စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေရောင်ခြည်စွမ်းအင်ယူမယ့် မျက်မှန်


သက္ကရာဇ် ၂၀၀၈ ခုနှစ်ကတည်းက တောင်ကိုရီးယားမှ တီထွင်ပညာရှင် ၂ ဦးဟာ နေရောင်ခြည် စွမ်းအင်ကို ဆုပ်ယူနိုင်မယ့် နေကာမျက်မှန်အား ဖန်တီးခဲ့ ပါတယ်။ ယင်းမျက်မှန်ကို တပ်ထားပြီး နေရောင်ထဲမှာ လမ်းလျှောက်ရင် ရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးနေမှာ ဖြစ်ပြီး ကြိုးနဲ့ တပ်ပြီးဖုန်းကို ထိုးထားရင် ဖုန်းအား ဖြည့်လို့ ရသလို၊ iPod, iPad တို့ကို တပ်ထားပြီးတော့လည်း အားဖြည့် နိုင်မှာ ဖြစ်ပါတယ်။

ပထမတုန်းက နေရောင်ခြည်ကနေ ရတဲ့ စွမ်းအင်ကို မျက်မှန်ကနေ ယူတဲ့ အခါ မျက်လုံး ထိခိုက်စရာ အခက်အခဲ ရှိခဲ့ ပါတယ်။ နောက်တော့ နည်းပညာသစ် တွေ့ရှိခဲ့ပြီး မျက်မှန်မှာ ကြားခံထားတဲ့ ဆိုလာပြားက ကျန်းမာရေး ကို မထိခိုက်စေတော့ ပါဘူး။ သူက နေရောင်ခြည်ကို မျက်လုံး ကျန်းမာရေး မထိခိုက်စေပဲ ရယူနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက် တစ်ခုကတော့ ဈေးကြီး နေသေးလို့ပဲ ဖြစ်ပါတယ်။

ဈေးနှုန်းအရ အများအပြား ထုတ်လုပ်ရန် အဆင်မပြေသေးတာကြောင့် ယင်း မျက်မှန်ကို ဈေးကွက်မှာ မတွေ့ရသေးတာပါ။ ဒါပေမယ့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ယင်းမျက်မှန်ကို အများအပြား မြင်တွေ့ ရတော့မှာ ဖြစ်ကြောင်း ခန့်မှန်း ထားကြ ပါတယ်။
.
Ref:Powermag
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...