စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝင်ငွေနည်း စုံတွဲ ၁၉၆၀ တစ်ပြိုင်နက် မင်္ဂလာဆောင်


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့က အားကစားရုံထဲမှာ ၀င်ငွေနည်းတဲ့ စုံတွဲ ၂၀၀၀နီးပါး တစ်ပြိုင်နက် မင်္ဂလာဆောင်ခဲ့ကြပါတယ်။ စုံတွဲအများအပြား တစ်ပြိုင်နက် မင်္ဂလာဆောင် ပွဲလမ်းကျင်းပတာကို I Do Day လို့ အမည်ပေးထားပြီး မင်္ဂလာစရိတ် မတတ်နိုင်တဲ့ စုံတွဲတွေ ပေါင်းစည်းနိုင်ဖို့ ဒေသခံ အာဏာပိုင်တွေက မတည်ပြီး နှစ်စဉ်ကျင်းပပေးလေ့ရှိပါတယ်။

တစ်လတာ မိသားစုဝင်ငွေ အမေရိကန် ဒေါ်လာ ၁၀၀၀ မကျော်သူတွေပဲ ၀င်ရောက်ဆင်နွှဲနိုင်တဲ့ I Do Day ပွဲလမ်းကို နိုဝင်ဘာ ၃၀ရက်က မာရာကာနာဇင်ဟို အားကစားရုံမှာ ကျင်းပခဲ့ပြီး စုံတွဲ ၁၉၆၀ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ ဒါဟာ ရီယိုဒီဂျနေးရိုးမြို့မှာ စုံတွဲအများဆုံး တစ်ပြိုင်နက် မင်္ဂလာဆောင်ခြင်းပါပဲ။

မင်္ဂလာစုံတွဲတွေနဲ့ ပရိသတ်တွေအတွက် ဒေသခံ အာဏာပိုင်တွေက အထူးရထား ပြေးဆွဲပေးခဲ့ပြီး ပရိသတ် ၁၂၀၀၀ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ စုံတွဲတွေကို ရိုမန်ကက်သလစ် ဘုန်းကြီးတစ်ပါးနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးက ဆုတောင်းပေးခဲ့ပါတယ်။ I Do Day ပွဲလမ်းမှာ လိင်တူစုံတွဲတွေလည်း မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါသေးတယ်။
Ref:BBC
Nz(ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...