FNG၊ ၊ကမ္ဘာ ဂြိုလ် နှင့် သွင်ပြင် လက္ခဏာ အပြင် ဖွဲ့ စည်း တည်ရှိ မှု ပုံ သဏ္ဍန် ပါ တူညီ သည့် ဂြိုလ် သစ် တစ်လုံး ကို အမေရိကန် အမျိုးသား အာကာသ သိပ္ပံ (NASA)နက္ခတ် ပညာရှင် များ ၏NASA’s Kepler mission မှ တွေ့ ရှိ သည် ဟု နာဆာ အင်တာနက်စာမျက် နှာ တွင် ဖော်ပြထား သည်။Kepler 22-b ဟု အမည် ပေး ထား သည့် အဆို ပါ ဂြိုလ် သည် ကမ္ဘာ နှင့် အလင်း နှစ် မိုင် ၆၀၀ ° အကွာ တွင် ရှိ ကာ ကမ္ဘာ ဂြိုလ် ထက် နှစ် ဆ ခွဲ ပိုမိုကြီး မား သည်။ ထိုဂြိုလ် သစ် တွင်ရေ နှင့် ကျောက်ခဲ ၊ မြေကြီး များ ရှိကာ သက်ရှိ သတ္တ ၀ါ တို့  ရှင်သန် ကြီးထွား နိုင် မည် ဟု သိပ္ပံ ပညာရှင် များ က ပြောသည်။

ကမ္ဘာ နှင့် အလား သဏ္ဍန် တူသည့် ထို ဂြိုလ် သည် သူ၏ နေ ကို တစ်ပတ် ပတ် မိရန် ရက်ပေါင်း ၂၉၀ ကြာသည်။
Kepler 22-b ကို သိပ္ပံ ပညာ ရှင် များ က ယခု နှစ် ဖောဖော်ဝါရီလ ကတည်း က အားကောင်းသော Kepler နက္ခတ် ကြည့် မှန် ပြောင်း ဖြင့် တွေ့ ရှိ ခဲ့ ခြင်း ဖြစ်သည်။ ကက်ပလာ မစ်ရှင်မှ တွေ့ ရှိ မှု တွင် Kepler 22-b ကဲ့ သို့  ပင် အခြား ဂြိုလ် ၅၄ လုံးမှာ လည်း ကမ္ဘာ နှင့် အလားဆင်တူ သော် လည်း Kepler 22-b သာ သက်ရှိ များ နေထိုင် ရန် သင့်လျှော် သည်။
သိပ္ပံ ပညာရှင် များ က Kepler 22-b ကို Earth 2.0 (သို့  ) Super Earth ဟု ခေါ် သည်။ ယခင်က ကမ္ဘာ နှင့် အလား သဏ္ဍန် ဆင် သည့် ဂြိုလ် များ တွေ့ ရှိ ခဲ့ သောလည်း သက်ရှိများနေထိုင် ရန် သင့် လျှော် ခြင်း မရှိ ဟု ဆိုသည်။
Kepler 22-b ကို ကမ္ဘာ မှ ခရီး နှင် ရန် မူကား များ စွာ အခက် အခဲ များ ရှိ သည် ဟုသိရသည်။
http://freedomnewsgroup.com
No comments:
Post a Comment