စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိုင်ထ အခါသုံးဆယ် လုပ်လျှင် တစ်ဒေါ်လာ တန် ရထားလက်မှတ်ရ

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/64366_785595864817001_1813224301198646431_n.jpg?oh=d509d3683369a12482b6f305102df417&oe=54DAFB5F&__gda__=1423556386_5dde989f31e1fcc8fb956f84fb4824a3


ရုရှား နိုင်ငံ မော်စကိုမြို့မှာ ဖြစ်ပါတယ်။ ဆောင်းရာသီ အိုလံပစ်မတိုင်မီမှာ တပ်ဆင်ခဲ့တဲ့ စက် ဖြစ်ပြီး အသုံးပြုသူများပြား ခဲ့ပါတယ်။ လူတိုင်း လူတိုင်း ၎င်းတို့ နေ့စဉ်လူနေမှု ဘဝမှာ ကျန်းမာရေးအတွက် အားကစား လိုက်စားစေရန် ရည်ရွယ်ချက်နဲ့ ထိုင်ထ လုပ်ရင် ရထားစီးခ လက်မှတ်တစ်စောင်ပေး မှာ ဖြစ်ပါတယ်။

ထိုင်ထ အခါ သုံးဆယ် ပြည့်တိုင်း ခရီးတစ်ခေါက်သွားစာ လက်မှတ်ပေးမယ့် ဘယ်သူမှတော့ တစ်ရာကျော်အောင်ပြီး လက်မှတ် ပြန်ရောင်းစားတာတော့ မရှိသေး ပါဘူး။ မော်စကိုမြို့မှာ မြေအောက် ရထား အချို့မှာ တပ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်ထကိုလည်း အပြည့်ထိုင်ချမှာ ရပါမယ်။ သူ့မှာ စည်းကမ်းချက် ရှိပြီး စက်ကနေ လှမ်းပြီးတော့ အာရုံခံနိုင်တဲ့ အကွက်ကနေ လုပ်ရမှာ ဖြစ်ပါတယ်။ ထိုင်ထ အတွက် စက်မှာ Instruction ပေးထားပြီး လုပ်နည်း မမှန်ရင် အခါ ၃၀ မကလည်း ကျော်သွား နိုင်ပါတယ်။

Thicket vending machine အား အသုံးပြုနေမှုကို http://youtu.be/ojo9M1cPSPI ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...