စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိမ်းမြစ်ပေါ်မှာ တည်ဆောက်မယ့် ပန်းဥယျာဉ်တံတား



လန်ဒန်မြို့ သိမ်းမြစ်ပေါ်မှာ ပန်းဥယျာဉ်တံတား တည်ဆောက်ဖို့ မြို့တော်
ကောင်စီတွေက ခွင့်ပြုပေး လိုက်ပါပြီ။ စိမ်းစို လှပတဲ့ သစ်ပင်ပန်းမန် တွေကြား စင်္ကြန်လမ်း အကွေ့အကောက်တွေ ထည့်သွင်း တည်ဆောက်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ် ကတည်းက သိမ်းမြစ်ပေါ်မှာ ပန်းဥယျာဉ်တံတား တည်ဆောက်ဖို့ သရုပ်ဆောင် မင်းသမီး လမ်လေက စိတ်ကူး ရခဲ့တာဖြစ်ပြီး သူ့စိတ်ကူးကို အဆောက်အဦ ဒီဇိုင်းဆွဲသူ ဟီသာဝစ်က အကောင်အထည် ဖော်ပေးမှာ
ဖြစ်ပါတယ်။ ဟီသာဝစ်ဆိုတာ လန်ဒန်အိုလံပစ် ဖွင့်ပွဲအခမ်းအနားမှာ မီးရှူး ဒယ်ဒီဇိုင်း ရေးဆွဲခဲ့သူပါ။

ပန်းဥယျာဉ်တံတားကို ကြေးနီချပ်တွေနဲ့ မွမ်းမံမှာဖြစ်ပြီး ကုန်ကျစရိတ် ပေါင် ၁၇၅ သန်း ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီ ပမာဏအရ ပန်းဥယျာဉ်တံတားဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး တံတားတစ်စင်း ဖြစ်လာပါလိမ့်မယ်။ ပန်းဥယျာဉ် တံတားကို သိမ်းမြစ် တောင်ဘက်ကမ်းပါး (South bank)နဲ့ Temple station ကြား တည်ဆောက်ဖို့ စီစဉ်ထားပြီး ၂၀၁၅ခုနှစ်မှာ စီမံကိန်း စတင်မှာ ဖြစ်ပါတယ်။

Ref: telegraph
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...