စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကောင်းဆုံး ယတြာ




၁။ ဝင်ငွေမ ကောင်းတဲ့အခါမှာချွေတာသုံးစွဲတာဟာအ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့အတွက် အ ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာအ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ် ဖြေသာတဲ့နေရာကိုရှောင် ထွက်သွားခြင်းဟာအ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးမိအောင်ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်
ကြိုးစားတာဟာလူမှု့ရေးအတွက်အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်းအတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့် ကိုမွေးမြူခြင်းဟာအသိအလိမ္မာတိုးတက်စေဖို့အတွက်အကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည်ဆည်းကပ်ကိုးကွယ်တာဟာကံကောင်းခြင်းတွေ ရောက်လာစေဖို့အတွက်
အ ကောင်းဆုံးယတြာ

၉။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျခွဲခြားပြီးတာဝန်ကျေပွန်စွာလုပ်တာဟာ အသင်းအဖွဲ့အတွက်အ ကောင်းဆုံးယတြာ

၁၀။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို
လိုက်နာတာဟာ ပူပန်ကင်းအတွက်အ ကောင်းဆုံးယတြာ

၁၁။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ စိတ် ချမ်း
သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၂။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ အနာဂတ်ခရီးအတွက်အ ကောင်းဆုံးယတြာ

၁၃။အ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ
မပျက်စီးစေဖို့တွက်အ ကောင်းဆုံးယတြာ

၁၄။ စီးပွားဖြစ်တဲ့အခါမှာအောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်တာဟာ အ ကောင်းဆုံးယတြာ

၁၅။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
နောင် ရေးအတွက်အ ကောင်းဆုံးယတြာ

၁၆။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီးအမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်အ ကောင်းဆုံးယတြာ

၁၇။ ဘာကိုမှမစဉ်းစားပဲမလုပ်တာမ ပြောတာဟာကြီးမားတဲ့ နောင် တမရဖို့အတွက်အ ကောင်းဆုံးယတြာ

၁၈။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီးအရမ်းမဲ့မသုံးစွဲတာဟာ
နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ

၁၉။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ရင် မဆိုင် ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတကြည့်တာ စဉ်းစားတာလုပ်ကိုင် တာဟာ
ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်အ ကောင်းဆုံးယတြာ

၂၂။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့
အတွက်အ ကောင်းဆုံးယတြာ

၂၃။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ အစစအရာရာပြဿနာနည်းပါးစေဖို့အတွက်
အ ကောင်းဆုံးယတြာ

၂၄။ အ ကောင်းမြင် ဝါဒနဲ့နေထိုင် ခြင်းဟာဘဝခရီးအတွက်အ ကောင်းဆုံးယတြာ

ငြိမ်းလဲ့


https://www.facebook.com/riverview703415/photos/a.389907384419201.90648.389881957755077/71

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...