စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အုန်းဆီ၏ ထူးထူးခြားခြား အသုံးဝင်ပုံများ


၁။ မိတ်ကပ်ဖျက်ဆေး
ဂွမ်းစ တစ်စကို အုန်းဆီ အနည်းငယ်ဆွတ်ပြီး မျက်ဝန်းတစ်ဝိုက်က မိတ်ကပ်တွေကို ဖျက်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရေစိုခံ မိတ်ကပ်လိုမျိုး ဖျက်ရခက်တဲ့ မိတ်ကပ်တွေတောင် အလွယ်တကူ ပျက်စေပါတယ်။

၂။ ကွန်ဒေးရှင်နာ
ရေနွေးတစ်ခွက်ထဲမှာ အုန်းဆီကို လက်ဖက်ရေဇွန်း နှစ်ဇွန်းရောစပ်ပြီး မွှေလိုက်ပါ။ ပြီးရင် ဦးခေါင်းကို ဖြည်းဖြည်းချင်း လိမ်းပေးပြီး ဘီးကျဲကျဲနဲ့ ဖြီးပေးပါ။ တစ်နာရီ ကြာအောင် ထားပေးပြီး ရေနွေးနဲ့ပဲ ပြန်လျှော်ချပါ။ လှပပြီး တောက်ပတဲ့ ဆံသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

၃။ မျက်နှာ ပေါင်းဆေး
အုန်းဆီ တော်သင့်ရုံကို ပျားရည်နဲ့ဆတူ ရောစပ်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် အနည်းငယ်ကြာတဲ့အခါ ကြက်သီးနွေး ရေနွေးနဲ့ ဆေးကြောလိုက်ပါ။ ချောမွေ့ပြီး ၀င်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမှာပါ။

၎။ အစိုဓာတ်ထိန်းခရင်မ်
အုန်းဆီမှာ သဘာဝအရ အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် အသားအရေကို လိမ်းပေးတဲ့အခါ နူးညံပြီး ခြောက်သွေ့ကွဲအပ်တာကို လျော့ပါးစေပါတယ်။ ဒူးနဲ့ လက်တံတောင်ဆစ်ကို လိမ်းပေးပါ။ ညိုမည်းတာတွေ ကင်းဝေးစေပါတယ်။ နေလောင်ဒဏ်ရာတွေ သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။

၅။ အမွေးရိတ် ခရင်မ်
ခြေသလုံးမွေးရိတ်တဲ့အခါ မရိတ်ခင် အုန်းဆီ အနည်းငယ် ပွတ်လိုက်ပြီး ဖြည်းဖြည်းချင်း ရိတ်ပေးပါ။ ချောမွေ့ပြီး ထိခိုက်ဒဏ်ရာရတာလည်း သက်သာစေပါတယ်။

၆။ အမာရွတ်ပျောက်ဆေး
ဗီတာမင် အီးနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အဆီတွေဟာ အမာရွတ်တွေကို ပျောက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အမာရွတ်ပေါ်မှာ ပွတ်လိမ်းပေးနိုင်ပါတယ်။
-----
အိဖြူ(ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/padamyarfm/photos/a.176371232421126.44566.16058617733

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...