စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စားသုံးကုန်များ အန္တရာယ်ရှိအောင် ထုတ်လုပ်ရောင်းချပါက လုပ်ငန်းလိုင်စင် ရာသက်ပန်ပိတ်သည်အထိ အရေးယူမည်



 

စားသုံးကုန်များကို မသမာသောနည်းလမ်းဖြင့် ထုတ် လုပ်ဖြန့်ဖြူးရောင်းချကြောင်း စစ် ဆေးတွေ့ရှိပါက အမြင့်ဆုံးပြစ် ဒဏ်အဖြစ် လုပ်ငန်းလိုင်စင်ရာ သက်ပန်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင့်က ပြောကြားသည်။

ယင်းအဖွဲ့ကနေ သံသယရှိ သည့် စားသုံးကုန်များကို စစ်ဆေး ခြင်း၊ အရေးယူခြင်းများ ပြုလုပ် သွားမည်ဖြစ်ကာ ၎င်းတို့၏ လုပ် ပိုင်ခွင့်ထဲမှ ပြင်းထန်စွာ သတိပေး ခြင်း၊ ဈေးကွက်အတွင်းမှ ပစ္စည်း ပြန်သိမ်းစေခြင်း၊ လျော်ကြေး ပေးစေခြင်း၊ ရောင်းကုန်ပစ္စည်း ဖျက်ဆီးစေခြင်း၊ လုပ်ငန်းကာလ ကန့်သတ်ဖြင့် ရပ်ဆိုင်းစေခြင်း၊ ရာသက်ပန်ပိတ်သိမ်းစေခြင်းစ သည့်တို့လုပ်ဆောင်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါအဖွဲ့ကို အောက်တို ဘာ ၂၀ ရက်က စတင်ဖွဲ့စည်းခဲ့ ပြီး တိုင်းဒေသကြီးစီမံ/စီးပွား ၀န် ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည် ထဲရေး၊ စည်ပင်၊ FDA၊ ဥပဒေ ပညာရှင်၊ ကျွမ်းကျင်သူပညာရှင် စသည့်အဖွဲ့ပေါင်းစုံပါဝင်သည်။

၎င်းတို့အနေဖြင့် စားသုံးသူ များ၏ တိုင်ကြားချက်ကို မူတည် ၍ ဈေးကွက်အတွင်း စစ်ဆေး အရေးယူသွားမည်ဟုဆိုသည်။ သို့သော်စတင်ဖွဲ့စည်းသည့် အ ချိန်မှ နိုဝင်ဘာ ၅ ရက်အထိ တိုင် ကြားမှု တစ်မှုမျှမရှိသေးကြောင်း သိရသည်။

‘‘တိုင်တဲ့ သူတွေဘက်က လည်း ရိုးသားဖို့လိုတယ်။ ဈေး ကွက်ယှဉ်ပြိုင်လိုမှုနဲ့ လုပ်ကြံတိုင် ကြားခဲ့ရင်တော့ တိုင်တဲ့သူတာ ၀န်ယူရမှာပါ။ အမည်နေရပ်နဲ့ အချက်အလက်ပြည့်စုံတဲ့ တိုင် ကြားမှုကိုတော့ လက်ခံစစ်ဆေး ပေးပြီး ကျွန်တော်တို့ဘက်က လျှို့ဝှက်ပေးထားမှာပါ’’ဟု ဦး ၀င်းတင့်ကဆိုသည်။
 

မြန်မာနိုင်ငံတွင် စားသုံးကုန် များ၌ ဆိုးဆေးပါဝင်မှု၊ ဓာတု ဆေးဝါးများထည့်သွင်းအသုံးပြုမှု ကြောင့် ကင်ဆာအပါအ၀င် နာ တာရှည်ရောဂါဖြစ်ပွားမှုနှုန်းမြင့် တက်လာခဲ့ခြင်းကြောင့် နိုင်ငံ တော်မှ ထိရောက်စွာ ကြပ်မတ် ဆောင်ရွက်ပေးရန် စားသုံးသူ အခွင့်အရေးဆောင်ရွက်သူများ က တောင်းဆိုမှုများပြုလုပ်ခဲ့ကြ သည်။

‘‘အခုလိုထိထိရောက်ရောက်အရေးယူနိုင်တဲ့ အဖွဲ့တွေ ပေါ်လာတာ ကျေးဇူးတင်တယ်။ ကြိုဆိုတယ်။ တကယ်အလုပ်လုပ် ပြီး ဘက်မလိုက်တဲ့ အရေးယူမှု လုပ်စေချင်တယ်။ တရုတ်မုန့်တွေ ကို စစ်ဆေးမှုပိုလုပ်စေချင်တယ်’’ ဟု ၎င်းကအကြံပြုပြောသည်။
 

မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ် ခိုင်ကလည်း ယင်းအဖွဲ့၏ လုပ် ဆောင်နိုင်မှုအပေါ်စောင့်ကြည့် သွားရမည်ဖြစ်ပြီး ဥပဒေအတိုင်း အမှန်တကယ် ထိထိရောက် ရောက်ဆောင်ရွက်မှသာ စားသုံး သူများအတွက်ယုံကြည်ရသည့် အဖွဲ့ဖြစ်လာမည်ဟု မှတ်ချက်ပြု သည်

ငါးခြောက်များတွင် ဓာတုဆေးပြဿနာရှိနေခြင်းကြောင့် စစ်ဆေးခဲ့ဖူးသည်-


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...