စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စွန်ထန်ဟင်းချို



သူငယ်ချင်းတွေအတွက် အလွယ်ဆုံးနှင့်အကောင်းဆုံး စွန်ထန်ဟင်းချို ချက်နည်းလေးကို share ပါမယ်။

Ingredients:

စွန်တန်ခြောက် အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
ချင်း အနည်းငယ်
ငရုတ်သီးစိမ်း ၅တောင့်
ခရမ်းချဉ်သီးအနေတော် ၁လုံး
ဆား အနည်းငယ်

Preparation Method:

၁) စွန်တန်ခြောက်ကို တရေ အကြမ်းဆေးပြီး စစ်ထားပါ။ ခရမ်းချဉ်သီးကို အစိပ်လေးတွေ လှီးပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။

၂) ဟင်းချိုချက်ရန်အတွက် ရေလိုသလောက်နှင့်ဆား အနည်းငယ် အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၃) ချင်းနှင့် ကြက်သွန်ဖြူတွေကို ဓားပြားရိုက်ပြီး အိုးထဲသို့ အရင် ထည့်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို ထည့်ပါ။

၎) စားခါနီးမှ ပြင်ဆင်မယ့် ပန်းကန်ထဲကို စွန်တန်ခြောက်ကို အရင်ထည့်ပြီး ပွက်ပွက်ဆူနေသော ဟင်းချိုရည်ကို လောင်းထည့်ပါ။

**အချဉ်စူးစူးကြိုက်လျှင် စွန်တန်ခြောက်ကို ဟင်းချိုရည်ထဲ အရင်ထည့်၊ ပွက်ပွက်ဆူအောင် တည်ပြီးမှ ပြင်ဆင်မယ့် ပန်းကန်ထဲကို ထည့်ပါ။

အရသာ စိတ်ကြိုက်ပြင်ပြီးလျှင် ချဉ်ငံစပ်နဲ့ သောက်လို့ ကောင်းသော စွန်ထန်ဟင်းချို ရပါပြီ်ရှင်။

မူရင်း = KaeKae's FoodPalace



https://www.facebook.com/thaicosmeticslovers/photos/a.323074691226201.1073741

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...