စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်ပြင်ဆင်သင့်တဲ့အကျင့်ဆိုး(၈)ခု


ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ကျွန်တော်တို့သတိမထားမိပဲ ပြုလုပ်မိနေတဲ့ အကျင့်ဆိုးလေးတွေ ရှိပါတယ်။တစ်ချို့အကျင့်ဆိုးတွေက သင့်ကိုပဲ ဒုက္ခပေးပြီး အခြးသူတွေကို ဒုက္ခမပေးပါဘူး။ ဒါပေမယ့် တစ်ချို့အကျင့်ဆိုးတွေ ကတော့ သင့်ကိုလည်း ဒုက္ခပေးတယ်၊ သူများကိုလည်း ဒုက္ခပေး တတ်ပါတယ်။ သင့်မှာရော ဘယ်လိုအကျင့်ဆိုးတွေရှိပါသလဲ? သင့်မှာအောက်ပါ အကျင့်ဆိုးတွေ ရှိနေရင်တော့ သင်ဖျောက်ဖျက်ဖို့ စကြိုးစားသင့်ပါပြီ။

(၁) သင့်အီးမေးလ်ကိုခဏခဏစစ်နေခြင်း

သင့်အီးမေလ်းကို ခဏခဏစစ်နေခြင်းက သင့်ရဲ့Productivityကိုထိခိုက်စေပါတယ်။ ခဏခဏ မစစ်ပါနဲ့။ ခဏခဏအီးမေးလ်စစ်နေတဲ့အတွက် အလုပ်လည်းမတွင်ပါဘူး။ သင့်ဆီကိုအီးမေးလ်တွေ တရစပ်ဝင်နေမှာမဟုတ်ပါဘူး။ အချိန်အတိုင်းအတာလေးတစ်ခုသတ်မှတ်ထားပါ။ အဲ့ဒိအချိန်ဇယား အတိုင်းလုပ်ပါ။

(၂) ကွန်ပျူတာမျက်နှာပြင်နဲ့နီးကပ်စွာထိုင်နေခြင်း
ကျွန်ပျူတာမျက်နှာပြင်ကို နီးကပ်စွာထိုင်ခြင်းက သင့်ရဲ့မျက်လုံးကို အမြန်ဆုံးပျက်ဆီးစေပါတယ်။ အခုခေတ်ကွန်ကပျူတာတွေမှာက Resolutionအရမ်းမြင့်လာတာကြောင့် Resoulutionကိုအမြင့်ဆုံး Limitမတင်သင့်ပါဘူး။ ခါးကိုမတ်မတ်ထိုင်ပါ။ ကွန်ပျူတာမျက်နှာပြင်နဲ့အနည်းဆုံး ၂ပေမှ ၃ပေလောက် အတွင်းခွာထားသင့်ပါတယ်။ ကွန်ပျူတာပေါ်က Font Sizeကို အရမ်းကြီးသေး မထားပါနဲ့။

(၃) ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်းအစားစားခြင်း သင်အလုပ်လုပ်ရင်း အစားအသောက်စားတာက ဘာမှမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ သင့်ရဲ့ Productivity ကိုတဖြည်းဖြည်း ထိခိုက်လာပါတယ်။ ကြာလာတော့ သိသိသာသာကို ထိခိုက်လာပါတယ်။ နောက်တစ်ခုက သင့်ရဲ့အလုပ်နေရာကိုလည်း ညစ်ပတ်စေပါတယ်။ သင်က အားလူးကြော်လေးပဲစားရင်တောင် အာလူးကြော်ဆီပေနေတဲ့ သင့်ရဲ့လက်ကို ကီးဘုတ်ပေါ်မတင်ခင် ပြန်ပြီးသန့်ရှင်းရပါသေးတယ်။ လက်ကိုသုတ်လိုက်၊စားလိုက်၊ ကီးဘုတ်ပေါ်တင်လိုက်နဲ့ သင့်အလုပ်ကတော်တော်နဲ့မပြီးတော့ပါဘူး။ လိုအပ်တာထက် အချိန်ပိုကြာ တတ်ပါတယ်။နေ့လည်စာစားချိန်မှာလည်း ကွန်ပျူတာရှေ့မှာအလုပ်လုပ်ရင်း မစားပါနဲ့။ နေ့လည်စာ စားဖို့အချိန်ကို သက်သက်ယူပါ။

(၄) Social Network တွေပေါ်မှာအချိန်ခြင်း
သင့်အလုပ်က Social Networkတွေနဲ့ပက်သက်တဲ့ အလုပ်ဆိုရင်တော့ လိုအပ်တဲ့အချိန်သာသုံးပါ။ အီးမေလ်းစစ်လိုက်၊ Facebook Status တွေCheckလိုက်နဲ့ အလုပ်တွေမပြီးရင်တော့ စိတ်ဖိစီးမှုတွေ များလာရင်တော့ သင်စိတ်ညစ်လာပါလိမ့်မယ်။ဒါကြောင့် Social Network တွေပေါ်မှာ အချိန်အများကြီး မဖြုန်းပါနဲ့။

(၅) အလုပ်စားပွဲရှုပ်ပွနေခြင်း
အလုပ်စားပွဲရှုပ်ပွနေခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှုရှိပါတယ်။ သင်ခေါင်းနောက်နေတဲ့ အချိန်မျိုးမှာ ပိုပြီးတော့တောင် ဒုက္ခပေးပါသေးတယ်။ သင့်ရဲ့အလုပ်စားပွဲကို ရှင်းရှင်းလင်းလင်း ထားမယ်ဆိုရင် အမြင်တင့်တယ်ရုံမကပါဘူး။ သင့်ရဲ့စိတ်ကိုပါကြည်လင်စေပါတယ်။ ဒါကြောင့် အလုပ်စားပွဲကိုအမြဲရှင်းပါ။

(၆) သီချင်းအကျယ်ကြီးနားထောင်ခြင်း
သီချင်းကိုနားကြပ်နဲ့ အကျယ်ကြီးနားထောင်ခြင်းက သင့်ရဲ့နားကို အများကြီးဒုက္ခပေးပါတယ်။ ရေတိုမှာ ကိစ္စမရှိဘူးထင်ရပေမယ့် ရေရှည်မှာတော့ သင့်နားရဲ့စွမ်းဆောင်ရည်ကျလာပါလိမ့်မယ်။ နောက်တစ်ချက်အနေနဲ့ သင့်ပတ်ဝန်းကျင်ကပြောသမျှကို နားထောင်လို့ရမှာမဟုတ်တော့ပါဘူး။ အထူးသဖြင့် အများနဲ့ဆက်ဆံပြီးအလုပ်လုပ်နေရတဲ့အချိန်မှာ နားကြပ်တပ်ပြီးသီချင်းနားမထောင်သင့် ပါဘူး။

(၇) Screen Resolution ကိုအကုန်မြှင့်ထားခြင်း
သင့်ကွန်ပျူတာရဲ့ Screen Resolutionကို အကုန်မြှင့်ထားခြင်းက သင့်မျက်လုံးကိုဆိုးရွားစွာထိခိုက်စေပါတယ်။ သင့်တော်တဲ့အနေအထားတစ်ခုလောက်အထိပဲ မြှင့်တင်ထားပါ။ ဖုန်း၊လက်ပ်တော့တွေမှာ မြှင့်ထားမယ်ဆို ထိုပစ္စည်းတွေရဲ့ ဘက်ထရီသက်တမ်းကိုလည်း တိုတောင်းစေပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး သင့်အီလက်ထရောနစ်ပစ္စည်းတွေရဲ့ Resolutionကို အကုန်မမြှင့်ထားပါနဲ့။

(၈) ညဘက်မအိပ်ခင် အီးမေးလ်စစ်ခြင်း
ညဘက်ကွန်ပျူတာ၊ဖုန်း၊တက်ဘလက် စတဲ့အီလက်ထရောနစ်ပစ္စည်းတွေကို ညမအိပ်ခင်မှာမကြည့် သင့်ပါဘူး။ သင့်ရဲ့ဦးနှောက်အနားယူဖို့ကြိုးစားတဲ့အချိန်မှာ ကွန်ပျူတာစကရင်ကအလင်းရောင်တွေက အနားယူခြင်းကို အနှောက်အယှက်ပေးပါတယ်။ အကျိုးဆက်အနေနဲ့ ညဘက်အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မအိပ်ခင် ၁နာရီအလိုလောက်မှာ ဘယ်အီလက်ထရောနစ်ပစ္စည်းကိုမှ မသုံးပါနဲ့။

မိုးရှင်း (I.M.T)
#moeshinn_imt
Ref:themuse.com 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...