စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခံစားတတ်တဲ့ "လူ"


                 
 
 
နိုင်ငံခြား ရောက်နေတဲ့သူတွေကို အထင်မကြီးပါဘူး " တဲ့။
သူများနိုင်ငံမှာ "ကျွန်"သွားလုပ်နေကြတာပါ တဲ့။

ဟုတ်ပါတယ် အထင်ကြီးစရာမရှိပါဘူး ...။
မနက် အိပ်ယာနိုးလို့ မင်းတို့ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့အချိန် မင်းတို့ပြောတဲ့ ကျွန်တွေ အလုပ်ထဲမှာ ရုန်းကန်နေရတယ်။

ည မိုးချုပ်လို့ မင်းတို့ အိပ်စက်အနားယူချိန်တွေမှာ မင်းတို့ပြောတဲ့ ကျွန်တွေ ထမင်းတောင် မစားရသေးဘဲ အချိန်ပိုတွေ ဆင်းနေရတယ်။

နှစ်သစ်ကူးပွဲတို့၊ သင်္ကြန်ပွဲတို့မှာ မင်းတို့ ပျော်နေကြတဲ့အချိန် မင်းတို့ပြောတဲ့ ကျွန်တွေ အိမ်က ညီငယ်၊ ညီမငယ်လေးတွေ ပျော်ရဖို့ အလုပ်မနားဘဲ ပိုက်ဆံကို ပိုရှာနေရတယ်။

မိဘတွေဆီမှာမင်းတို့ မုန့်ဖိုးတောင်းနေတဲ့အချိန်မှာ မင်းတို့ပြောတဲ့ ကျွန်တွေ လကုန်ရင် အိမ်ကို ပိုက်ဆံပို့နိုင်ဖို့အတွတ် မားမားတွေ၊ ကြက်ဥတွေနဲ့ စားပြီး ချွေတာနေကြရတယ်။

ဟုတ်ပါတယ် ... အထင်ကြီးစရာ မရှိပါဘူး ...။

ဒါပေမယ့် မင်းတို့ပြောတဲ့ ကျွန်တွေ သူများနိုင်ငံမှာ ဘယ်လောက်ထိ ရုန်းကန်နေကြရလဲ ဆိုတာကို ကိုယ်ချင်းမစာရင်နေပါ။
နှစ်သိမ့်ပြီး အားပေးစကား ပြောမပေးနိုင်ရင်လဲနေပါ။

ကျေးဇူးပြုပြီးတော့ ငါတို့ရဲ့ မျှော်လင့်ချက် အလင်းရောင်မှိန်မှိန်လေးကို မင်းတို့ရဲ့ စကားမုန်တိုင်းတွေနဲ့ ငြိမ်းမပစ်ကြပါနဲ့ ...။

ကျေးဇူးပြုပြီး ငါတို့လဲ ခံစားတတ်တဲ့ "လူ" ဆိုတာကို မမေ့လိုက်ကြပါနဲ့။

ကျေးဇူးပြုပြီး ငါတို့လဲ ခံစားတတ်တဲ့ "လူ" ဆိုတာကို မမေ့လိုက်ကြပါနဲ့။

(ကောင်လေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...