စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးမည့် နည်းလမ်းငါးသွယ်

သင့်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးမည့် နည်းလမ်းငါးသွယ်

နေ့စဉ်လုပ်နေကျ လုပ်ဆောင်မှုလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ချက်ချင်းတော့ သိသာလွယ်မှာ မဟုတ်ပေမယ့် ကြာလာတဲ့အခါ သင့်ကျန်းမာရေးအတွက် ကမ္ဘာလောကကြီး တခုလုံးကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည့် နည်းလမ်းတွေဖြစ်ပါတယ်။

၁။ ရေချိုးချိန်ကို သတ်မှတ်ထားပါ---
ရေပူကို ရေပန်းနဲ့ ရေချိုးတဲ့အခါ ငါးမိနစ်လောက်ပဲ ကန့်သတ်ထားပါ။ သင့်ခန္ဓာကိုယ်ကို ဆပ်ပြာတိုက် ကြေးချွတ်နေတဲ့အခါနဲ့ ခေါင်းလျှော်နေတဲ့အခါတွေမှာ ရေပန်းကို ပိတ်ထားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေချိုးချိန်နည်းတဲ့အတွက် မိသားစုဝင် လေးဦးရှိရင် တနှစ်မှာ ရေဂါလန် တသောင်းကျော်ကို စုဆောင်းပြီးသား ဖြစ်သွားပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေပူက အရေပြားရဲ့ သဘာဝအဆီဓာတ်ကို ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ရေပန်းအောက်မှာနေတဲ့ အချိန် နည်းလေလေ အရေပြားမှာ အစိုဓာတ် ကောင်းကောင်းရှိနေလေပါပဲ။

၂။ အမဲသား လျှော့စားပါ---
အမဲသားအစား တူနာငါး၊ ဒါမှမဟုတ် ဆယ်လ်မွန်ငါး စားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
အမဲသား ထုတ်လုပ်တာဟာ ကြက်သား ငါးတို့ထက် ဖန်လုံးအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို နှစ်ဆခွဲ ပိုများစေပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
အိုမီဂါသရီ ဖက်တီးအက်စ် ပေါကြွယ်ဝတဲ့ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေဟာ နှလုံးကို အကျိုးပြုရုံသာမက အရေပြား ခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။ တပတ်မှာ ငါးကို နှစ်ကြိမ်စားပါ။

၃။ Air Freshener ကို မသုံးပါနဲ့---
အိမ်တွင်းလေထုဟာ အိမ်ပြင်လေထုထက် သုံးဆလောက်ပိုမိုလေထုညစ်ညမ်း နေတတ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကိုဖွင့်ပြီး သဘာဝအတိုင်း လေထုသန့်စင်အောင် လုပ်ပါ။ အခန်းတွင်းမှာ ရနံသင်းပြန့်နေအောင် ပန်းကန်လုံးတခုထဲ လိမ္မောခွံနဲ့ ပင်စိမ်းရွက် ရောထည့်ထားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
သဘာဝအရင်းအမြစ် ကောင်စီဲရဲ့ လေ့လာမှုအရ Air Freshener ၁၄-မျိုးမှပါဝင်တဲ့ ဓာတုပစ္စည်း ၁၂-မျိုးဟာ ဟောမုန်းမညီမျှမှု၊ မွေးရာပါ ကလေးချို့ယွင်းမှုနဲ့ မျိုးဆက်ပွားစနစ် ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
Air Fresheners တွေဟာ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ၊ အငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းတွေနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် ရှောင်တာဟာ ကျန်းမာရေးကို အကျိုးပြုပါတယ်။

၎။ ဆပ်ပြာရည် ရှောင်ပါ---
ဆပ်ပြညရည်အစား ဆပ်ပြာခဲသုံးပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ဆပ်ပြာရည်အများစုဟာ သုံးရအဆင်ပြေပေမယ့် Triclosan လို ပိုးသတ်အာနိသင် ပါဝင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ဆပ်ပြည်ရည်သုံးပြီး ရေချိုးတဲ့အခါ လိုတာထက် ပိုသုံးမိတဲ့အတွက် အရေပြားကို ခြောက်သွေ့စေပြီး ပိုးတွေ ကပ်ညိလွယ်ပါတယ်။

၅။ ကွန်ပျူတာမှာ Screen Saver ထားချိန်လျှော့ပါ---
ကွန်ပျူတာမှာ Screen Saver ကို အကြာကြီးထားတာမျိုး ရှောင်ပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
Screen Saver ကို အကြာကြီးထာတာဟာ ကွန်ပျူတာ ပိတ်ချိန်ကြာသွားတဲ့အတွက် မလိုအပ်ဘဲ လျှပ်စစ်စွမ်းအင် ဖြုန်းတီးရာရောက်ပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ကွန်ပျူတာ လျှပ်စစ်လှိုင်းဟာ သင့်စိတ်ကို ပင်ပန်းစေပါတယ်။

ကြယ်စင်
(Good Health 3-10-10)

http://www.mawluu.com/2010/12/blog-post_16.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...