စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရာဘာလူသား(ဂျက်ကီချမ်း ကားတွေကြည့်လို့ ကမ္ဘာ့ စံချိန်ဝင်သူ)






Vijay Sharma ဆိုသူကတော့ အလွန်ပျော့ပြောင်းသူ တစ်ယောက်ဖြစ်သလို သူ့ခေါင်းပေါ်ကို ကျော်ပြီးတော့ ခြေထောက်နဲ့ ပြန်ပါတ်ထားလို့ ရပါတယ်။ သူ့ရဲ့ပျော့ပျောင်းမှုကြောင့် ရာဘာ လူသား အဖြစ် Limca စံချိန်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းကိုခံခဲ့ ရပါတယ်။ နောက်ပြီး အိန္ဒိယ နိုင်ငံရဲ့ ကမ္ဘာ့ ဂရင်းနစ် စာအုပ်ထဲမှာလဲ မှတ်တမ်း တင်ခြင်းခံခဲ့ရပါတယ်။ သူဟာ တစ်နေ့မှာ ကမ္ဘာကျော်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ မျှော်လင့်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ Vijay Sharma က ကျွန်တော်အခု ကိုယ်ခံပညာတစ်ခုသင်ပြီး လေ့ကျင့်မှု့ပြုလုပ်နေပါတယ်။ ကမ္ဘာ့ စံချိန်တင်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။ သူ့ရဲ့ ထိုကဲ့သို့ ပျော့ပြောင်း စေတဲ့ အဓိက အကြောင်းအရင်ကတော့ ငယ်စဉ်က ဂျက်ကီချမ်း ကားတွေကြည့်ပြီး ထိုကဲ့သို့


လိုက်လေ့ကျင့်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Rajashtan's Jhunjhunu ရွာသား Vijay ကတော့ သိုင်းပညာကို ၁၉၉၉ ခုနှစ်ကတည်းက စတင်သင်ကြားလေ့ကျင့်ခဲ့တာဖြစ်ပြီး ဂျက်ကီချမ်း ရဲ့ခက်ခဲဆန်းပြားစွာ ခုန်ပျံ ချိုးခေါက် တွန့်လိမ်လှုပ်ရှားသော တိုက်ကွက်များကို လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ထိုကဲ့လို့ ပြုလုပ်ရန် အကျောပျော့ ရမယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Vijay ဟာ သူ့ခန္ဓာကိုယ်ကို ချုံ့ ထားလို့ရသလို ခြေထောက်နဲ့ လဲ အအေးဗူးကို ကိုင်ပြီးသောက်လို့ ရပါတယ်။ ၉ လက္မခွဲသာ အကျယ်ရှိတဲ့ တိုင်းနစ် ရိုက်တဲ့ အတံ မှ ကြိုးများကို ဖြတ်ပြီး တစ်ကိုယ်လုံး ဝင်အောင် သွင်းနိုင်ခဲ့ပါတယ်။ Vijay ဟာ ညတစ်ရေးနိုးလဲ ထပြီး အကျောပျော့ဖို့ လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ကျင့်နေစဉ် သွေးထွက်မှု့များရှိခဲ့သော်လည် လေ့ကျင့်မှု့ကို မရပ်တန့်ဘဲ ဇွဲရှိရှိ ဆက်လက်လေ့ကျင့် ခဲ့သူဖြစ်ပါတယ်။ သူဟာ အနည်းဆုံး တစ်ရက် ကို လေးနာရီ လေ့ကျင့်သူဖြစ်ပါတယ်။
onlinedoctor.ning.com
source : myanmarreader.co.cc

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...