စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေလွှင့်ခွေးကြောင်တွေကို ကိုမွေးဖို့ ပိုင်ဆိုင်သမျှ ရောင်းချခဲ့တဲ့ တရုတ်အမျိုးသမီးကြီး

ခွေးအကောင် ၁၅၀၀ နှင့် ကြောင်အကောင် ၂၀၀ ကိုမွေးဖို့ ပိုင်ဆိုင်သမျှ ရောင်းချခဲ့တဲ့ တရုတ်အမျိုးသမီးကြီး

ခွန်နေ - Khun Nay
Ha Wenjin လို့ခေါ်တဲ့ တရုတ်အမျိုးသမီးကြီးပါ ။နေ့စဉ် အလုပ်သွားရင်း လမ်းမှာမြင်သမျှလေလွှင့်ခွေးတွေနဲ့ ကြောင်တွေကို အစာကျွေးစုဆောင်း လာရာကနေ အခုတော့ ခွေးအကောင် ၁၅၀၀ နှင့် ကြောင်အကောင် ၂၀၀ ရာအထိတိုးလာခဲ့ပါတယ် ။
အကောင်ပေါင်းထောင်နဲ့ချီ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ သတ္တဝါတွေကို ကျွေးမွေးဖို့
အတွက် အကုန်ကျစရိတ်ကြီးမြင့်လာပါတယ် ။ ဒီလိုနဲ့ Wenjin ဟာသူမှပိုင်
ဆိုင်တဲ့ အိမ်ကြီးကိုရောင်းချပြီး ဈေးပေါပေါနဲ့ မြေကွယ်အကျယ်ရရှိနိုင်မယ့်
နေရာကို ပြောင်းရွှေ့ ခဲ့ရပါတယ် ။ အကောင်ရေ များလာတဲ့ ခွေးနဲ့ ကြောင်တွေ ကို အစာကျွေးထိန်းသိမ်း နိုင်ဖို့ အတွက် ဝန်ထမ်း ၁၂ ယောက်ကိုခန့်ထားပြီး ပိုင်ဆိုင်တဲ့ ကားနဲ့ ရတနာဆိုင်ကိုပါ ရောင်းချခဲ့ရပါတယ်။
ဒီလိုနဲ့ နာမည်ကြီးလာတဲ့ Wenjin ဟာယခုအခါမှာတော့ လှူဒါန်းသူတွေနဲ့
ခွေးချစ်သူများအဖွဲ့  ရဲ့ ထောက်ပံ့မှုတွေကြောင့် အစာလုံလုံလောက်လောက် ကျွေးမွေးစောင့်ရှောက်လာနိုင်ခဲ့ပါတယ် ။ အခြားသောပိုင်ရှင်မဲ့ လေလွှင့် ခွေးမျာစွာလည်း လိုက်လံစုဆောင်းနေသလို သူမ အတွက် ခွေးနဲ့ ကြောင်တွေဟာ အကောင်းဆုံး အဖော်မွန်တွေပါလို့ ဆိုပါတယ်။
ယခုအခါမှာတော့ အစိုးရကထောက်ပံ့ထားတဲ့ မြေနေရာကိုပါ ရရှိထားပြီး
လေလွှင့်ခွေးတွေလည်း နေ့စဉ် အကောင်တိုးလျက်ရှိနေတယ်လို့ သိရပါတယ် ။







ခွန်နေ - Khun Nay
http://www.khunnaymedia.com/2014/11/blog-post_3.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...