စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘ၀တိုင်းဆုံတွေ့ချင်ပါလား ???



မြတ်စွာဘုရားက .....

နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံနှစ်ယောက် တို့အားအကယ်၍ ယခုဘ၀၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာမှာ လည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် .....

နှစ်ယောက်လုံး သည်-

(၁) တူမျှသော သဒ္ဓါ ရှိကြရမည် .....

(၂) တူမျှသော အကျင့်သီလ ရှိကြရမည် .....

(၃) တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည် .....

(၄) တူမျှသော အသိဉာဏ်ပညာ ရှိကြရမည် .....

ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘ၀လည်း အချင်း ချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာမှာလည်း အချင်းချင်း တွေ့ဆုံကြရကုန်၏။

ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နှုတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏။

အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ။

တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘ၀တွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ၀မ်းမြောက်ကြရကုန်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု-ပဏ္ဏာသက၊ ပုညာဘိသန္ဓ၀ဂ်၊ ၅-ပဌမ သမဇီဝိသုတ် )

credit to - မင်္ဂလာသတင်းစဉ်

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~


https://www.facebook.com/photo.php?fbid=432350936862743&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...