စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိအိမ်မှာ ဧည့်သည်တော် မှတ်တမ်း ထည့်နည်း



ဖူးစာရှင်လေးဆိုဒ်က မိမိအိမ်မှာ ဧည့်သည်တော်မှတ်တမ်း ထည့်ချင်သူတွေအတွက် လမ်းညွန်ပေးလိုက်ပါတယ်။ ဒါလေးထည့်ထားရင် မိမိအိမ်ကို ဒီနေ့လူဘယ်နှစ်ယောက်လာလည်သွားတယ်ဆိုတဲ့ လူဦးရေကိုသိနိုင်ပါတယ်။ အောက်ကပုံလေးတွေကိုလေ့လာလိုက်နော်
ပထမဦးဆုံး ဒီဆိုဒ်လေးကိုအရင်သွားပါ http://www.99counters.com
ဒီဆိုဒ်လေးကိုရောက်ရင် အောက်ကပုံမှာပြထားတဲ့အတိုင်းမြင်ရလေ့မယ်
အဲမှာ အရင် sign up လုပ်ရပါမယ်။ ဒါကြောင့် sign up ဆိုတာလေးကိုနှီပ်ရပါ့မယ်
sign upနှိပ်ဖို့ နေရာသုံးခုရှိတယ် ကြိုက်တာနှိပ်ပါ အတူတူပါပဲ အောက်ကပုံကိုကြည့်ပါ ။


ပြီးရင်အောက်ကပုံအတိုင်းမြင်ရလေ့မယ် အဲမှာ
မိမိ ဂျီမေး လိပ်စာထည့်ပေးပါ အောက်က password ကို ဖြည့်ပါ
password ဖြည့်တဲ့အခါ မိမိ ဂျီမေး password မဟုတ်ပဲနောက်ထက် password အသစ်
ထည့်လို့ရပါတယ်။ confirm password မှာ အထက်က စကားဝှက်ကိုပဲဖြည့်ပါ။
ပြီးရင် sign up ကိုနှိပ်ပါ။ အောက်ကပုံကိုကြည့်ပါ


ပြီးရင်ဒီလိုလေးမြင်ရလေ့မယ်အဲမှာ Click here ကိုနှိပ်ပါ ။အောက်ကပုံကိုကြည့်ပါ


ပြီးရင် ဒီတိုင်းမြင်ရလေ့မယ်
ဒီနေရာမှာ Theme ဆိုတဲ့နေရာမှာ အရောင် စိတ်ကြိုက်ရွေးလို့ရပါတယ်
Counter Name က ကိုယ်ပေးချင်တာပေးလို့ရပါတယ်
Start at ကိုတော့ 0 ပဲထားပါ
Time Zone ကိုတော့ ကိုယ့်ဘာသာရွေးပါ ကျွန်တော်က မြန်မာပြည်ကမလို့ GMT+06:30 Yangon ကိုရွေးလိုက်ပါတယ် ။ ပြီးရင် save ကိုနှိပ်ပါ ။ အောက်ကပုံကိုကြည့်ပါ။


ပြီးရင် Code တွေပေါ်လာလေ့မယ် အဲမှာ Flash code နဲ့ Java code နှစ်ခုရှိတယ် ကိုယ့်ကြိုက်တာတစ်ခုကို
copy ယူပြီး ဖူးစာရှင်လေးဆိုဒ်က မိမိအိမ်က TEXT BOX မှာ အဲကုဒ်တွေကိုသိမ်းလိုက်ရင်ရပါပြီ။


ဒါဆိုရင် ကိုယ့်အိမ်ကို လူဘယ်နှစ်ယောက်လာလည်တယ်ဆိုတာကို သိနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေနော်။
ဂျွန်ဖြိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...