စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွားဝါခြင်းအကြောင်းသိကောင်းစရာများ




=============
(အောင်ဟိန်းခိုင်၊ စောင့်ကြည့် သတင်းဂျာနယ်)

လူတစ်ယောက်ရဲ့ အလှအပကို ဆုံးဖြတ်ပေးတဲ့ အလှအပတွေထဲမှာ သွားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွားချွတ်ရတဲ့အခါမျိုးမှာပင် အံသွားကဲ့သို့ လူမမြင်နိုင်သည့် သွားများမှလွဲပြီး ရှေ့ပိုင်းသွားများဆိုပါက မိမိ၏ရုပ်ရည်ရူပကာကိုလွန်စွာ ထိခိုက်စေနိုင်တာကို ပရိတ်သတ်များသတိပြုမိလိမ့်မယ်ထင်ပါတယ်။

ဒါ့အပြင်သွားချွတ်ထားရသည်မဟုတ်သော်လည်း သွား၏အရောင်မှာ အဖြူရောင်မဟုတ်ဘဲအဝါ
ရောင်ဘက်သို့ဖြစ်နေပါကလည်း တခြားလူများ၏အမြင်မှာတင့်တယ်မည်မဟုတ်ဘဲ လူပုံအလယ် စကားပြောသည့်အခါတိုင်း မိမိကိုယ်ကို ယုံကြည်မှု မရှိဘဲ အခက်ခဲများတွေ့ကြုံရသည်ကို ပရိတ်သတ်များက သတိပြုသင့်ပါတယ်။ ပုံ
မှန်သွားတိုက်ခြင်းဖြင့် သွားကိုပုံထိန်သိမ်းကြသော်လည်း ၎င်းထိန်းသိမ်းနည်းဟာ အမှန်စင်စစ် သွားများအဝါရောင်သို့ပြောင်းလဲခြင်းကို ထိရောက်စွာထိန်းသိမ်းနိုင်မှာမဟုတ်တာကြောင့် ဘာကြောင့်သွားများဝါရသည်နှင့် မည်သည့်အပြုအမူတွေက သွားအဝါရောင်သို့ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသလဲဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ သွားဝါရခြင်း၏အကြောင်းရင်းများ များစွာရှိသည့်အနက် မိမိတို့စားသုံးသော အစားအစာများက သွားဝါခြင်းကိုအထိရောက်ဆုံးဖြစ်စေတာကြောင့် ယခုဆောင်းပါးကနေဖော်ပြေပေးလိုက်ပါတယ်။

သွား ဘာကြောင့် ဝါရသလဲ ??

သွားအဝါရောင်ပြောင်းလဲရခြင်း၏ ပထမဦးဆုံးအချက်မှာ မိမိတို့စားသုံးသည့် အစားအစာအချို့မှ သွားကိုအရောင်စွန်းထင်းသောဓါတ်များကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ အစားသောက်အချို့တွင်ပါဝင်သော အက်ဆစ်ဓါတ်များကြောင့် သင့်သွား၏ အဖြူရောင်အလွှာဖြစ်သည့် White enamel coating ကိုပျက်စီးမှုဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ ဆိုဒါတွင် သွား၏အဖြူရောင်အလွှာကိုပျက်စီးမှုဖြစ်ပေါ်စေသည့် အက်ဆစ်ဓါတ်များအဓိကပါဝင်ပြီး ပုံမှန်
သောက်သုံးသည့် အလေ့ကျင့်ရှိသူသည့် သွား၏အပြင်ဘက်ဆုံးအလွှာကိုပျက်စီးမှုပိုမိုဖြစ်ပေါ်စေနိုင်သည်။

အဖြူရောင်ရှိသည့် သွား၏ White enamel coating အလွှာပျက်စီးဆုံးရှုံးသွားပါက ၎င်း၏အောက်ဖက်ရှိအလွှာဖြစ်သော အရောင်အားဖြင့်အဝါရောင်ရှိသည့် dentin အလွှာပေါ်လာပြီး သွားဝါခြင်းကိုဖြစ်ပေါ်စေခြင်းဖြစ်သည်။ ဒါကြောင့်အသက်ရွယ်ကြီးရင့်သူများက ငယ်ရွယ်သူများနှင့်နှိုင်းယှဉ်မည်ဆိုပါက သွားဝါခြင်းကိုပိုမိုဖြစ်ပွားခြင်းဖြစ်သည်။သွားဝါခြင်းကိုဖြစ်ပေါ်စေသော မိမိတို့နေ့စဉ်စားသောက်လျက်ရှိသည့် အစားသောက်များမှ ၅ မျိုး


ဘလက်ကော်ဖီ
ဘလက်ကော်ဖီများဟာ သွားကိုအရောင်ထင်းဆိုးစေနိုင်သည့် အစားအစာများထဲမှ စွမ်းအားကြီးသော အစားအစာတစ်ခုဟုဆိုနိုင်သည်။ သင့်ရဲ့ သွားမျက်နှာပြင်မှာ အပေါက်ငယ်လေးများ များပြားစွာဖြစ်ပေါ်နေသည့်အချက်ကအစား စားချိန်တိုင်း အစားစာများမှာပါဝင်သည့် ဓါတ်များကို သွားအတွင်းသို့ အလွယ်တကူ ဝင်ရောက်စေနိုင်သည်။ အရောင်းသွေးပါဝင်သည့်အစားအစာများ အထူးသဖြင့် ဘလက်ကော်ဖီ ကဲ့သို့အစားစားများကိုစားသောက်လိုက်ခြင်းကသွား၏အရောင်ကိုပါပြောင်းလဲသွားနိုင်တာကြောင့် ပရိတ်သတ်များက သတိပြုသင့်ပါတယ်။ သို့သော်လည်း သွားအရောင်ပြောင်းလဲမှာစိုးရိမ်လို့ ဘလက်ကော်ဖီသောက်ခြင်းကို ရပ်တန့်လိုက်ဖို့ မလိုအပ်ပါဘူး။ မိမိတို့သောက်သုံးသော
ဘလက်ကော်ဖီမှာ နွားနို့အနည်းငယ်ပေါင်းထည့်ခြင်းအားဖြင့် သွားအရောင်ပြောင်းလဲခြင်းကို လျော့ချနိုင်သလို နွားနို့တွင်ပါဝင်သည် ဗိုက်တာမင် ဒီ အစွမ်းသတ္တိကြောင့် အရိုးဆစ်ခိုင်မာခြင်းဆိုသည့်ကျန်းမာရေးရလဒ်ကိုပါ ခံစားနိုင်ကြပါ
တယ်။

လက်ဖက်ရည်
မြန်မာနိုင်ငံနိုင်ငံသားမှာ နှစ်ခြိုက်စွာသောက်သုံးကြတဲ့ လက်ဖက်ရည်သည်လည်း ဘလက်ကော်ဖီကဲ့သို့ပင် သွားကို အရောင်းထင်းဆိုးစေသည့်အစားသောက်များ စာရင်းဝင်တစ်ခုဖြစ်သည်။ သို့သော်လည်း ဆိုးရွားစွာအရောင်းစွန်းထင်းမှုများမဖြစ်စေတာကြောင့် သောက်သုံးသင့်ပါတယ်။ လက်ဖက်ရည်မှာပါဝင်သည့် tannins ဓါတ်က သွားကိုအရောင်ထင်းစိုးထင်းစေသည့်အချက်ကြောင့် ကျန်းမားရေးအတွက်ကောင်းကျိုးများစွာဖြစ်စေသည့် လက်ဖက်ရည်ကိုမစွန့်လွှတ်သင့်ပါဘူး။ လက်ဖက်ရည်အမျိုးစားအမျိုးအမျိုးရှိတာကြောင့် အရောင်ရင့်သော လက်ဖက်ရည်များထက် အရောင်သွေးဖျော့သော လက်ဖက်ရည်များကို သောက်သုံးခြင်းဖြင့်သွားအရောင်ပြောင်းလဲခြင်းကို ကာကွယ်နိုင်ကြပါတ
ယ်။

ဝိုင်အနီ
ဝိုင်အနီဟာ သင့်ရဲ့ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အယ်ဇိုင်းမား ရောဂါနှင့် အခြားရောဂါအချို့ကို ကာကွယ်ရာမှာ လွန်စွာအသုံးဝင်လှသော်လည်း သင့်ရဲ့ သွား အပေါ်သက်ရောက်မှုကတော့ ကောင်းကျိုးမဖြစ်ထွန်းစေပါဘူး။ ဝိုင်အနီတစ်ခွက်လောက်ကိုသောက်သုံးပြီး မှန်ရှေ့မှာ သွားစေ့ ကြည့်လိုက်ပါက ဝိုင်အနီရဲ့ သွားအပေါ်သက်ရောက်မှုကို ပရိတ်သတ်များသိရှိပါလိမ့်မယ်။ သို့သော် သွားဝါခြင်းကြောင့် အကောင်းစား ဝိုင်အနီပုလင်းကိုအမှိုက်ပုံးထဲမထည့်မီ သတင်းပေးလိုသည်က ပြုပြင်မှု ပြုလုပ်ထားသည့် ဝိုင်များက သွားအရောင်စွန်းထင်းခြင်းကို လျော့ကျစေနိုင်ကြောင်း သက်သေပြချက်အချို့က ပြောထားပြီး အချို့လေ့လာမှုများက သွားအရောင်စွန်းထင်းခြင်းကို ပြုပြင်ထားသည့်ဝိုင်များက ကောင်းစွာမကာကွယ်နိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားကြပါတယ်။ အကောင်းဆုံးနည်းလမ်းတစ်ခုအနေဖြင့် ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေသည်ဝိုင်အနီကို သောက်သုံးပြီးသည့်အခါတိုင်း ရေတစ်ခွက်ဖြင့်ပလုပ်ကျင်းခြင်းအားဖြင့် သွားအရောင်စွန်းထင်းခြင်းကို ကာကွယ်နိုင်ကြပါတယ်။

ကိုလာ
ယနေ့ခေတ် လူအများစု တွင်ကျယ်စွာ သောက်သုံးလျက်ရှိတဲ့ ကိုလာ အချိုရည်မှာ သွားကိုအရောင်ထင်းဆိုးရွားစေသည့် ဆိုဒါဓါတ်များ များပြားစွာ ပါဝင်ပါတယ်။ အလွန်အမင်း အေးနေသော (သို့မဟုတ်) ပူနေသော ဆိုဒါကို
သောက်သုံးခြင်းသည် သွား၏ထုထည်ကို ကျုံ့သွားစေနိုင်ပြီး သွားပေါက်များအတွင်းသို့ အရောင်များပိုမိုစွန်းထင်းစေနိုင်သည်။ ဒါ့အပြင် ကိုလာတွင်ပါဝင်သည့် ဖော့ဆဖောရစ်အက်ဆစ်ဓါတ်နှင့် ဆစ်ထရစ် အက်ဆစ်ဓါတ်များက သွား
၏အပေါ်ယံလွှာ enamel ကိုပျက်စီးစေပြီး စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။

ခရမ်းချဉ်သီးဆော့
လူအများစုနှစ်သက်သည့် ခရမ်းချဉ်သီးဆော့ဟာ သွားကိုအရောင်ထင်းဆိုးရွားစေနိုင်တာကို သတိပြုသင့်ပါတယ်။ အသားများ (သို့မဟုတ်) ဟင်းလျာ များနှင့် ခရမ်းချဉ်သီးကို တွဲဖက်စားသုံးကြသလို အီတလီခေါက်ဆွဲ (pasta)ကိုခရမ်းချဉ်သီးဆော့ ဖြင့် နှစ်ခြိုက်စွာ တွဲဖက်စားသုံးကြလျက်ရှိပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဆော့ကို စားသုံးမှုမပြုခင် ကာကွယ်မှုတစ်ခုခု ပြုလုပ်သင့်ပါတယ်။ကာကွယ်မှုပြုလုပ်ဖို့ရန်အတွက် ထွေထွေထူးထူး ပြုလုပ်ရမည်မဟုတ်ဘဲခရမ်းချဉ်သီးဆော့မစားခင် ပန်းဂေါ်ဖီစိမ်းနှင့် ဆရွက်လက်ရွက်ကဲ့သို့ အသီးရွက်များကိုစားသုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းအသီးရွက်များတွင် သွား၏မျက်နှာပြင်ကို ကာကွယ်ပေးနိုင်သည့် အလွှာတစ်မျိုးကိုထုတ်လုပ်ပေးနိုင်
သောကြောင့် အရာင်အစွန်းများ သွားပိုးပေါက်အတွင်းဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်းကြောင့်
ဖြစ်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...