စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကိုယ်က စလိုက်ပါ”





တစ်ခါတစ်ရံ သင့်အလှည့်တုန်းက ခွင့်မလွှတ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကိုသူ့အလှည့်မှာ ခွင့်လွှတ်ပေးလိုက်တဲ့အခါမျိုးမှာ
သင် နောင်တများစွာ ရတတ်ပါတယ်။ဒါကြောင့် အပြစ်အနာအဆာများ တွေ့ရတဲ့အခါ အတတ်နိုင်ဆုံး ခွင့်လွှတ်နိုင်ဖို့
ကြိုးစားပါ။နားလည်နိုင်ဖို့ အားထုတ်ပါ၊

သူ့အလှည့်ရောက်တဲ့အခါလည်း သင့်ကို နားလည်ပေးလာပါလိမ့်မယ်။
ပုထုဇဉ် ကမ္ဘာမှာ မှားနိုင်တဲ့ အခြေအနေနဲ့ မှားနိုင်တဲ့ အခွင့်အရေးလေး တစ်ခုခုရရင် လူတိုင်းဟာ မှားတတ်ပါတယ်၊“သူလည်း ဒီလို၊သင်လည်း ဒီလိုပါပဲ။”“အတုန့်အလှည့်ဆိုတာ ကောင်းမွန်သည့်
ကိစ္စရပ်များမှာသာ ထားရှိအပ်သော စိတ်ထားဖြစ်ပါတယ်။”

ဒါကြောင့် သူကောင်းတာထက် ပိုကောင်းပေးလိုက်ပါ၊ သို့သော် သူဆိုးတိုင်း လိုက်မဆိုးပါနဲ့။
နှစ်ယောက်လုံး ဆိုးနေရင် ပြင်ပေးမယ့်သူဘယ်ရှိပါတော့မလဲ။သင်ဟာ သူ့ကို အချစ်ဆုံးဆိုလျှင်
လောကမှာ သူ့ကို နားအလည်ဆုံးကလည်း သင်ပဲ ဖြစ်ရမှာပါ။

သူကောင်းလာဖို့အတွက်၊ သင်က စကောင်းပေးလိုက်ပါ။
ဒါဟာ စိတ်ရဲ့ စိတ်ငြိမ်းချမ်းရေးအတွက် “အကောင်းဆုံးသော နည်းလမ်း” ပဲဖြစ်ပါတယ်။။
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...