စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူကိုအမြဲတမ်းမောပန်းနေစေသည့် အလေ့ကျင့်ဆိုးများ



လူတစ်ယောက်မှာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်သော်လည်းကောင်း၊ အနေအထိုင်မှားယွင်းမှုများကြောင့်သော်လည်း ပင်ပန်းနွမ်းနယ်မှုကိုမကြာခဏ ခံစားရလေ့ရှိပါတယ်။ ပင်ပန်းနွမ်းနယ်မှုအများစုဟာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်အများစုက ယူဆထားတတ်ကြပြီး မိမိတို့နှင့်ကိုက်ညီမယ်လို့ထင်တဲ့အားဆေးနှင့် ဖြည့်စွက်စာများကို စားသောက်ခြင်းက မိမိအနေဖြင့် အနေထိုင်မှားယွင်းမှုများကြောင့် ပင်ပန်းနွမ်းနယ်မှုများခံစားနေရသူဖြစ်ပါက ရည်ရှည်မှာကျန်းမာရေးအတွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုသင့်ပါတယ်။

ပင်ပန်းနွမ်းနယ်ပြုမကြာခဏခံစားရခြင်းဟာ လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကျဆုံးစေ ရုံသာမက၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွန်အားများကိုလည်း ကျဆင်းစေပြီး တိုးခေါ်မျှော်မြင်မှု၊ စဉ်စားဆုံးဖြတ်နိုင်များ ကျဆင်းပြီး စိတ်ဖိအားများကိုပါဖြစ်ပေါ်လာနိုင်တာကြောင့် အသေးမွှားကျန်းမာရေးပြသနာအဖြစ် မှတ်ယူထားလို့မဖြစ်ပါဘူး။ အချို့သော မိမိတို့ထင်မှတ်မထားသည့် အလေ့အကျင့်များက မိမိကိုအမြဲတမ်းပင်ပန်းနွမ်းနယ်မှုများဖြစ်ပေါ်စေနိုင်တာကြောင့် မည်သည့်အလေ့အကျင့်မျိုးတွေကိုရှောင်ရှားရမယ် ဆိုတာကို NewsWAtch ဂျာနယ်ပရိတ်သတ်များသိရှိထားမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုကင်းဝေးသူများဖြစ်နိုင်ကြမှာပါ။

ကျန်းမာသန်စွမ်းပြီး သွက်လက်ထက်မြက်သည့် လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ အနေထိုင်အစားသောက် ၂ နှစ်မျိုးလုံးကို ဆင်ခြင်ထိန်းသိမ်းရမှာဖြစ်တာကြောင့် မိမိအနေဖြင့် သတိမပြုမိနိုင်သော ပင်ပန်းနွမ်းနယ်မှုကို မကြာခဏခံစားရစေသည့် အလေ့ကျင့်ဆိုးများကို ယခုတစ်ပါတ် NewsWatch ဂျာနယ်ရဲ့ ကျန်းမာရေးနှင် အလှအပ ကဏ္ဍကနေဖော်ပြပေးလိုက်ရပါတယ်။

အိပ်ရေးပျက်ခြင်း

ယနေ့ခေတ်မှာ အသက်ရွယ်၊ ကျား မ မရွေး အိပ်ရေးပျက်ခြင်းဆိုသည့် အလေ့ကျင့်ဆိုးကို အမှတ်မထင်ခံစားနေကြရပါတယ်။ သေချာသည့်အချက်တစ်ခုကတော့ အိပ်ရေးပျက်ခြင်းရောဂါကိုခံစားနေရသူအများစုဟာ ၎င်းတို့အနေဖြင့် သတိပြုမိခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ယနေ့ခေတ် ရေစီးကြောင်းအရ လူအများစုဟာ အင်တာနက်၊ တီဗီ တို့ရဲ့ကျေးကျွန်အဖြစ် သတိမပြုမိအောင်ပင်ရောက်ရှိလျက်ရှိခြင်းကြောင့်ဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေနိုင်တာကြောင့် အိပ်ရေးပျက်ခြင်းဆိုသည့် အလေ့ကျင့်ဆိုးကိုရှောင်ရှားသင့်ပါတယ်။ သက်ဆိုင်ရာအဖွဲ့စည်းများရဲ့ စာတမ်းပြုစုထုတ်ပြန်ချက်များအရ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်ရက်မှာ အနည်းဆုံး ၇ နာရီခန့် အိပ်စက် သင့်တယ်လို့ထုတ်ပြန်ထားကြပါတယ်။

ပင်ပန်းနွမ်းနယ်မှာကြောင့်၍ လေ့ကျင့်ခန်းမလုပ်ခြင်း

လူအများစုဟာ ပင်ပန်းနွမ်းနယ်မှုများခံစားရမည်ကို စိုးရိမ်သောကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရှောင်ရှားခြင်းဆိုတဲ့ အလေ့ကျင့်ဆိုးကိုပြုလုပ်ကြပါတယ်။ အမှန်တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဆိုသည်မှာ လူကိုအားအင်တွေပြန်လည်ဖြစ်ထွန်းစေသည့် အလေ့ကျင့်ကောင်းဖြစ်ပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့လေ့လာမှုအရ တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် မိနစ် ၂၀ ခန့် လေ့ကျင့်ပြုလုပ်သည့် အရွယ်ရောက်ပြီးသူတစ်ဦးဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အကြာတွင် အခြားသော လေ့ကျင့်ခန်းပြုလုပ်ခြင်းမရှိသည့် အရွယ်ရောက်ပြီးသူတစ်ဦးနှင့်နှိုင်းယှဉ်ပါက ကျန်းမာသန်စွမ်းပြီး ပင်ပန်းမှုဒါဏ်ကို ပိုမိုခံနိုင်ရည်ရှိသည်ဆိုသည့်အချက်ကို သက်သေပြထားပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ လူတစ်ယောက်၏ နှလုံးကြွက်သားများကို ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေပြီး အောက်ဆီဂျင်နှင့် အဟာရဓါတ်များကို ခန္ဓာကိုယ်၏ တစ်သျှူးများထံသို့ ပိုမိုထိရောက်စွာ ပို့ဆောင်နိုင်တာကြောင့် လေ့ကျင့်ခန်းများကို အခါအားလျော်စွာပြုလုပ်ပေးသင့်ပါတယ်။

 

ရေလုံလောက်စွာ မသောက်ခြင်း

အချို့သော ရုံးဝန်ထမ်းများနှင့် အထူးသဖြင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုဟာ မိမိတို့သွားရောက်ရတဲ့ခရီးဟာ အလွန်ဝေးကွာလွန်းပြီး လိုင်းကားများတိုးစီးရခြင်းအစရှိတဲ့ အခက်အခဲများကြောင့် သောက်ရေဘူးကိုသယ်ဆောင်ကြရန် ဝန်လေးလျက်ရှိပြီး လူတစ်ယောက်အတွက်လိုအပ်သည့် သောက်ရေပမာဏကိုသောက်သုံးဖို့ရန် ပျက်ကွက်လျက်ရှိကြပါတယ်။ ရေဓါတ်ခန်းခြောက်မှု (Dehydrated) ဖြစ်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဟာ တိုက်ရိုက်နီးပါးဆက်သွယ်မှုရှိတာကြောင့် ရေကိုလုံလောက်စွာ မသောက်သည့် အကျင့်ဆိုးကိုဖယ်ဖျောက်ရမှာဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်း (Dehydrated) ဖြစ်ခြင်းဟာ လူတစ်ယောက်ရဲ့ သွေး၏ထုတည်ကို လျော့ကျစေတာကြောင့် နှလုံးမှ ခန္ဓာကိုယ်အတွင်းသွေးလှည့်ပတ်ဖို့ရန်အတွက်လုပ်ဆောင်မှုကိုလျော့စေတာကြောင့် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါတယ်။

သံဓါတ်လုံလောက်စွာ မစားခြင်း

လူတစ်ယောက်မှာ သံဓါတ်လျော့ကျလာပြီဆိုရင် လေးလံထိုင်းမှိုင်းခြင်း၊ ကတိကအောက်ဖြစ်ခြင်း၊ အားနည်းခြင်းနှင့် အာရုံစူးစိုက်မှုမပြုလုပ်နိုင်ခြင်း များဖြစ်စေနိုင်တာကြောင့် မိမိတို့စားသောက်နေတဲ့ အစားသောက်တွေထဲမှာ သံဓါတ်ပါဝင်မှုနည်းပါးခြင်းကို ဂရုမစိုက်သည့် အလေ့ကျင့်ဆိုးကို ရှောင်ရှားရမှာဖြစ်ပါတယ်။ တက္ကဆက် ကျန်းမာရေး ဌာနမှ ဒါရိုက်တာဖြစ်သူ ဂေါ့ဆန် ၏ပြောကြားချက်အရ သံဓါတ်နည်းပါးမှုဟာ ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေဆီသို့ အောက်ဆီဂျင်ရောက်ရှိမှုနည်းပါးခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး လူကို ပင်ပန်းစေပါတယ် ဟုသိရသည်။ သံဓါတ်ကြွယ်ဝဖို့ရန်အတွက အဆီနည်းသော အမဲသား၊ မြေပဲ၊ တို့ဟူး၊ ဥများနှင့် အစိမ်းရင့်ရောင်ရှိ အရွက်များကို ဗိုက်တာမင်စီဓါတ် ကြွယ်ဝသောအစားစာများနှင့် တွဲဖက်စားသောက်ဖို့ အကြံပြုလိုက်ပါတယ်။

မနက်စာ မစားခြင်း

မနက်စာ မစားခြင်းဆိုသည့် အကျင့်ဆိုးဟာလည်း ယနေ့ခေတ် လူအများစုမှာဖြစ်ပေါ်လျက်ရှိတဲ့ လူကိုပင်ပန်းနွမ်းနယ်မှုဒါကို လျော့ကျစေတဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ညဘက်မှာစားသောက်ခဲ့တဲ့အစားသောက်များဟာ လူတစ်ယောက်အိပ်စက်နေချိန် ခန္ဓာကိုယ်အတွင်းသွေားသားလှည့်ပတ်ဖို့နှင့် အောက်ဆီတွေဖြန့်ဝေဖို့အတွက် အသုံးပြုပါတယ်။ ဒါကြောင့် မနက်ဘက်အိပ်ယာမှ နိုးထချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အဟာရဓါတ်များကိုပေးအပ်နိုင်ဖို့ရန်အတွက် မနက်စာနှင့်ဖြည့်တင်းပေးရပါတယ်။ သင့်အနေဖြင့် မနက်စာကို စားသောက်ရန်အတွက်ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ တစ်နေ့လုံး လေးလံထုံထိုင်းခြင်း ကိုခံစားရစေနိုင်ပါတယ်။ မနက်စာအဖြစ် စားသောက်သောအစားစာများတွင်လည်း အမျှင်ဓါတ်၊ အသားဓါတ်နှင့် ကျန်းမာရေးအတွက်ကောင်းမွန်သော အဆီများကို စားသောက်သင့်ပါတယ်။

အထက်ဖော်ပြပါ အလေ့ကျင့်ဆိုးများကို ရှောင်ရှားခြင်းအားဖြင့် NewsWatch ဂျာနယ်ပရိတ်သတ်များ ကျန်းမာသန်စွမ်းပြီး သွက်လက်ထက်မြက်သူများအဖြစ် ရပ်တည်နိုင်ကြပါစေလို့ ဆုမွန်ကောင်းများတောင်းပေးလျက် ....
 

အောင်ဟိန်းခိုင်

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...