စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လစာတိုးတောင်းသင့်ပြီလား?




လစာတိုးတောင်းတယ်ဆိုတဲ့ ကိစ္စကထင်သလောက်တော့လွယ်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ အချို့သောဝန်ထမ်းများက ထိုက်တန်သောလစာကို ရရှိမနေကြပါဘူး။ လစာတိုးတောင်းချင်ပေမယ့်လည်း အကောင်းထက်အဆိုးဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။ အချိန်ကောင်းအခါကောင်း မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများသွားတတ်ပါတယ်။ ဒီတော့ ဘယ်လိုအချိန်မျိုးမှာ လစာတိုးတောင်းသင့်သလည်းဆိုတာကို အကြံပြုလိုက်ပါတယ်။

ဘယ်အချိန်မှာလစာတိုးတောင်းမလဲ?

(၁)သင်ကထူးချွန်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်နေတဲ့အခါ

ကျွန်တော်တို့ ၀န်ထမ်းတွေဆိုတာ ကျွန်တော့်တို့အတွက်ကုန်ကျတာတွေထက် ပိုဖန်တီးနိုင်လို့ အလုပ်ရှိနေတာပါ။
အကယ်၍ ကျွန်တော်တို့ အတွက်ကုန်ကျစရိတ်တွေက ကျွန်တော်တို့ကြိုးစားအားထုတ်ဖန်တီးတာတွေထက်များနေရင်
ကျွန်တော်တို့မကြာခင်မှာအလုပ်ပြုတ်မှာပါ။သင့်ရဲ့စွမ်းဆောင်ရည်တွေကမြင့်မားနေတဲ့အခါမှာတော့သင်လစာတိုးတောင်းဖို့
ကိုစဉ်းစားလို့ရပါတယ်။ဒါပေမဲ့အဆင့်မီတဲ့နိုင်ငံတကာကုမ္ပဏီအများစုကတော့ သင်တောင်းဆိုစရာတောင်မလိုပါဘူး။
သင့်ရဲ့စွမ်းဆောင်ရည်ပေါ်ကြည့်ပြီး အချိန်အပိုင်းအခြားတစ်ခုနဲ့ လစာတိုးပေးလေ့ရှိပါတယ်။ဒါပေမဲ့ ပြည်တွင်းကုမ္ပဏီများ
မှာတော့ ထိုထုံးစံမျိုးသိပ်မရှိတာတွေ့ရပါတယ်။သင့်ရဲ့စွမ်းဆောင်မှုကောင်းမကောင်းဆိုတာတော့သင်လစာတိုးတောင်းရင်
ထည့်တွက်ရမည့်အချက်ဖြစ်ပါတယ်။

(၂)သင့်ကိုအခြားကုမ္ပဏီများကစိတ်ဝင်စားလာတဲ့အခါ

သင့်ရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုတွေကြောင့် သင့်ရဲ့ပတ်ဝန်းကျင်၊သင့်ရဲ့နယ်ပယ်မှာလူသိများလာပြီး အခြားကုမ္ပဏီများ
ကလည်း သင့်ကိုစိတ်ဝင်စားလာပြီဆိုပါက သင့်ရဲ့အလုပ်ရှင်သိအောင် လစာတိုးတောင်းခြင်းအားဖြင့်ပြောလို့ရပါတယ်။
သင့်ရဲ့အလုပ်ရှင်ကို သိအောင်ပြောဖို့ဆိုတာတော့ မမေ့ပါနဲ့။ သင်သာတကယ် သူ့အတွက်တန်ဖိုးရှိတဲ့သူတစ်ယောက်
ဆိုရင် သင့်ကိုလက်လွှတ်ခံမှာမဟုတ်ပါဘူး။

(၃)သင်ကအလုပ်ခွင်မှာ ထင်ထင်ရှားရှားကိုထူးချွန်နေတဲ့အခါ

သင်ရဲ့စွမ်းဆောင်မှုတွေက သင့်ကိုပေးထားရတဲ့ငွေကြေးထက်အဆမတန်များပြားနေတဲ့အခါ၊ သင့်ရဲ့တာဝန်ဝတ္တရားတွေကို
အချိန်မတိုင်ခင် ကြိုတင်ပြီးမြောက်နေတဲ့အခါ၊ လုပ်ငန်းတိုးတက်စေနိုင်သောအတွေးအခေါ်များ သင်မကြာခဏ
ဖန်တီးနိုင်တဲ့အခါ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေသောအခါ၊ သင့်ရဲ့အလုပ်ရှင်ဆီကတာဝန်တွေပေါ့သွားအောင်
သင်စွမ်းဆောင်ပြနိုင်သောအခါ၊ အရမ်းခက်ခဲသော ပြသနာများကိုေ ဖြရှင်းနိုင်သောအခါ၊ ဘာလုပ်လုပ်ထူးချွန်နေသော
အခါ သင့်အတွက်တော့ လစာတိုးတောင်းဖို့အကောင်းဆုံးအချိန်ပါပဲ။ ထိုအရည်အချင်းများနဲ့ ကိုက်ညီနေတဲ့အခါမှာတော့
သင့်အလုပ်ရှင်က သင့်ကိုလက်လွှတ်ခံနိုင်တော့မှာမဟုတ်ပါဘူး။

(၄)သင့်လုပ်ကိုင်နေသာကုမ္ပဏီအောင်မြင်နေသောအခါ

သင်လစာတိုးတောင်းဖို့စဉ်းစားတဲ့အခါ သင်လုပ်ကိုင်နေသောကုမ္ပဏီရဲ့အောင်မြင်မှုကိုလည်း ထည့်တွက်သင့်ပါတယ်။
ကုမ္ပဏီကတိုးတက်နေတဲ့ အချိန်မှာ လစာတိုးတောင်းတာအကြောင်းမဟုတ်ပေမယ့် ကုမ္ပဏီက စီးပွားရေးတွေကျဆင်း
နေတဲ့အချိန်မှာတော့ သင့်ကိုလစာတိုးပေးဖို့ဆိုတာ အရမ်းကိုဖြစ်နိုင်ချေနည်းပါတယ်။ ဒါပေမဲ့ တစ်ခုတော့အမြဲသတိရဖို့
လိုပါတယ်။ ရရှိသင့်တဲ့လစာထက်နည်းပြီးရနေတာမကောင်းသလို ရရှိသင့်တာထက်ပိုပေးတာခံရရင်လည်း
အလုပ်ဖြုတ်ခံရဖို့ အရမ်းနီးစပ်တတ်ပါတယ်။ လစာအများကြီးပေးထားတယ်ဆိုတဲ့အလုပ်တိုင်းမှာ တန်ရာတန်ကြေး
ပြန်ပေးဆပ်ရတတ်ပါတယ်။ အမှားအယွင်းခံလို့မရပါဘူး။
အားလုံးပဲလစာတိုးတောင်းတဲ့အခါ ပါးနပ်ကြပါစေ။
မိုးရှင်း (I.M.T)


https://www.work.com.mm/my/helpful-resources/ask-for-raise.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...