စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ခြေထောက်ကွဲတတ်သူများအတွက်”



ဆောင်းရာသီတွင် အဖြစ်များတတ်တဲ့ ခြေထောက်ကွဲခြင်းကို ပျောက်ကင်းအောင် ပြုလုပ်နည်း မျိုးစုံရှိတဲ့ အထဲက အမြန်ဆုံးနဲ့ ငွေကြေးအကုန်အကျအနဲဆုံး မိမိကိုယ်တိုင် အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မဲ့ နည်းလမ်းလေးကို ဖေါ်ပြပေးလိုက်ပေးတယ်။

(၁) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၂ခွက်
(၂) ရေနွေး ၂ခွက် (မိမိခံနိုင်သည့် အပူချိန်အနေအထား)
(၃) ခြေထောက် တိုက်တဲ့ တံစဉ်း သို့မဟုတ် ကျောက်တုံး
(၄) လိမ်းရန် လိုးရှင်းတခုခု သို့မဟုတ် အုန်းဆီ
(၅) ခြေအိတ်တို့ လိုအပ်ပါတယ်။
ညဖက်မအိပ်ခင်မှာ ပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နှင့် ရေနွေးကို မိမိခံနိုင်သည့် အပူချိန်အတွင်း ရောစပ်၍ ဇလုံ အတွင်းတွင် ခြေဖနောင့်မြုပ်အောင်ထားလျှက် မိနစ်၃၀ စိမ်ပါ။

ပြီးလျှင် အဝတ်နှင့်ခြောက်အောင် လျှင်မြန်စွာသုတ်၍ ခြေထောက်တိုက်သည့် တံစဉ်း သို့မဟုတ် ကျောက်တုံးကို အသုံးပြုကာ ခြေဖနောင့်ကို တိုက်ခြင်းဖြင့် မကောင်းသော အရေပြားများကို ဖယ်ရှားပစ်ပါ။ ခြေထောက် တစ်ဖက်ကို ၁မိနစ်၊ ၂မိနစ်လောက်ပဲ ကြာမြင့်ပါတယ်။ အလွန်လွယ်ကူပါတယ်။

လိုရှင်းတခုခု သို့မဟုတ် အုန်းဆီကို သေသေချာချာ လိမ်းပြီး ခြေအိတ်ဝတ်ကာ တညအိပ်ထားလိုက်ပါ။ အဆိုဓါတ်ကို သေချာဝင်အောင်ဖြစ်ပါတယ်။

နောက်နေ့ မနက်မှာတော့ ကွဲအက်နေတဲ့ အရေပြားတွေ မရှိတော့ပဲ အံ့သြဖွယ်ကောင်လောက်အောင် နူးညံ့တဲ့ ခြေဖနောင့် ပိုင်ရှင်လေး ဖြစ်နေပါပြီ။

တကယ်လို့ အရင်မလိုပဲ အေးအေးဆေးဆေး ပဲလုပ်ချင်ရင်တော့ ညဖက်ရေချိုးရင်းနဲ့ ခြေထောက်တိုက်တဲ့ တံစဉ်းနဲ့တိုက်ပါ။ ပြီးရင် အုန်းဆီကို ကွဲနေတဲ့ ခြေဖနောင့် သို့မဟုတ် အခြားကွဲနေတဲ့နေရာတွေမှာ သေချာလိမ်းပါ။ လိမ်းပြီးရင် ခြေအိတ်ဝတ်အိပ်လိုက်ပါ။ နေ့စဉ် ထိုနည်း အတိုင်း မပျောက်မချင်း လုပ်ဆောင်ပါ။

ဒီနည်းကတော့ အားလုံးပျောက်ဖို့ ၂ပတ်၊ ၃ပတ်လောက် အချိန်ပေးရပါတယ်။
အဆင်ပြေပါစေ။

Credit to ဝင်းလှိုင်ဦး (ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ)


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339690

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...