စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြဝတီ တိုက်ရိုက် အစီအစဉ် (Live) ထုတ်လွှင့်မှုကို ကြည့်ရှုနည်း


မြဝတီ တိုက်ရိုက် အစီအစဉ် (Live) ထုတ်လွှင့်မှုကို ကြည့်ရှုနည်း

မြဝတီ live အား Web Browser Interface ပေါ်တွင် မကြည့်လိုသော မိဘပြည်သူများ အနေဖြင့် မိမိစက်တွင် Install ပြုလုပ်ထားသော VLC Player ဖြင့် တိုက်ရိုက်ကြည့်ရှု နိုင်ပါသည်။
အဆင့် (၁)
မိမိစက်အတွင်းရှိ VLC Player Icon အား VLC Player အား ဖွင့်လိုက်ပါ။
ပုံ(၁)

VLC Player Windows ပွင့်လာပါမည်။
ပုံ(၂)

အဆင့်(၂)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။
ပုံ(၃)

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် မိမိ Internet အသုံးပြုလျှက်ရှိသော Proxy နှင့် Port နံပါတ်ကို ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
ပုံ(၄)

ထိုသို့ ထည့်သွင်းပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၃)
Menu Bar ရှိ Media Menu မှ Open Network Stream ကို ကလစ်ပြုလုပ်ပါ။
ပုံ(၅)

Open Media Windows ပေါ်လာသောအခါ အပေါ်မှ အနီဖြင့်ပြထားသော Network Tab ကို ကလစ်ပြု လုပ်ပါ။ ထို့နောက် Please enter a network URL: နေရာတွင် http://www.myawaddy.net.mm/mwdlive ကို ရိုက်သွင်းကာ Play Button ကို ကလစ်ပြုလုပ်ပါ။
ပုံ(၆)

အောက်ပါအတိုင်း မြဝတီ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် (Live) ကို VLC Player မှ ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။
ပုံ(၇)


 http://www.myawady.net.mm/tech/item/17033-2013-06-19-10-38-28

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...