စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်ယာထချိန်မှာ လှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ချင်သူတွေ စမ်းလုပ်ကြည့်သင့်တဲ့အရာများ



အလုပ်၊ ရုံးက ပြန်လာတဲ့အချိန် ရေချိုး၊ ခေါင်းလျှော်လုပ်တတ်တဲ့ ပျိုမေတွေအတွက် ဆံနွယ်တွေ စတိုင်လ်ကျစေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကြိုးစားအားထုတ်စရာမလိုပဲ ညဘက်မအိပ်ခင် ဆံပင်ကို ပုံစံနည်းနည်းပြင်ဆင်အိပ်လိုက်ရုံနဲ့ မနက်အိပ်ယာထတဲ့အခါ လှပအထာကျတဲ့ ဆံနွယ်တွေ ရရှိစေမှာမို့ စမ်းကြည့်သင့်တာပေါ့နော်။

၁။ရိုးရိုးဆံနွယ်အလိမ်လေးတွေ လိုချင်သူတွေအတွက်

ပထမဆုံး အနေနဲ့ ခေါင်းလျှော်ပြီးတဲ့အခါ အခြောက်ခံပြီးတာနဲ့ ဆံနွယ်လေးတွေကို လိုချင်သလို အနည်းအများ ခွဲလိုက်ပြီး လိမ်လိုက်ပါ။ အလိမ်တစ်ခုစီအတွက် ဆံပင်ပမာဏအရမ်းများများ ယူစရာမလိုပါဘူး။ တစ်ခါလိမ်လိမ်ပေးပြီးတိုင်း ဆံပင်သား မနာစေတဲ့ ကလစ်အသေးလေးတွေနဲ့ ဦးခေါင်းထိပ်နားမှာ လာထိုးထားပေးလိုက်ပါ။ ဆံနွယ်လေးငါးခုကို လိမ်ပြီးမှ ကလစ်လေးနဲ့ ပေါင်းထိုးထားမယ်ဆို၇င်လည်း အဆင်ပြေတာပါပဲ။ မနက်ရောက်လို့ ကလစ်လေး ဖြုတ်လိုက်ရင် သင့်ဆံနွယ်လေးကတွေက အလိမ်လေးတွေ ဖြစ်နေပြီပေါ့။ ဒါကို တစ်နေ့တာ ခံမယ့် စပရေးလေး ဖျန်းထားလိုက်ပြီး ကိုယ်သွားမယ့်နေရာကို ယုံကြည်မှုရှိရှိ အထာကျကျ သွားလိုက်ရုံပါပဲ။

၂။Volume လှိုင်းတွန့်ခပ်ကြီးကြီး လိုချင်သူတွေအတွက်

ဆံနွယ်ကို သေးသေးလေးတွေ လိမ်ထားတာမျိုး ခပ်စိပ်စိပ်မဟုတ်ပဲ volume ခပ်ကြီးကြီး လှိုင်းတွန့်လိုချင်တယ်ဆိုရင်တော့ ဆံပင်အားလုံးကို စုပြီး ဆံထုံးထုံးထားလိုက်ရုံပါပဲ။ ဆံထုံးခံလို့ မအိပ်တတ်သူတွေအတွက် ဆံထုံးကို ထိပ်နားအထိ ယူပြီး ထုံးလိုက်ပါ။ မနက်ဖြည်ချလိုက်ရင် သင့်ဆံသားတွေ လှိုင်းတွန့်အနွယ် ခပ်ကြီးကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

၃။သဘာဝဆန်တဲ့ အမျှင်လေးတွေထွက်နေတဲ့ ကျစ်ဆံမြီးမျိုး လိုချင်သူတွေအတွက်

ကျစ်ဆံမြီးကို ရိုးရိုးကျစ်ဆံမြီးဖြစ်ဖြစ်၊ ငါးအမြီးပုံစံကျစ်ထားတဲ့ ကျစ်ဆံမြီးဖြစ်ဖြစ် သပ်ရပ်လွန်းနေတာမျိုးဆို ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ ခုနောက်ပိုင်း ခေတ်စားနေတဲ့ ကျစ်ဆံမြီးဒီဇိုင်းတွေက ကပိုကရိုနဲ့ အမွှားလေးတွေထွက်ပြီး ပြေလျော့လျော့လေးဆိုတော့ ကျစ်ဆံမြီးကျစ်ပြီးမှ ဟိုဆွဲဒီဆွဲလုပ်ဖို့လည်း အဆင်မပြေပါဘူး။ ဒီတော့ ကျစ်ဆံမြီးကျစ်ပြီး အိပ်လိုက်ပါ။ ဒါဆိုရင် မနက်ေ၇ာက်တဲ့အခါ သင့်ကျစ်ဆံမြီးဟာ သင်လိုချင်သလို ကပိုကရိုနဲ့ အထာကျနေတာ တွေ့ရပါလိမ့်မယ်။
http://www.searchmyanmar.com/click/Health#content-43392


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...