စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလှူဒါနပွဲ ဆင်နွှဲကြတူပြိုင် ကထိန်ပွဲခင်းပါတဲ့လတန်ဆောင်တိုင်


 
မြန်မာလူမျိုးတို့ရဲ့ မွန်မြတ်ဒါနအလှူပြုကြလေ့ရှိတဲ့ တန်ဆောင်တိုင် ကထိန် ပွဲခင်းရာသီချိန်ခါရောက်ပြီဆိုတာနဲ့ နှစ်တိုင်းလိုလိုပင် ပေါ်ပြူလာဂျာနယ် အဖွဲ့သားများက လည်း လှူဖွယ်ပစ္စည်းစုံလင်စွာ ပဒေသာပင်သီးလို့ လှူဒါန်း ကြလေ့ရှိပါတယ်။အရင်နှစ်က မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ဇမ္ဗူအေးကျောင်း တိုက်မှာ ကထိန်ပွဲကျင်းပခဲ့ သလိုအခုနှစ်မှာလည်း အနာဂတ်ဥယျာဉ်မှူးများအဖွဲ့ နဲ့ ယုံကြည်မှုအလင်းလူမှု ပရဟိတမိသားစုအဖွဲ့တို့က နိုဝင်ဘာ ၆ ရက်နေ့ (တန် ဆောင်မုန်း လပြည့်နေ့)မှာ နှစ် စဉ်လှူဒါန်းနေကြဖြစ်တဲ့ ကထိန်ပွဲကိုမြောက်ဥက္ကလာပရှိ ဇဗ္မူအေးကျောင်းတိုက် မှာလှူဖွယ်ပစ္စည်းစုံလင်စွာနဲ့ ကထိန်ခင်းမှာဖြစ် လို့ ကထိန်ပဒေသာပင် သီးတဲ့ ပြင်ဆင်နေ မှုတွေပြုလုပ်နေချိန်မှာ သရုပ်ဆောင်အေးမြတ်သူနဲ့ ခင်ဝင့်ဝါတို့က တန်ဆောင်တိုင်ကထိန်ပွဲခင်း သရုပ်ဖော်ပုံကို အလှဓာတ်ပုံများ ရိုက်ကူးပေးခဲ့ကြသလို တန်ဆောင် တိုင် ကထိန်အလှူပွဲဆင်နွှဲမှုအပေါ် ဒါနကုသိုလ်ပွား ကြည်နူးပီတိစကားသံ များကိုပြောကြားခဲ့ပါတယ်။

 
မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့
ဓလေ့တစ်ခုပါဆိုတဲ့ ခင်ဝင့်ဝါရဲ့ ကြည်နူးပီတစကားသံ

” ကထိန်ဆိုတာကလည်း မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ် ခုပါ။ ကုသိုလ်ယူတဲ့ ပွဲလေးပါ။ ကျောင်းတုန်းကဆိုလည်း ကထိန်အတွက် ပဒေ သာပင်သီးပြီ ဆိုတာနဲ့ ကိုယ့်မုန့်ဖိုးထဲကနေ ယပ်ပဲဖြစ်ဖြစ်၊ ဖိနပ်ပဲဖြစ်ဖြစ်၊ ထီးပဲ ဖြစ်ဖြစ် ပစ္စည်းလေးတွေလှူတယ်။ ကိုယ်တိုင်လည်း ပဒေသာပင်ဝင် သီးပေးတယ်။ အမြဲတမ်းလည်း လှူဖြစ်တယ်။ မြန်မာလူမျိုးတွေမှာ ဒီလိုကထိန်ခင်းတဲ့ လရာသီရှိတဲ့အတွက် မြန်မာလူမျိုးတွေရဲ့ မွန်မြတ်တဲ့စိတ်ထားကို ဖော်ကျူးပြတဲ့ ဓလေ့ဖြစ်တယ်လို့ ပြော ချင်ပါ တယ်။ အဲဒီလို ဓလေ့လေးတွေရှိတာလည်း တအား ကောင်းပါတယ်။
 
 အဲဒီအတွက် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်။ညီမတို့ဆီမှာ ဆယ့်နှစ်လရာသီပွဲတော်ရှိတယ်။ညီမတို့က ကုသိုလ် အလှူပြုရင်း ပျော်ရတယ်။ ဘယ်ရာသီမှာ ဘယ်အလှူပဲဖြစ်ဖြစ်၊ ညီမတတ်နိုင် တဲ့အား ညီမကလူကိုယ်တိုင်ကိုယ့် လုပ်အားလေး နဲ့လှူချင်တယ်။ ငွေကြေးနဲ့တိုင်းတာ လို့မရတဲ့ ညီမရဲ့ ခွန်အားနဲ့ အမြဲ တမ်းဘယ်အလှူမဆို ပါဝင် ဖြစ်တယ်။ ရုပ်ရှင်အစည်း အရုံးကဘုံကထိန် အတွက် လည်း ညီမလှူဖြစ်ပါတယ်။ ကိုယ့်လုပ် အားနဲ့ရတဲ့ ငွေကြေးနဲ့ပဲ ဖြစ်ဖြစ်၊ကိုယ့် လူအားနဲ့ပဲဖြစ် ဖြစ် ပါဝင်ပြီး လှူဒါန်းခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”

ကထိန်ဆိုတာ လူတန်းစားမျိုးစုံ
အကုန်ပျော် ကြတယ်ဆိုတဲ့ အေးမြတ်သူ ရဲ့ ကြည်နူးပီတစကားသံ

” ကထိန်ဆိုတာ ချစ်စရာ ကောင်းတဲ့ဓလေ့ တစ်ခုပါ။ မြန်မာတွေက လှူရမယ့် အလှူကို ၁၂လမှာ ၁၂မျိုး ရှိတယ်။ဘယ်လောက် အလှူ အတန်းရက်ရော သလဲပေါ့။ ကထိန် ဆိုတာ လူတန်းစားမျိုးစုံ အကုန်ပျော်ကြတယ်။ အလှူငွေကောက် ခံပြီးကထိန်လှူရတာပြောရရင် မွန်မြတ်လှပါ တယ်။ 
 
သီတင်းကျွတ်မှာ လူတွေက ပျော်စရာရွှင် စရာတွေ လုပ်ကြပေမယ့် ကထိန်မှာကျတော့ အလှူ အတန်းဘက်လှူရမယ်ဆိုပြီး ရပ်ကွက်ထဲမှာ အလှူ ခံကြတယ်။ ရှိတဲ့သူကကျတော့ ရှိသလို တစ်နိုင် တစ်ပိုင် ကထိန် ခင်းကြ တယ်။ ချစ်စရာကောင်းတဲ့ အလှူအတန်းတစ်ခုပါပဲ။ကိုယ်ကတော့ ပြော စမှတ်ဖြစ်အောင် အလှူအတန်းတွေ အများကြီး မလုပ်ဖူးပါဘူး။သီတင်းကျွတ်မှာ နိဗ္ဗာန်ဈေး လုပ် တာမျိုးရှိသလို၊ သင်္ကြန်မှာလည်း စတုဒိသာကျွေး တာရှိတယ်။ ကထိန်မှာကျတော့ ကိုယ့်ရပ်ကွက် က ကထိန်ခင်းရင်ထီးတို့၊ ယပ်တောင်တို့ လှူ လိုက်တာတွေရှိပါတယ်။ ဒီကထိန်အလှူမှာ အေးမြတ်သူလည်း နည်းနည်းပါတယ်။ ပေါ်ပြူလာမှာ ဆောင်းပါးရေးလို့ရတဲ့စာမူခကို ထည့်လှူဖြစ်တာ ဒီနှစ်ကထိန်ကတော့ မှတ်မှတ်ရရပါပဲ”

7 day daily
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...