စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မသေသင့်ဘဲသေဆုံးခဲ့ရသူ ၁၀ နှစ်သားလေး၏ ဖြစ်ရပ်

(မောင်ဇော်ဇော်ဦး)
ရန်ကုန်တိုင်း တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ (၁၄) လမ်းတွင်နေထိုင်သော အဖ ဦးသန်းဦး အမိ ဒေါ်အေးအေးမြ တို့၏ (၁၀) နှစ်သားအရွယ် ပဉ္စမတန်းကျောင်းသား မောင်ဇော်ဇော်ဦးသည် တွံတေးမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကြူခိုင်နှင့် တာဝန်ကျဆရာမတို့၏ ဂရုစိုက်မှုပေါ့လျှော့သောကြောင့် အသက်ဆုံးပါးခဲ့ရသည်။

ဖြစ်စဉ်မှာ (၁၃.၁၂.၂၀၁၁)ရက်နေ့ ည (၇း၀၀)နာရီခန့်တွင် မောင်ဇော်ဇော်ဦးမွေကိုက်ခံရသဖြင့် ဒေါက်တာကြူခိုင် ပုဂ္ဂလိကဖွင့်လှစ် ထားသောဆေးခန်းသို့သွားရောက်ပြသခဲ့သည်။ ဒေါက်တာကြူလှိုင်သည် ဂလူးကို့(စ်)တလုံးချိတ်ပေးပြီး တွံတေးဆေးရုံတင်ရန်ညွှန် ကြားခဲ့သည်။ ဆေးကုသငွေ(၅၀၀၀)ကျပ်ယူလိုက်သည်။
ဆေးရုံရောက်သည့်အခါတွင် တာဝန်ကျဆရာမသည် လူနာစာရင်းယူထားပြီး မည်သည့်ကုသမှုမှပြုလုပ်ပေးခြင်းမရှိခဲ့ပါ။ ကလေးမှခေါင်း မူးခြင်း၊ ဗိုက်အောင့်ခြင်းဝေဒနာများခံစားနေရကြောင်းသွားရောက်အကြောင်းကြားပြောဆိုသောအခါ ဗိုက်အောင့်ပျောက်ဆေးထိုးပေး ထားကြောင်းပြန်ပြောရုံမှလွဲ၍လာရောက်ကြည့်ရှုခြင်း၊ စမ်းသပ်ခြင်းများမပြုလုပ်ပေးခဲ့ပါ။

ကလေးမှရင်ပူရေငတ်သဖြင့် ရေတိုက်လို့ရလားဟု သွားရောက်မေးမြန်းသည့်အခါတိုက်လို့ရကြောင်းပြန်ပြောသဖြင့် ရေတိုက်ရာ ရေတ ဗူးလုံးကုန်အောင်သောက်ပြီးနောက် အကုန်ပြန်အန်ထွက်လာသည်။ ထို့ကြောင့် ကလေးခံစားနေရသည့်အခြေအနေကို ထပ်မံသွား ရောက်အကြောင်းကြားရာ “လိုအပ်ရင်လုပ်ပေးမယ်၊ မလိုအပ်လို့လုပ်မပေးတာ။ ဖြုတန်ဆာအနာလုပ်မနေနဲ့” ဟု အော်ငေါက်၍ပြန်လည် ပြောဆိုခဲ့သည်။
ည (၂) နာရီထိုးသည့်အချိန်တွင် မောင်ဇော်ဇော်ဦး၏ မျက်လုံးများအစ်လာသဖြင့် သွားရောက်အကြောင်းကြားရာ “ဘာမှမဖြစ်ဘူး၊ ဆီးမသွားလို့ဖြစ်တာ၊ ဆီးနမူနာယူလာခဲ့” ဟုပြောသဖြင့် ဆီးနမူနာသွားပို့သည့်အခါ နမူနာပုလင်းကို စားပွဲပေါ်တင်ထားခဲ့ရန်ပြောသဖြင့် စားပွဲပေါ်တင်ထားခဲ့သည်။ သို့ရာတွင် မနက်ရောက်သည့်အခါ “ဆီးနမူနာ” ထပ်ပေးရန်ပြောပြန်ပါသည်။ (၂၄) ရက်နေ့မနက် (၈) နာရီ အချိန် ကလေးမှာ ကယောင်ကတမ်းဖြင့် သတိရတချက်၊ မရတချက်ဖြစ်နေသည့်အချိန်တွင်မှ မြွေဆိပ်ဖြေဆေး(၁)လုံးထိုးပေးပါသည်။

ဒေါက်တာအေးကြူရောက်လာသည့်အချိန်တွင် သွေးပေါင်ချိန်ကြည့်ပြီး ရန်ကုန်ဆေးရုံကြီးသို့တင်ရန်ညွှန်ကြားပြီး၊ ဆေးစာရေးပေး ပါသည်။ အမှန်တကယ်မြွေဆိပ်ဖြေဆေးတလုံးသာထိုးပေးခြင်းဖြစ်သော်လည်း ဆေးစာတွင် မြွေဆိပ်ဖြေဆေး(၃) လုံးထိုးထားသည်ဟု ရေးထားပါသည်။ ရန်ကုန်ဆေးရုံကြီးကမှတဆင့်၊ ကလေးအထူးကုဆေးရုံသို့ဆက်လက်လွှဲအပ်သဖြင့် ကလေးဆေးရုံသို့ရောက်သည့် အချိန်တွင် ကျောက်ကပ်အတွင်းမြွေဆိပ်များပျံ့နှံ့နေပြီဖြစ်သောကြောင့် အသက်လုကုသရမည်ဖြစ်ကြောင်းသိရှိခဲ့ရသည်။
သို့ရာတွင် မောင်ဇော်ဇော်ဦးသည် (၂၆.၁၂.၂၀၁၁) ရက်နေ့ မနက် (၁း၀၅) မိနစ်အချိန်တွင် အသက်ဆုံးရှုံးခဲ့ရသည်။
အသေးစိတ်သိရှိနိုင်ရန်အတွက်ကလေး၏မိဘများဖြစ်ကြသည့် - ဦးသန်းဦး၊ ဒေါ်အေးအေးမြ ( ဖုန်း - ၀၉၅၀၇၂၃၇၄၊ ၀၉၅၁၁၅၆၄၂) စသည့် ဖုန်းနံပါတ်များသို့လည်းကောင်း၊
ကိုဟိန်း (ဖုန်း - ၀၉၄၃၁၉၁၀၈၀) သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။
(ဆိုဒ်တစ်ဆိုဒ်မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...