်. တင်ပေးပြီးရေဆေးမျက်နှာသစ်လိုက်ပါ။ စိတ်တော.ရှည်ပေးနော်
သူငယ်ချင်းတို.မျက်နှာလေးမှာဝက်ခြံလေးတွေကင်းပြီးလှပသွားမှာပါ။
 ဆားဝက်ခြံအတွက်
            အင်္ဂလိပ်စာလုံး T-zone ဆိုသည်မှာ နဖူးပြင်နှင်. နှာတံတစ်လျောက်ကို ဆိုလိုခြင်းပါ။ ဆားဝက်ခြံရှိနေသည်. T-zone နေရာကိုအာလူးဖြင်.ခပ်ပြင်းပြင်း ပွတ်တိုက်ပေးပါ။တစ်နာရီအကြာတွင် ရေဖြင်.မျက်နှာသစ်ပေးပါ အမြဲပြုလုပ်ပေးခြင်းဖြင်.ဆားဝက်ခြံများသိသာစွာလျော.ပါးပျောက်ကင်းသွားမှာပါ။
ကဲသူငယ်ချင်းတို.အားလုံးလှပတဲ.မျက်နှာလေးတေါပိုင်ဆိုင်ကြပါစေနော်.........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...